သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းျပႆနာ အေပၚ အာဆီယံရဲ႕ ကဲြလဲြတဲ႔ တုံ႔ျပန္ခ်က္


CAMBODIA-ASEAN/MYANMAR

ယူကရိန္းအေပၚ ရုရွားရဲ႕က်ဴးေက်ာ္စစ္နဲ႔ ပတ္သက္လို႔ အာဆီယံႏိုင္ငံေတြထဲ ကဲြျပားတဲ့ တုံ႔ျပန္ခ်က္ေတြရွိေနတာဟာ အဖဲြ႕အေပၚ ယံုၾကည္မႈနဲ႔ တရား၀င္မႈကို ထိခိုက္ေစေၾကာင္း အာဆီယံအေရးကြ်မ္းက်င္သူေတြက သံုးသပ္ၾကပါတယ္။
ရုရွားအေပၚ စီးပြားေရးအရ ပိတ္ဆို႔အေရးယူခဲ့တဲ့ စကၤာပူႏိုင္ငံကလဲြလို႔ အာဆီယံႏိုင္ငံအမ်ားစုရဲ႕ တုံ႔ျပန္ခ်က္ေတြ ၿငိမ္သက္ေနတာ ဘာေၾကာင့္လဲ။ ဘယ္လို အက်ဳိးဆက္ေတြ ျဖစ္လာမလဲ။
မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။

ေဖေဖၚ၀ါရီလ ၂၄ ရက္ေန႔က စတင္ခဲ့တဲ့ ယူကရိန္းအေပၚ ရုရွားက်ဴးေက်ာ္စစ္ဟာ အခုဆိုရင္ ၁၈ ရက္ေျမာက္ ျဖစ္လာပါၿပီ။ ယူကရိန္းဘက္ကလည္း အျပင္းအထန္ ခုခံတိုက္ခိုက္ေနဆဲျဖစ္ပါတယ္။ ရုရွားက်ဴးေက်ာ္စစ္နဲ႔ ပတ္သက္လို႔ မတ္လ ၃ ရက္ေန႔က ကုလသမဂၢအေထြေထြညီလာခံက ကန္႔ကြက္တဲ့ အထူးအေရးေပၚ ဆံုးျဖတ္ခ်က္မွာ မဲေပးခဲ့ၾကတဲ့ အာဆီယံႏိုင္ငံေတြရဲ႕ ရပ္တည္ခ်က္ကို ၾကည့္ရင္ ကဲြျပားေနတာကို ေတြ႕ၾကရပါတယ္။

စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံကေတာ့ တုံ႔ျပန္မႈ ႏွစ္ပိုင္းေတြ႕ရပါတယ္။ ရုရွားက်ဴးေက်ာ္စစ္ စတင္တဲ့ ေန႔မွာပဲ သူတို႔အေနနဲ႔ ရုရွားကို ေထာက္ခံေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဗီြအိုေအကို အခုလို ေျပာၾကားခဲ့ပါတယ္။

“နံပါတ္ ၁ ကေတာ့ ဒီကိစၥကေတာ့ ႐ုရွားႏိုင္ငံအေနနဲ႔ ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေစဖို႔ လုပ္ေဆာင္ခဲ့တဲ့၊ လုပ္ေဆာင္သင့္တဲ့ လုပ္ေဆာင္ခ်က္လို႔ပဲ ျမင္ပါတယ္။ နံပါတ္ ၂ အေနနဲ႔ကေတာ့ ႐ုရွားႏိုင္ငံအေနနဲ႔ ကမာၻ႔ၿငိမ္းခ်မ္းေရးကို ထိန္းညႇိထားတဲ့ ကမာၻ႔ခ်ိန္ခြင္လွ်ာညီမွ်ေရးမွာ အင္အားႀကီးႏိုင္ငံတခုအျဖစ္ ရပ္တည္လ်က္ရွိေၾကာင္း ကမာၻကိုျပသျခင္းျမင္ပါတယ္။”

