သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားကိုမေထာက္ပံ့ဖို႔ တ႐ုတ္ကို ကန္သတိေပး


Biden

(zawgyi/unicode)

႐ုရွား အေပၚ ခ်မွတ္ထားတဲ့ ပိတ္ဆို႔ အေရးယူတာ ကို ခ်ိဳးေဖာက္ၿပီး ႐ုရွား ကို တ႐ုတ္ က ေထာက္ခံပံ့ပိုးခဲ့ရင္၊ အေမရိကန္ က အ‌ေရးယူ ေဆာင္႐ြက္မယ္လို႔ တ႐ုတ္ ကို သတိေပးလိုက္ပါတယ္။ အေမရိကန္ျပည္ေထာင္စု အမ်ိဳးသားလုံၿခဳံေရး အႀကံေပး အရာရွိ Jake Sullivan နဲ႔ တ႐ုတ္ ႏိုင္ငံျခားေရးရာ ေကာ္မရွင္ ၫႊန္ၾကားေရးမႉး Yang Jiechi တို႔ အီတလီႏိုင္ငံ ေရာမၿမိဳ႕ မွာ တနလၤာေန႔ က ခုနစ္နာရီ အၾကာ ေတြ႕ဆုံေဆြးေႏြးၾကတဲ့အခါ ခုလို သတိေပးလိုက္တာ ျဖစ္ပါတယ္။ အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ Jen Psaki က ခုလို ေျပာပါတယ္။

“အေရးပါတဲ့ အက်ိဳးဆက္ ကို ႀကဳံရပါလိမ့္မယ္။ တိတိက်က် အဲဒီ အက်ိဳးဆက္ က ဘာလဲ ဆိုတာကိုေတာ့ ကြၽန္မတို႔ ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ မဟာမိတ္ေတြ နဲ႔ ေပါင္းစပ္ ညႇိႏႈိင္းၿပီး ဆုံးျဖတ္မွာ ျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့တာပါ။

ယူကရိန္း ကို အေမရိကန္တပ္ေတြ ပို႔လိမ့္မယ္ မဟုတ္ဘူး လို႔ ေျပာထားၿပီး ျဖစ္ပါတယ္။ ယူကရိန္း သမၼတ ဗိုလိုဒီမာ ဇာလန္းစကီး ေတာင္းဆိုထားတဲ့ ယူကရိန္း အေပၚ မပ်ံသန္းေရး ဇုံ သတ္မွတ္ဖို႔ကိုလည္း အေမရိကန္ က သေဘာမတူပါဘူး။ ပိုလန္က ဂ်ာမဏီႏိုင္ငံရွိ အေမရိကန္ ေလတပ္စခန္းကို သူ႔ ရဲ႕ ႐ုရွားလုပ္ ဂ်က္ေလယာဥ္ေတြ ပို႔ေပးၿပီး၊ အဲဒီကေန ယူကရိန္း ကို ဆက္လက္ ပို႔ေပးဖို႔ ပိုလန္ ရဲ႕ အဆိုျပဳခ်က္ကိုလည္း အေမရိကန္ က ပယ္ခ်ထားပါတယ္။ ဒါေပမဲ့ ယူကရိန္း စစ္တပ္အတြက္ စစ္ေရးဆိုင္ရာ ေလ့က်င့္ပညာေပးေရး ပုံစံ နဲ႔ ေဒၚလာ သန္း ၂၀၀ အကူအညီေပးေရး ကိုေတာ့ အေမရိကန္သမၼတ ဂ်ိဳး ဘိုင္ဒင္ က စေနေန႔ မွာ ခြင့္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။

(unicode)

ရုရှား အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူတာ ကို ချိုးဖောက်ပြီး ရုရှား ကို တရုတ် က ထောက်ခံပံ့ပိုးခဲ့ရင်၊ အမေရိကန် က အ‌ရေးယူ ဆောင်ရွက်မယ်လို့ တရုတ် ကို သတိပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေး အကြံပေး အရာရှိ Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးရာ ကော်မရှင် ညွှန်ကြားရေးမှူး Yang Jiechi တို့ အီတလီနိုင်ငံ ရောမမြို့ မှာ တနင်္လာနေ့ က ခုနစ်နာရီ အကြာ တွေ့ဆုံဆွေးနွေးကြတဲ့အခါ ခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ခုလို ပြောပါတယ်။

“အရေးပါတဲ့ အကျိုးဆက် ကို ကြုံရပါလိမ့်မယ်။ တိတိကျကျ အဲဒီ အကျိုးဆက် က ဘာလဲ ဆိုတာကိုတော့ ကျွန်မတို့ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မဟာမိတ်တွေ နဲ့ ပေါင်းစပ် ညှိနှိုင်းပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်” လို့ ပြောသွားခဲ့တာပါ။

ယူကရိန်း ကို အမေရိကန်တပ်တွေ ပို့လိမ့်မယ် မဟုတ်ဘူး လို့ ပြောထားပြီး ဖြစ်ပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး တောင်းဆိုထားတဲ့ ယူကရိန်း အပေါ် မပျံသန်းရေး ဇုံ သတ်မှတ်ဖို့ကိုလည်း အမေရိကန် က သဘောမတူပါဘူး။ ပိုလန်က ဂျာမဏီနိုင်ငံရှိ အမေရိကန် လေတပ်စခန်းကို သူ့ ရဲ့ ရုရှားလုပ် ဂျက်လေယာဥ်တွေ ပို့ပေးပြီး၊ အဲဒီကနေ ယူကရိန်း ကို ဆက်လက် ပို့ပေးဖို့ ပိုလန် ရဲ့ အဆိုပြုချက်ကိုလည်း အမေရိကန် က ပယ်ချထားပါတယ်။ ဒါပေမဲ့ ယူကရိန်း စစ်တပ်အတွက် စစ်ရေးဆိုင်ရာ လေ့ကျင့်ပညာပေးရေး ပုံစံ နဲ့ ဒေါ်လာ သန်း ၂၀၀ အကူအညီပေးရေး ကိုတော့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် က စနေနေ့ မှာ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

႐ုရွားကိုမေထာက္ပံ့ဖို႔ တ႐ုတ္ကို ကန္သတိေပး
please wait

No media source currently available

0:00 0:01:22 0:00
တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG