သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရုရွား-ယူကရိန္း စတုတၳအေက်ာ႔ ေဆြးေႏြးပဲြ တိုးတက္မႈမရွိ


Talks between Russia and Ukraine

ယူကရိန္းၿမိဳ႔ေတာ္ Kyiv ရဲ႕ ဆင္ေျခဖံုးေနရာေတြကို ႐ုရွားတပ္ေတြက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနခ်ိန္မွာပဲ ယူကရိန္းနဲ႔ ႐ုရွားကိုယ္စားလွယ္ေတြဟာ တနလၤာေန႔က စတုတၳအႀကိမ္ေျမာက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြလုပ္ခဲ့ၾကပါတယ္။

ဒီေဆြးေႏြးပြဲကို အရင္ ၃ ႀကိမ္ျပဳလုပ္ခဲ့သလို ယူကရိန္းရဲ႕အိမ္နီးခ်င္း ဘဲလာ႐ုစ္မွာ က်င္းပတာမဟုတ္ပဲ အြန္လိုင္းကေန ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ဒီကေန႔ အဂၤါေန႔မွာလည္း ေဆြးေႏြးပြဲကို ဆက္ၿပီးက်င္းပဖို႔ ရွိပါတယ္။ စတုတၳအႀကိမ္ေဆြးေႏြးပြဲမွာ တိုးတက္မႈေတာ့ တစံုတရာမေတြ႕ရပါဘူး။

ယူကရိန္းဘက္က ကိုယ္စားလွယ္ ျဖစ္တဲ့ ယူကရိန္းသမၼတရဲ႕ အၾကံေပး Mykhailo Podolyak ကေတာ့ ဆက္သြယ္ေရး ခက္ခဲေပမယ့္ ဆက္လုပ္ေနတာ ျဖစ္ေၾကာင္း ေဆြးေႏြးပြဲအၿပီး တြစ္တာကေန ေျပာပါတယ္။ ႐ုရွားဘက္က သူတို႔ရဲ႕ အဆိုျပဳခ်က္ကို ေသေသခ်ာခ်ာ နားေထာင္ခဲ့တာ ျဖစ္ၿပီး အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈေတြ စလုပ္လာတာေတြ႕ရတယ္လို႔လည္း ေျပာၾကားခဲ့ၿပီး တနဂၤေႏြေနကေတာ့ ေဆြးေႏြးပြဲတိုးတက္လာဖို႔ ေမွ်ာ္လင့္ခဲ့တာ ျဖစ္ပါတယ္။

တနလၤာေန႔က Kyiv မွာ အထပ္ ၉ ထပ္ပါ လူေနအေဆာက္ဦး တခု ဗံုးထိမွန္ၿပီး လူအနည္းဆံုး ၁ ဦး ေသဆံုးခဲ့ရတယ္လို႔ ယူကရိန္းအရာရွိေတြက ေျပာပါတယ္။ ႐ုရွားတပ္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ Kyiv က ေလယာဥ္စက္ရံုတခုကိုပါ ထိမွန္ခဲတ့ဲအတြက္ မီးအႀကီးအက်ယ္ ေလာင္ကၽြမ္းခဲ့တယ္လို႔လည္း ေျပာပါတယ္။

NATO အဖြဲ႔ဝင္ ပိုလန္နယ္စပ္နဲ႔ ၁၅ မိုင္ပဲေဝးတဲ့ ယူကရိန္းအေနာက္ဖက္က စစ္အေျခစိုက္စခန္းကို ႐ုရွားက မစ္စိုင္းဒံုးနဲ႔ပစ္ခတ္ခဲ့တဲ့ အတြက္ လူ ၃၅ ဦးေသဆံုးၿပီး ၁၃၀ ေက်ာ္ ဒဏ္ရာရခဲ့ၿပီး ေနာက္တေန႔မွာပဲ အခုလို တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

ယူကရိန္းႏိုင္ငံထဲမွာ တိုက္ခိုက္ေနတဲ့ ႐ုရွားရဲ႕ ထိုးေဖါက္ဝင္ေရာက္မႈေတြ ေႏွာင့္ေႏွးေနဆဲပဲလို႔ အႀကီးတန္း အေမရိကန္ကာကြယ္ေရး အရာရွိတဦးကေျပာၾကားေနခ်ိန္မွာ တနလၤာေန႔က ႐ုရွားနဲ႔ယူကရိန္းတို႔ ထပ္မံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

တခ်ိန္ထည္းမွာပဲ အေမရိကန္အစိုးရက ယူကရိန္းရဲ႕ သူ႔ႏိုင္ငံေပၚ ေလယာဥ္မပ်ံသန္းရဇံု သတ္မွတ္ေပးဖို႔ ပန္ၾကားခ်က္ကို လက္မခံပယ္ခ်ခဲ့သလို ယူကရိန္းကိုေပးဖို႔အတြက္ ဂ်ာမဏီမွာရွိတဲ့ အေမရိကန္ေလတပ္အေျခစိုက္စခန္းဆီ သူတို႔ရဲ႕ ႐ုရွားလုပ္ဂ်က္ေလယာဥ္ေတြ ပို႔ေပးဖို႔ ပိုလန္ရဲ႕ အဆိုျပဳခ်က္ကိုလည္း ပယ္ခ်ခဲ့တာပါ။ စေနေန႔မွာေတာ့ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ယူကရိန္းစစ္တပ္အတြက္ စစ္ပညာနဲ႔ ေလ့က်င့္ေရးဆိုင္ရာ အကူညီေပးဖို႔ ေဒၚလာ သန္း ၂၀၀ ခြင့္ျပဳမိန္႔ခ်ေပးခဲ့ပါတယ္။