ဒါေပမယ့္ လက္ရွိကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ တာ၀န္ယူထားတဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ မတ္လ ၃ ရက္ေန႔က ကုလသမဂၢအေထြေထြညီလာခံမွာ ႏိုင္ငံေပါင္း ၁၄၀ က ေထာက္ခံခဲ့တဲ့ ရုရွားက်ဴးေက်ာ္စစ္ကို ကန္႔ကြက္တဲ့ ဆံုးျဖတ္ခ်က္ အစည္းအေ၀းကို ပူးတဲြေခၚယူခဲ့သူတဦးျဖစ္ခဲ့သလို မိန္႔ခြန္းလည္း ေျပာၾကားခဲ့တာပါ။ ဒါနဲ႔ ပတ္သက္လို႔ ရုရွားရဲ႕ က်ဴးေက်ာ္စစ္ကို ကန္႔ကြက္ထားတဲ့ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရ ရဲ႕ အာဆီယံသံအမတ္ ဦးဘိုလွတင့္က ျမန္မာျပည္သူေတြကိုယ္စား သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ရုရွားကို ကန္႔ကြက္ခဲ့တာျဖစ္ေၾကာင္း ဗီြအိုေအကို ေျပာပါတယ္။

ကုလသမဂၢအေထြေထြညီလာခံ အေရးေပၚ ဆံုးျဖတ္ခ်က္အတြက္ ဗီယက္နမ္နဲ႔ လာအိုစ္ ႏွစ္ႏိုင္ငံလံုးက မဲမေပးဘဲ ေနခဲ့ပါတယ္။ အခုလို ယူကရိန္းအေပၚ ရုရွားက်ဴးေက်ာ္စစ္မွာ အာဆီယံႏိုင္ငံေတြရဲ႕ တုံ႔ျပန္ခ်က္ ကဲြျပားတာဟာ အေတာ္ေလးစိတ္၀င္စားဖို႔ေကာင္းတယ္လို႔ ALTSEAN တည္ေထာင္သူ Debbie Stothard ကဗီြအိုေအကို ေျပာပါတယ္။

"ဘာေၾကာင့္လဲဆိုေတာ့ အာဆီယံဟာ အစဥ္အလာအားျဖင့္ အျခားႏိုင္ငံရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ေရးမူဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ ႏိုင္ငံေရးဆိုင္ရာ အက်ပ္အတည္းေတြကိုေတာင္ ထိေတြ႕ေျဖရွင္းတာမ်ိဳး မရွိခဲ့ပါဘူး။ ဒါေပမယ့္ အခုလို ႐ုရွားက်ဴးေက်ာ္စစ္မ်ိဳး ယူကရိန္းရဲ႕ အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္တဲ့ ျပင္းထန္တဲ့ ကိစၥမ်ိဳးကို တခ်ိဳ႕အာဆီယံႏိုင္ငံေတြျဖစ္တဲ့ ဗီယက္နမ္၊ ကေမာၻဒီးယား အျပင္ ထိုင္း ႏိုင္ငံေတာင္ ပါပါတယ္ ဘာမွကို ထူးထူးျခားျခား ထုတ္ေဖၚေျပာဆိုတာမ်ိဳးမလုပ္ၾကပါဘူး။ ဒါနဲ႔ ပတ္သက္လို႔ လူအမ်ား ထင္ျမင္ခ်က္ေပးေနၾကတာက ဗီယက္နမ္၊ ျမန္မာ၊ ကေမာၻဒီးယားေတြလို ႏိုင္ငံေတြဟာ သူတို႔ကိုယ္ သူတို႔ ပူတင္နဲ႔ တသားတည္းလို႔ ျမင္ေနၾကၿပီး အင္အားႀကီးတဲ့ ဗလာဒီမာ ပူတင္လိုမ်ိဳးျဖစ္ဖို႔ ဆႏၵရွိေနၾကၿပီး သူ႔လမ္းစဥ္ကိုလည္း သေဘာက်ေနၾကတာပါ။

