သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အကူအညီ ပိုမိုရရှိရေး ယူကရိန်းသမ္မတ တောင်းခံ


UKRAINE-CRISIS/USA-CONGRESS
UKRAINE-CRISIS/USA-CONGRESS

ယူကရိန်းနိုင်ငံကို ကာကွယ်နိုင်အောင် ပိုမိုဆောင်ရွက်ပေးကြဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို ယူကရိန်းသမ္မတက တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ပိုမိုပေးအပ်ဖို့နဲ့ ယူကရိန်းလေပိုင်နက်ကို လေယာဉ်မပျံသန်းရဇုန်နယ်မြေအဖြစ် သတ်မှတ်ဖို့လည်း အမေရိကန်သမ္မတ Joe Biden နဲ့ လွှတ်တော်ကို ပန်ကြားခဲ့တာပါ။

ကန် အကူအညီ ပိုမိုရရှိရေး ယူကရိန်းသမ္မတ တောင်းခံ

{{Zawgyi/Unicode}}

ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ရင်ဆိုင်နေရတာ သီတင်း ၃ ပတ် ရှိလာနေချိန်မှာ ယူကရိန်းနိုင်ငံကို ကာကွယ်နိုင်အောင် ပိုမိုဆောင်ရွက်ပေးကြဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို ယူကရိန်းသမ္မတက တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ပိုမိုပေးအပ်ဖို့နဲ့ ယူကရိန်းလေပိုင်နက်ကို လေယာဉ်မပျံသန်းရဇုန်နယ်မြေအဖြစ် သတ်မှတ်ဖို့လည်း အမေရိကန်သမ္မတ Joe Biden နဲ့ လွှတ်တော်ကို ပန်ကြားခဲ့တာပါ။

“အခုအချိန်ဟာ တိုင်းပြည်ရဲ့ ကံကြမ္မာ၊ ပြည်သူလူထုရဲ့ ကံကြမ္မာ၊ ယူကရိန်းနိုင်ငံ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ဆက်လက် ထိန်းသိမ်းထားနိုင်မလားဆိုတာကို အဆုံးအဖြတ်ပေးမယ့် အချိန်ပါ။” လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန် လွှတ်တော်ကို အွန်လိုင်းကနေ တိုက်ရိုက်ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ယူကရိန်းသမ္မတရဲ့ မိန့်ခွန်းကြောင့် ဒုတိယကမ္ဘာစစ်မှာ အမေရိကန် စတင်ပါဝင်ခဲ့တဲ့ အကြောင်းရင်းတခု ဖြစ်ခဲ့တဲ့ ၁၉၄၁ ခုနှစ်က ပုလဲဆိပ်ကမ်းကို ဂျပန်က တိုက်ခိုက်ခဲ့တာ၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အမေရိကန်မှာ အကြမ်းဖက်ဝါဒီတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း ဆယ်စုနှစ် ၂ ခုကြာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေရဲ့ နာကျင်စရာ အတိတ်ဟောင်းကို ပြန်ပြောင်း အမှတ်ရစရာ ဖြစ်ခဲ့ရပါတယ်။

သရုပ်ဆောင်တဦးအဖြစ်ကနေ ယူကရိန်းနိုင်ငံ ခေါင်းဆောင် ဖြစ်လာတဲ့ အသက် ၄၄ နှစ်အရွယ် သမ္မတ Zelenskyy ရဲ့ မိန့်ခွန်းထဲမှာ အမေရိကန်က နိုင်ငံသားတွေ အခွင့်အရေး လှုပ်ရှားသူ Martin Luther King, Jr. ရဲ့ ထင်ရှားတဲ့ စကားတချို့ အပါအဝင် အမေရိကန်သမိုင်းကို ပြန်ပြောင်းသတိရစရာတွေလည်း ပါဝင်ခဲ့တာပါ။

ယူကရိန်းသမ္မတရဲ့ မိန့်ခွန်းမှာပဲ ယူကရိန်းလေပိုင်နက်မှာ လေယာဉ်မပျံသန်းရနယ်မြေ သတ်မှတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ အမေရိကန် အစိုးရကတော့ ရုရှားနဲ့ တိုက်ရိုက်ထိပ်တိုက်တွေ့မှာကို မလိုလားတဲ့အတွက် လေယာဉ်မပျံသန်းရနယ်မြေအဖြစ် သတ်မှတ်ဖို့ လက်မခံပါဘူး။

ယူကရိန်းသမ္မတဟာ မကြာသေးခင် သီတင်းပတ်တွေတုန်းကလည်း ဗြိတိန်အောက်လွှတ်တော်၊ ကနေဒါလွှတ်တော်နဲ့ ဥရောပ ပါလီမန်တွေကို ဗွီဒီယိုနဲ့ မိန့်ခွန်းတွေပေးပို့ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း စစ်ရေးနဲ့ စာနာမှု အကူအညီတွေပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.................................


{{Unicode}}







XS
SM
MD
LG