အေမရိကန္အထက္လႊတ္ေတာ္အမတ္ ၄ ဦးဟာလည္း ယူကရိန္းဒုကၡသည္ေတြနဲ႔ ေတြ႕ဆံုစကားေျပာဖို႔ ပိုလန္ကို သြားေရာက္ခဲ့ၾကၿပီး အေမရိကန္အစိုးရ ယူကရိန္းရဲ႕ ခုခံစစ္အတြက္ ဘယ္လိုထပ္ၿပီးကူညီႏိုင္မယ္ဆိုတဲ့ နည္းလမ္းေတြကို လႊတ္ေတာ္ကရွာေဖြေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

--------------------------------

ရုရှား-ယူကရိန်း စတုတ္ထအကျော့ ဆွေးနွေးပွဲ တိုးတက်မှုမရှိ

ယူကရိန်းမြို့တော် Kyiv ရဲ့ ဆင်ခြေဖုံးနေရာတွေကို ရုရှားတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေချိန်မှာပဲ ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေဟာ တနင်္လာနေ့က စတုတ္ထအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို အရင် ၃ ကြိမ်ပြုလုပ်ခဲ့သလို ယူကရိန်းရဲ့အိမ်နီးချင်း ဘဲလာရုစ်မှာ ကျင်းပတာမဟုတ်ပဲ အွန်လိုင်းကနေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီကနေ့ အင်္ဂါနေ့မှာလည်း ဆွေးနွေးပွဲကို ဆက်ပြီးကျင်းပဖို့ ရှိပါတယ်။ စတုတ္ထအကြိမ်ဆွေးနွေးပွဲမှာ တိုးတက်မှုတော့ တစုံတရာမတွေ့ရပါဘူး။

ယူကရိန်းဘက်က ကိုယ်စားလှယ် ဖြစ်တဲ့ ယူကရိန်းသမ္မတရဲ့ အကြံပေး Mykhailo Podolyak ကတော့ ဆက်သွယ်ရေး ခက်ခဲပေမယ့် ဆက်လုပ်နေတာ ဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး တွစ်တာကနေ ပြောပါတယ်။ ရုရှားဘက်က သူတို့ရဲ့ အဆိုပြုချက်ကို သေသေချာချာ နားထောင်ခဲ့တာ ဖြစ်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ စလုပ်လာတာတွေ့ရတယ်လို့လည်း ပြောကြားခဲ့ပြီး တနင်္ဂနွေနေကတော့ ဆွေးနွေးပွဲတိုးတက်လာဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့က Kyiv မှာ အထပ် ၉ ထပ်ပါ လူနေအဆောက်ဦး တခု ဗုံးထိမှန်ပြီး လူအနည်းဆုံး ၁ ဦး သေဆုံးခဲ့ရတယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် Kyiv က လေယာဉ်စက်ရုံတခုကိုပါ ထိမှန်ခဲတဲ့အတွက် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တယ်လို့လည်း ပြောပါတယ်။

NATO အဖွဲ့ဝင် ပိုလန်နယ်စပ်နဲ့ ၁၅ မိုင်ပဲဝေးတဲ့ ယူကရိန်းအနောက်ဖက်က စစ်အခြေစိုက်စခန်းကို ရုရှားက မစ်စိုင်းဒုံးနဲ့ပစ်ခတ်ခဲ့တဲ့ အတွက် လူ ၃၅ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပြီး နောက်တနေ့မှာပဲ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံထဲမှာ တိုက်ခိုက်နေတဲ့ ရုရှားရဲ့ ထိုးဖေါက်ဝင်ရောက်မှုတွေ နှောင့်နှေးနေဆဲပဲလို့ အကြီးတန်း အမေရိကန်ကာကွယ်ရေး အရာရှိတဦးကပြောကြားနေချိန်မှာ တနင်္လာနေ့က ရုရှားနဲ့ယူကရိန်းတို့ ထပ်မံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

တချိန်ထည်းမှာပဲ အမေရိကန်အစိုးရက ယူကရိန်းရဲ့ သူ့နိုင်ငံပေါ် လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ပေးဖို့ ပန်ကြားချက်ကို လက်မခံပယ်ချခဲ့သလို ယူကရိန်းကိုပေးဖို့အတွက် ဂျာမဏီမှာရှိတဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်းဆီ သူတို့ရဲ့ ရုရှားလုပ်ဂျက်လေယာဉ်တွေ ပို့ပေးဖို့ ပိုလန်ရဲ့ အဆိုပြုချက်ကိုလည်း ပယ်ချခဲ့တာပါ။ စနေနေ့မှာတော့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယူကရိန်းစစ်တပ်အတွက် စစ်ပညာနဲ့ လေ့ကျင့်ရေးဆိုင်ရာ အကူညီပေးဖို့ ဒေါ်လာ သန်း ၂၀၀ ခွင့်ပြုမိန့်ချပေးခဲ့ပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် ၄ ဦးဟာလည်း ယူကရိန်းဒုက္ခသည်တွေနဲ့ တွေ့ဆုံစကားပြောဖို့ ပိုလန်ကို သွားရောက်ခဲ့ကြပြီး အမေရိကန်အစိုးရ ယူကရိန်းရဲ့ ခုခံစစ်အတွက် ဘယ်လိုထပ်ပြီးကူညီနိုင်မယ်ဆိုတဲ့ နည်းလမ်းတွေကို လွှတ်တော်ကရှာဖွေနေကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG