သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းၿမိဳ႕ေတာ္ဝန္းက်င္ တိုက္ပြဲမ်ားဆက္ျဖစ္ပြား


Russia Ukraine War

ယူကရိန္း ႏိုင္ငံအႏွံ႔မွာ ႐ုရွားက ဆက္လက္ တိုက္ခိုက္ေနၿပီး ယူကရိန္း အစိုးရက လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးအစီအစဥ္အသစ္ကို ေၾကညာလိုက္ပါတယ္။ လူေတြ ၿမိဳ႕ကထြက္ခြါႏိုင္ေအာင္အားထုတ္ခဲ့တဲ့ အရင္ ႀကိဳးစားခဲ့တာေတြကေတာ့ ၿပီးခဲ့တဲ့ အပတ္က မေအာင္ျမင္ခဲ့ပါဘူး။ ကိဗ္ၿမိဳ႕ ဝန္းက်င္မွာ တိုက္ပြဲေတြဆက္လက္ ျဖစ္ပြါးေနသလို၊ ႏိုင္ငံအႏွံ႔က ၿမိဳ႕ေတြမွာ ေလေၾကာင္းရန္ အခ်က္ေပးသံေတြ ကို တစ္ညလုံး ၾကားေနခဲ့ရပါတယ္။ အေရွ႕ပိုင္းက Kharkiv ၿမိဳ႕ နဲ႔ ေတာင္ပိုင္း က Mykolaiv ၿမိဳ႕ေတြမွာ အရပ္သားေတ ေနၾကတဲ့ အေဆာက္အဦးေတြ အျပင္အေနာက္ေျမာက္ Rivne ေဒသက ႐ုပ္ျမင္သံၾကားတာဝါတိုင္ ကိုလည္း ေလေၾကာင္းက တိုက္ခိုက္ခဲ့တယ္လို႔ ယူကရိန္း သမၼတ ႐ုံး က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ႐ုရွား တပ္ေတြ က ၇ မိုင္ ေရွ႕တိုးႏိုင္ခဲ့တယ္လို႔ ႐ုရွား ကာကြယ္ေရး ဝန္ႀကီးဌာန က ဒီေန႔ တနလၤာေန႔ မွာ ေျပာပါတယ္။ ဒီကေန႔ တနလၤာေန႔ မွာ ႐ုရွား နဲ႔ ယူကရိန္းတို႔ ဟာ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးေရး၊ အရပ္သားမ်ား ကို ထြက္လမ္း ဖြင့္ေပးေရး ကိစၥေတြ ကို ၄ ႀကိမ္ေျမာက္ ေဆြးေႏြးၾကဖို႔ ရွိတယ္လို႔ ယူကရိန္း တာဝန္ရွိသူေတြ က ေျပာပါတယ္။ သမၼတ ပူတင္ နဲ႔ ေဆြးေႏြးဖို႔ ေစာင့္ေနပါတယ္လို႔ ယူကရိန္း သမၼတ Volodymyr Zelenskyy က ထပ္ေျပာေပမဲ့ ႐ုရွား က မတုန႔္ျပန္ပါဘူး။

Mariupol ၿမိဳ႕ ကို ပို႔ေပးမယ့္ အကူအညီေပးေရး ယာဥ္တန္းကို ႐ုရွားတပ္ေတြ က တနဂၤေႏြေန႔တုန္းက တားခဲ့ၾကပါတယ္။ Mariupol ၿမိဳ႕ ဟာ အဆိုးဆုံး အေျခအေန ျဖစ္ႏိုင္တယ္လို႔ ႏိုင္ငံတကာ ၾကက္ေျခနီ အဖြဲ႕ က သတိေပးလိုက္ပါတယ္။ အပစ္အခတ္ ရပ္စဲၿပီး၊ လူေတြ ၿမိဳ႕ က ထြက္သြားႏိုင္မယ့္ လုံၿခဳံစိတ္ခ်ရတဲ့ ထြက္လမ္းေပးေရးအတြက္ ညႇိႏႈိင္းသေဘာတူၾကဖို႔နဲ႔ အဲဒီ သေဘာတူညီခ်က္ကို ေလးစားၾကဖို႔ ႏိုင္ငံတကာ ၾကက္ေျခနီ အဖြဲ႕ ႀကီးက ေတာင္းဆိုလိုက္ပါတယ္။

ယူကရိန္း စစ္ပြဲမွာ ခုအထိကေလး ၄၃ ေယာက္အပါအဝင္လူ ၅၉၆ ဦး ေသဆုံးခဲ့ၿပီးၿပီလို႔ ကုလသမဂၢ လူ႔အခြင့္အေရး ေကာ္မရွင္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ယူကရိန်း နိုင်ငံအနှံ့မှာ ရုရှားက ဆက်လက် တိုက်ခိုက်နေပြီး ယူကရိန်း အစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအစီအစဉ်အသစ်ကို ကြေညာလိုက်ပါတယ်။ လူတွေ မြို့ကထွက်ခွါနိုင်အောင်အားထုတ်ခဲ့တဲ့ အရင် ကြိုးစားခဲ့တာတွေကတော့ ပြီးခဲ့တဲ့ အပတ်က မအောင်မြင်ခဲ့ပါဘူး။ ကိဗ်မြို့ ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက် ဖြစ်ပွါးနေသလို၊ နိုင်ငံအနှံ့က မြို့တွေမှာ လေကြောင်းရန် အချက်ပေးသံတွေ ကို တစ်ညလုံး ကြားနေခဲ့ရပါတယ်။ အရှေ့ပိုင်းက Kharkiv မြို့ နဲ့ တောင်ပိုင်း က Mykolaiv မြို့တွေမှာ အရပ်သားတေ နေကြတဲ့ အဆောက်အဦးတွေ အပြင်အနောက်မြောက် Rivne ဒေသက ရုပ်မြင်သံကြားတာဝါတိုင် ကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ရုံး က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှား တပ်တွေ က ၇ မိုင် ရှေ့တိုးနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန က ဒီနေ့ တနင်္လာနေ့ မှာ ပြောပါတယ်။ ဒီကနေ့ တနင်္လာနေ့ မှာ ရုရှား နဲ့ ယူကရိန်းတို့ ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ အရပ်သားများ ကို ထွက်လမ်း ဖွင့်ပေးရေး ကိစ္စတွေ ကို ၄ ကြိမ်မြောက် ဆွေးနွေးကြဖို့ ရှိတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေ က ပြောပါတယ်။ သမ္မတ ပူတင် နဲ့ ဆွေးနွေးဖို့ စောင့်နေပါတယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ထပ်ပြောပေမဲ့ ရုရှား က မတုန့်ပြန်ပါဘူး။

Mariupol မြို့ ကို ပို့ပေးမယ့် အကူအညီပေးရေး ယာဉ်တန်းကို ရုရှားတပ်တွေ က တနင်္ဂနွေနေ့တုန်းက တားခဲ့ကြပါတယ်။ Mariupol မြို့ ဟာ အဆိုးဆုံး အခြေအနေ ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ က သတိပေးလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲပြီး၊ လူတွေ မြို့ က ထွက်သွားနိုင်မယ့် လုံခြုံစိတ်ချရတဲ့ ထွက်လမ်းပေးရေးအတွက် ညှိနှိုင်းသဘောတူကြဖို့နဲ့ အဲဒီ သဘောတူညီချက်ကို လေးစားကြဖို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ကြီးက တောင်းဆိုလိုက်ပါတယ်။

ယူကရိန်း စစ်ပွဲမှာ ခုအထိကလေး ၄၃ ယောက်အပါအဝင်လူ ၅၉၆ ဦး သေဆုံးခဲ့ပြီးပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

XS
SM
MD
LG