သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဓာတုလက္နက္ပုိင္ဆုိင္ေၾကာင္း ယူကရိန္းအေပၚ ႐ုရွားစြပ္စဲြခ်က္ ကုလနဲ႔ အေနာက္ႏုိင္ငံေတြပယ္ခ် 


FILE - Izumi Nakamitsu, U.N. representative for disarmament affairs, addresses the U.N. Security Council on Feb. 26, 2020, at U.N. headquarters. On March 11, 2022, Nakamitsu told the council that the U.N. was "not aware of any biological weapons programs” ( ယခင္မွတ္တမ္းဓါတ္ပုံ)

ရုရွားဟာ ကုလသမဂၢလံုၿခံဳေရးေကာင္စီကို အသံုးခ်ၿပီး ယူကရိန္းဓါတ္ခြဲခန္းေတြမွာ ဇီဝလက္နက္ေတြ ထုတ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေေတြ သတင္းမွားေတြကို ျဖန္႔ဖို႔ ႀကိဳးစားေနတယ္လို႔ အေနာက္ႏိုင္ငံေတြက ေသာၾကာေန႔မွာ ေဝဖန္လိုက္ၾကပါတယ္။

ဓာတုလက္နက္ပုိင္ဆုိင္ေၾကာင္း ယူကရိန္းအေပၚ ႐ုရွားစြပ္စဲြခ်က္ ကုလနဲ႔ အေနာက္ႏုိင္ငံေတြပယ္ခ်

{{Zawgyi/Unicode}}
ရုရွားဟာ ကုလသမဂၢလံုၿခံဳေရးေကာင္စီကို အသံုးခ်ၿပီး ယူကရိန္းဓါတ္ခြဲခန္းေတြမွာ ဇီဝလက္နက္ေတြ ထုတ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေေတြ သတင္းမွားေတြကို ျဖန္႔ဖို႔ ႀကိဳးစားေနတယ္လို႔ အေနာက္ႏိုင္ငံေတြက ေသာၾကာေန႔မွာ ေဝဖန္လိုက္ၾကပါတယ္။ ရုရွားရဲ့ စြပ္စြဲခ်က္ေတြဟာ မဟုတ္မွန္ေၾကာင္း ကုလသမဂၢ လက္နက္ဖ်က္သိမ္းေရးဆိုင္ရာ အႀကီးအကဲ Izumi Nakamitsu ကလည္း ကုလသမဂၢ လံုၿခဳံေရးေကာင္စီ အဖြဲ႔ဝင္ေတြကို ေျပာၾကားခဲ့ပါတယ္။

“ဇီဝလက္နက္အစီအစဥ္ တစံုတရာရွိတယ္လို႔ ကုလသမဂၢအေနနဲ႔ မသိိေၾကာင္း” ေသာၾကာေန႔က ကုလသမဂၢ လုံၿခံဳေရးေကာင္စီ ေဆြးေႏြးပဲြမွာ ကုလသမဂၢ လက္နက္ဖ်က္သိမ္းေရးဆိုင္ရာ အႀကီးအကဲက ေျပာဆုိလုိက္တာပါ။

၁၉၇၅ ခုႏွစ္မွာ ကုလသမဂၢ ဇီဝလက္နက္ဆိုင္ရာ သေဘာတူညီခ်က္ (Biological Weapons Convention) ကုိ အတည္ျပဳခ်ိန္ကတည္းက ဇီဝလက္နက္ေတြဟာ တရားဝင္မႈ မရွိေၾကာင္းနဲ႔ ဒီသေဘာတူညီခ်က္ကို ယူကရိန္းကေရာ ရုရွားကပါ လက္မွတ္ေရးထိုးထားတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ တကယ္လို႔ စုိးရိမ္စရာအေၾကာင္းေတြ ရွိတယ္ဆုိရင္လည္း ၂ ဖက္စလုံးက သေဘာတူညီခ်က္နဲ႔အညီ ေျဖရွင္းၾကဖုိ႔လည္း တိုက္တြန္းလိုက္ပါတယ္။

ေသာၾကာေန႔ လံုၿခံဳေရးေကာင္စီအစည္းေဝးမွာ ရုရွားကိုယ္စားလွယ္ သံအမတ္ႀကီး Vassily Nebenzia က ယူကရိန္းႏိုင္ငံတလႊားက ဓါတ္ခြဲခန္း ၃ဝ ထက္မနည္းမွာ ဇီဝလက္နက္ေတြထုတ္ေနၿပ ီး ဒါကို အေမရိကန္စစ္တပ္က ရံပံုေငြခ်ထားေပးေၾက ာင္း အေထာက္ထား မရွိပဲ ေျပာၾကားခဲ့တာပါ။

ကုလဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကေတာ့ ယူကရိန္းမွာ ဇီဝလက္နက္ထုတ္တဲ့ အစီစဥ္မရွိသလုိ၊ အေမရိကန္က ကူညီေနတဲ့ ဇီ၀လက္နက္ ဓာတ္ခဲြခန္းေတြလည္း လုံးဝမရွိေၾကာင္း အျပင္းအထန္ ျငင္းဆန္ခဲ့တာပါ။

ယူကရိန္းမွာ ကုိဗစ္ေရာဂါပုိး စမ္းသပ္စစ္ေဆးတာလုိ အမ်ားျပည္သူ က်န္းမာေရးအတြက္ ေဆာင္ရြက္ေနတဲ့ ဓာတ္ခဲြခန္းေတြပဲ ရွိတယ္လုိ႔လည္း ေျပာဆုိခဲ့ပါတယ္။

လုံၿခံဳေရးေကာင္စီမွာ အစည္းအေဝးေခၚတာဟာလည္း မမွန္မကန္ အေၾကာင္းျပခ်က္ေတြ ဖန္တီးဖုိ႔သာျဖစ္ၿပီး၊ ယူကရိန္းအေပၚ ႐ုရွားက ဇီဝလက္နက္ေတြနဲ႔ တုိက္ခုိက္မွာကုိ အထူးစုိးရိမ္ေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

ဓာတုလက်နက်ပိုင်ဆိုင်ကြောင်း ယူကရိန်းအပေါ် ရုရှားစွပ်စွဲချက် ကုလနဲ့ အနောက်နိုင်ငံတွေပယ်ချ

{{Zawgyi/Unicode}}
ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အသုံးချပြီး ယူကရိန်းဓါတ်ခွဲခန်းတွေမှာ ဇီဝလက်နက်တွေ ထုတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ေတွေ သတင်းမှားတွေကို ဖြန့်ဖို့ ကြိုးစားနေတယ်လို့ အနောက်နိုင်ငံတွေက သောကြာနေ့မှာ ဝေဖန်လိုက်ကြပါတယ်။ ရုရှားရဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အကြီးအကဲ Izumi Nakamitsu ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။

“ဇီဝလက်နက်အစီအစဉ် တစုံတရာရှိတယ်လို့ ကုလသမဂ္ဂအနေနဲ့ မသိကြောင်း” သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အကြီးအကဲက ပြောဆိုလိုက်တာပါ။

၁၉၇၅ ခုနှစ်မှာ ကုလသမဂ္ဂ ဇီဝလက်နက်ဆိုင်ရာ သဘောတူညီချက် (Biological Weapons Convention) ကို အတည်ပြုချိန်ကတည်းက ဇီဝလက်နက်တွေဟာ တရားဝင်မှု မရှိကြောင်းနဲ့ ဒီသဘောတူညီချက်ကို ယူကရိန်းကရော ရုရှားကပါ လက်မှတ်ရေးထိုးထားတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ တကယ်လို့ စိုးရိမ်စရာအကြောင်းတွေ ရှိတယ်ဆိုရင်လည်း ၂ ဖက်စလုံးက သဘောတူညီချက်နဲ့အညီ ဖြေရှင်းကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

သောကြာနေ့ လုံခြုံရေးကောင်စီအစည်းဝေးမှာ ရုရှားကိုယ်စားလှယ် သံအမတ်ကြီး Vassily Nebenzia က ယူကရိန်းနိုင်ငံတလွှားက ဓါတ်ခွဲခန်း ၃ဝ ထက်မနည်းမှာ ဇီဝလက်နက်တွေထုတ်နေပြ ီး ဒါကို အမေရိကန်စစ်တပ်က ရံပုံငွေချထားပေးကြေ ာင်း အထောက်ထား မရှိပဲ ပြောကြားခဲ့တာပါ။

ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကတော့ ယူကရိန်းမှာ ဇီဝလက်နက်ထုတ်တဲ့ အစီစဉ်မရှိသလို၊ အမေရိကန်က ကူညီနေတဲ့ ဇီဝလက်နက် ဓာတ်ခွဲခန်းတွေလည်း လုံးဝမရှိကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့တာပါ။

ယူကရိန်းမှာ ကိုဗစ်ရောဂါပိုး စမ်းသပ်စစ်ဆေးတာလို အများပြည်သူ ကျန်းမာရေးအတွက် ဆောင်ရွက်နေတဲ့ ဓာတ်ခွဲခန်းတွေပဲ ရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

လုံခြုံရေးကောင်စီမှာ အစည်းအဝေးခေါ်တာဟာလည်း မမှန်မကန် အကြောင်းပြချက်တွေ ဖန်တီးဖို့သာဖြစ်ပြီး၊ ယူကရိန်းအပေါ် ရုရှားက ဇီဝလက်နက်တွေနဲ့ တိုက်ခိုက်မှာကို အထူးစိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG