သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရေနံတင်ပို့မှု ပိတ်ပင်တဲ့ဥပဒေမူကြမ်း ကန်အောက်လွှတ်တော်အတည်ပြု 


Russia Ukraine War Energy Prices
Russia Ukraine War Energy Prices

[[Zawgyi/Unicode]]

ရုရှားရေနံတင်သွင်းမှု ပိတ်ပင်ကန့်သတ်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်အောက် လွှတ်တော်က မနေ့ ဗုဒ္ဓဟူးနေ့မှာ တခဲနက် ထောက်ခံ အတည်ပြုလိုက်ပါတယ်။ ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့တာကြောင့် ရုရှားက ရေနံတင်သွင်းမှုကို ပိတ်ပင်ကန့်သတ်မယ့်အကြောင်း သမ္မတ Joe Biden ရဲ့ အစောပိုင်းက ကြေညာချက်ကို လွှတ်တော်က ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

ရုရှားက ရေနံတင်သွင်းမှု ပိတ်ပင်ကန့်သတ်တဲ့အတွက် တိုင်းပြည်အတွင်းမှာ ဓာတ်ဆီဈေးတွေ တက်လာနိုင်ပေမယ့်လည်း အမေရိကန် နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးက ယူကရိန်းကို ထောက်ခံတယ်ဆိုတာ ပြသလိုတဲ့အတွက် လွှတ်တော်အမတ်တွေက ဓာတ်ဆီဈေးတက်တာကို ဂရုမစိုက်ဘဲ ဒီဥပဒေကြမ်းကို စိတ်အားထက် သန်စွာ ထောက်ခံခဲ့ကြတာပါ။ ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲနဲ့ အတည်ပြုပေးလိုက်တဲ့ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ မဲခွဲရဦးမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရပြီးဖြစ်တာကြောင့် ရုရှားက ရေနံ တင်သွင်းမှုကို ပိတ်ပင်ကန့်သတ်လိုက်ရင် ကမ္ဘာ့ရေနံဈေးတွေ ထိုးတက်ပြီး တိုင်းပြည်အတွင်းမှာလည်း ဓာတ်ဆီဈေးတွေ တက်လာနိုင်တာကြောင့် ပိတ်ပင်ကန့်သတ်ဖို့ သမ္မတ Biden အစိုးရက အစောပိုင်းမှာ ဝန်လေးနေခဲ့တာပါ။

“သမ္မတပူတင်က ရုရှားကိုဝင်ရောက်တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်နေတဲ့အချိန်မှာကိုပဲ အမေရိကန်နိုင်ငံတွင်းမှာ ဓာတ်ဆီဈေးဟာ တဂါလံကို ၇၅ ဆင့် တက်သွားခဲ့ပါတယ်။ အခု ပိတ်ပင်ကန့်သတ်လိုက်မယ်ဆိုရင် ဓာတ်ဆီဈေး ပိုပြီး တက်သွားနိုင်ပါတယ်။ ပူတင်က ရေနံဈေးတွေတက်အောင် လုပ်လာမှာဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံတွင်းမှာ အတတ်နိုင်ဆုံး နည်းနိုင်သမျှနည်းအောင် ကျနော် ကြိုးစားလုပ်ဆောင်သွားပါမယ်” လို့ သမ္မတ Biden က ပြောပါတယ်။

အမေရိကန်အနေနဲ့ ရုရှားကရေနံ များများစားစား တင်သွင်းခြင်းမရှိပေမယ့်လည်း သမ္မတပူတင်အတွက် ဝင်ငွေ အသက် သွေးကြောဖြစ်တဲ့အတွက် ရေနံတင်ပို့မှုကို အခုလို ပိတ်ပင်ကန့်သတ်ခြင်းဟာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ယူဆကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]






==============

XS
SM
MD
LG