သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအတြက္ အေမရိကန္ စစ္ေရးအကူအညီ ေဒၚလာသန္း ၂၀၀ ထပ္ေပးမည္


အေမရိကန္က ယူကရိန္းကို ေပးပုိ႔ခဲ့တဲ့ စစ္ေရးအကူအညီ ပစၥည္းမ်ား။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားတပ္ေတြရဲ႕ ျပင္းထန္တဲ့ ပစ္ခတ္မႈေတြ ခုခံဖို႔အတြက္ လက္နက္ေတြထပ္ေပးဖို႔ ယူကရိန္း တာဝန္ရွိသူေတြက ေတာင္းဆိုေနခ်ိန္မွာပဲ အေမရိကန္က ေဒၚလာ သန္း ၂၀၀ ဖိုး လက္နက္အေသးစားေတြ၊ တင့္ကားဖ်က္လက္နက္ေတြနဲ႔ ေလယာဥ္ဖ်က္ လက္နက္ေတြ ယူကရိန္းကို အျမန္ထပ္ပို႔မွာျဖစ္ေၾကာင္း ေျပာပါတယ္။

ယူကရိန္းကို လံုၿခံဳေရးဆိုင္ရာ ေနာက္ထပ္ အေထာက္အကူေပးဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က စေနေန႔မွာ အတည္ျပဳေပးခဲ့တယ္လို႔ သမၼတအိမ္ျဖဴက ေျပာပါတယ္။ ဒါ့ေၾကာင့္လည္း ယူကရိန္းကို ေနာက္ထပ္ စစ္လက္နက္ေတြ အျမန္ပို႔ေပးႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း ဘိုင္ဒန္အစိုးရ အႀကီးတန္းအရာရွိႀကီးတဦးက ေျပာပါတယ္။

အခုဆို အေမရိကန္က ယူကရိန္းကို ၂၀၂၁ ဇန္နဝါရီကစၿပီး လံုၿခံဳေရးဆိုင္ရာ အကူအညီအျဖစ္ ေဒၚလာ ၁ ဒသမ ၂ ဘီလီယံ အကူအညီေပးခဲ့တာျဖစ္ၿပီး ယူကရိန္းႏုိင္ငံပုိင္ Crimea ကို ႐ုရွားက်ဴးေက်ာ္တဲ့ ၂၀၁၄ ခုႏွစ္ကစလုိ႔ ေဒၚလာ ၃ ဒသမ ၂ ဘီလီယံ အကူအညီေပးခဲ့တာ ျဖစ္ပါတယ္။

ယူကရိန္းကာကြယ္ေရးဌာနအတြက္ အေမရိကန္က ႏိ္ုင္ငံျခားအကူအညီေပးေရး ဥပေဒအရ ေဒၚလာ သန္း ၂၀၀ အထိ သံုးခြင့္ သမၼတက ခ်ထားေပးေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကို အေၾကာင္းၾကားထားတာ ျဖစ္ပါတယ္။ ဒီရန္ပံုေငြကို ကာကြယ္ေရးဝန္ႀကီးဌာနက လက္နက္နဲ႔ တျခားပစၥည္းေတြအတြက္ သံုးႏိုင္သလို ႐ုရွားက်ဴးေက်ာ္မႈကို သီတင္း ၃ ပတ္ၾကာ ခုခံေတာ္လွန္ေနဆဲ ယူကရိန္းႏိုင္ငံသားေတြကို အကူအညီေပးဖို႔ ပညာေရးနဲ႔ ေလ့က်င့္ေရးေတြမွာ သံုးႏိုင္တာပါ။

အခုလို သမၼတက အတည္ျပဳေပးလိုက္တာေၾကာင့္ ႐ုရွားကို ေရွ႕တန္းက ခုခံတိုက္ခိုက္ေနသူေတြကို အကူအညီေပးဖို႔ ေလေၾကာင္းကာကြယ္ေရးစနစ္ အပါအဝင္ စစ္ေရးအကူအညီေတြ ခ်က္ခ်င္းပို႔ေပးႏိုင္ေတာ့မွာျဖစ္ေၾကာင္း အေမရိကန္ အရာရွိတဦးက ေျပာပါတယ္။

