သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမြို့တော်အနီး ပစ်ခတ်မှု ကန်သတင်းထောက်သေဆုံး


အမေရိကန်သတင်းထောက် Brent Renaud
အမေရိကန်သတင်းထောက် Brent Renaud

ယူကရိန်းမြို့တော်၊ ကိဗ်မြို့အနီးမှာ ရုရှား စစ်တပ်က ပစ်ခတ်တဲ့အတွက် အမေရိကန်ဗွီဒီယို သတင်းထောက် ၂ ဦး ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာ ရရှိသွားခဲ့ကြတယ် လို့ ကိဗ် ‌ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲ Andriy Nyebytov က တနင်္ဂနွေနေ့ က ပြောပါတယ်။

“စစ်ဆေးရေး ဂိတ် ကို ကျွန်တော်တို့ အဖြတ် မှာ သူတို့ က စပစ်ပါတယ်။ ကားဆရာ က ပြန်အလှည့် မှာ ဆက်ပစ်ပါတယ်။” လို့ ဒဏ်ရာ ရရှိသွားတဲ့ သတင်းထောက် Juan Arredondo ကခွဲခန်း မဝင်မီမှာ ပြောပါတယ်။ သူနဲ့ သူ့ မိတ်ဆွေတို့ ဟာ ဒုက္ခသည်တွေမြို့ က ထွက်ခွါကြတာကို သတင်း သွားယူနေကြတာ ဖြစ်တယ်လို့ Juan က ဆိုပါတယ်။

ကွယ်လွန်သွားခဲ့တဲ့ သတင်းထောက် က အသက် ၅၀ အရွယ် Brent Renaud ဖြစ်ပြီးသူ ဟာ နယူးယောက်တိုင်းမ်သတင်းစာအတွက် နှစ်ပေါင်းများစွာ ဗွီဒီယို သတင်းတွေ ပေးပို့ခဲ့တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ပြောပါတယ်။ သူသေဆုံးချိန်မှာတော့ နယူးယောက် တိုင်းမ်း သတင်းစာ အတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး။

ယူကရိန်းမြို့တော်အနီး ပစ်ခတ်မှု ကန်သတင်းထောက်သေဆုံး
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

(Unicode)




XS
SM
MD
LG