ပင္တဂြန္စစ္ဌာနခ်ဳပ္ကေတာ့ သမၼတရဲ႕ ဒီအတည္ျပဳခ်က္နဲ႔ ပတ္သက္ၿပီး တစံုတရာ တုံ႔ျပန္တာ မရွိေသးဘဲ သမၼတအိမ္ျဖဴနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ေမးျမန္းဖို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ယူကရိန်းအတွက် အမေရိကန် စစ်ရေးအကူအညီ ဒေါ်လာသန်း ၂၀၀ ထပ်ပေးမည်

ရုရှားတပ်တွေရဲ့ ပြင်းထန်တဲ့ ပစ်ခတ်မှုတွေ ခုခံဖို့အတွက် လက်နက်တွေထပ်ပေးဖို့ ယူကရိန်း တာဝန်ရှိသူတွေက တောင်းဆိုနေချိန်မှာပဲ အမေရိကန်က ဒေါ်လာ သန်း ၂၀၀ ဖိုး လက်နက်အသေးစားတွေ၊ တင့်ကားဖျက်လက်နက်တွေနဲ့ လေယာဉ်ဖျက် လက်နက်တွေ ယူကရိန်းကို အမြန်ထပ်ပို့မှာဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းကို လုံခြုံရေးဆိုင်ရာ နောက်ထပ် အထောက်အကူပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ အတည်ပြုပေးခဲ့တယ်လို့ သမ္မတအိမ်ဖြူက ပြောပါတယ်။ ဒါ့ကြောင့်လည်း ယူကရိန်းကို နောက်ထပ် စစ်လက်နက်တွေ အမြန်ပို့ပေးနိုင်တော့မှာ ဖြစ်ကြောင်း ဘိုင်ဒန်အစိုးရ အကြီးတန်းအရာရှိကြီးတဦးက ပြောပါတယ်။

အခုဆို အမေရိကန်က ယူကရိန်းကို ၂၀၂၁ ဇန်နဝါရီကစပြီး လုံခြုံရေးဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ အကူအညီပေးခဲ့တာဖြစ်ပြီး ယူကရိန်းနိုင်ငံပိုင် Crimea ကို ရုရှားကျူးကျော်တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကာကွယ်ရေးဌာနအတွက် အမေရိကန်က နိုင်ငံခြားအကူအညီပေးရေး ဥပဒေအရ ဒေါ်လာ သန်း ၂၀၀ အထိ သုံးခွင့် သမ္မတက ချထားပေးကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကို အကြောင်းကြားထားတာ ဖြစ်ပါတယ်။ ဒီရန်ပုံငွေကို ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်နဲ့ တခြားပစ္စည်းတွေအတွက် သုံးနိုင်သလို ရုရှားကျူးကျော်မှုကို သီတင်း ၃ ပတ်ကြာ ခုခံတော်လှန်နေဆဲ ယူကရိန်းနိုင်ငံသားတွေကို အကူအညီပေးဖို့ ပညာရေးနဲ့ လေ့ကျင့်ရေးတွေမှာ သုံးနိုင်တာပါ။

အခုလို သမ္မတက အတည်ပြုပေးလိုက်တာကြောင့် ရုရှားကို ရှေ့တန်းက ခုခံတိုက်ခိုက်နေသူတွေကို အကူအညီပေးဖို့ လေကြောင်းကာကွယ်ရေးစနစ် အပါအဝင် စစ်ရေးအကူအညီတွေ ချက်ချင်းပို့ပေးနိုင်တော့မှာဖြစ်ကြောင်း အမေရိကန် အရာရှိတဦးက ပြောပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ကတော့ သမ္မတရဲ့ ဒီအတည်ပြုချက်နဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်တာ မရှိသေးဘဲ သမ္မတအိမ်ဖြူနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းဖို့ ပြောပါတယ်။

XS
SM
MD
LG