ဒါေပမယ့္ မေမ့သင့္တဲ့အခ်က္ဟာ ႐ုရွားမွာ ဗလာဒီမာပူတင္ဟာ အရပ္ဘက္လူ႔အဖြဲ႕အစည္းေတြ၊ လူ႔အခြင့္အေရး လႈပ္ရွားမႈေတြ၊ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္၊ သတင္းမီဒီယာေတြကို ျပင္းျပင္းထန္ထန္ႏွိပ္ကြက္ေနတာပါ။ ပူတင္လုပ္ရပ္ေတြနဲ႔ ကေမာၻဒီးယား၊ ျမန္မာ၊ ဗီယက္နမ္က အာဏာရွင္ေတြ လုပ္ရပ္အတူတူပါပဲ။ ဒါေၾကာင့္လည္း ဗလာဒီမာ ပူတင္အေနနဲ႔ ယူကရိန္းကို က်ဴးေက်ာ္တဲ့ေနရာမွာ ပိုၿပီး အစြမ္းထက္ေနတယ္လို႔ ခံစားမိတယ္လို႔ ျမင္ပါတယ္။ ဒါေပမဲ့လည္း အေျခခံအားျဖင့္ေတာ့ ပူတင္ဟာ ေနတိုးမဟာမိတ္အဖြဲ႕နဲ႔ ထိပ္တိုက္ရင္ဆိုင္ေနရတာပါ။ ဖိႏွိပ္အုပ္ခ်ဳပ္ေနတဲ့ အာဆီယံေခါင္းေဆာင္တခ်ိဳ႕ရဲ႕ ႏွလုံးသားထဲမွာေတာ့ ပူတင္ဟာ သူတို႔ရဲ႕ အကိုႀကီးလိုမ်ိဳး သူ႔လိုမ်ိဳးျဖစ္ခ်င္ေနၾကပါတယ္။ အဲေတာ့ ဘာျဖစ္ေနလည္းဆိုရင္ သူတို႔ ေဒသတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ ႏိုင္ငံေရးအက်ပ္အတည္းေတြမွာ ပါဝင္ပတ္သက္ျခင္းမျပဳဖို႔ ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာဆိုတာကို အသုံးျပဳၿပီး သူတို႔ကိုယ္သူတို႔ အေရၿခဳံထားၾကတယ္။ တဖက္မွာေတာ့ ဒီႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္တဲ့ ပူတင္လုပ္ရပ္ကိုေတာ့ လက္ခံ၊ ေထာက္ခံေနၾကတယ္။ ဒါဟာ အလြန္အလြန္ကို အျမင္က်ဥ္းပါတယ္။"

႐ုရွားအေပၚ ဆန႔္က်င္ၿပီးပိတ္ဆို႔ အေရးယူခဲ့တဲ့ တခုတည္းေသာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ စကၤာပူက ရပ္တည္ခဲ့တဲ့အေပၚ လူအမ်ားအံ့ၾသသင့္ခဲ့ၾကပါတယ္။ ရုရွားက်ဴးေက်ာ္စစ္ကို အျပင္းအထန္ကန္႔ကြက္ေၾကာင္း စကၤာပူႏိုင္ငံျခားေရး၀န္ႀကီး Vivian Balakrishnan က စကၤာပူပါလီမန္ အစည္းအေ၀းအတြင္း ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ေျပာၾကားခဲ့ပါတယ္။ အခုလို စကၤာပူဟာ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို လ်င္လ်င္ျမန္ျမန္ ခ်မွတ္ခဲ့တာဘာေၾကာင့္ပါလဲ။ Debbie Stothard ကအခုလို သံုးသပ္ပါတယ္။

"စကၤာပူဟာ သူ႔ကိုယ္သူ အေရွ႕ေတာင္အာရွက ယူကရိန္းလို ရႈျမင္ေနတာေၾကာင့္ပါ။ စကၤာပူအစိုးရက သူ႔ႏိုင္ငံသားေတြကို ႐ိုက္သြင္းထားတက သူတို႔ႏိုင္ငံဟာ မြတ္ဆလင္ႏိုင္ငံေတြဝိုင္းရံထားတဲ့ ခ်မ္းသာႂကြယ္ဝတဲ့ ႏိုင္ငံတႏိုင္ငံျဖစ္တဲ့အတြက္ က်ဴးေက်ာ္သူေတြဟာ စကၤာပူကို သိမ္းပိုက္ဖို႔ တတ္ႏိုင္သေလာက္ ႀကိဳးပမ္းေနၾကတယ္။ ဒါေၾကာင့္ ဒီႏိုင္ငံမွာရွိတဲ့ လူငယ္ေတြအေနနဲ႔ စစ္မႈမထမ္းမေနရဆိုတာ လိုအပ္တယ္။ စကၤာပူျပည္သူေတြအေနနဲ႔ သူတို႔ႏိုင္ငံေအာင္ျမင္မႈကို မနာလိုေနၾကတဲ့ မြတ္စလင္ႏိုင္ငံေတြျဖစ္တဲ့ အင္ဒိုနီးရွား၊ မေလးရွားတို႔ရဲ႕ က်ဴးေက်ာ္မႈအႏၲရာယ္ရွိေနတယ္ဆိုတာကို အၿမဲတမ္းခံစားျမင္ေနရေအာင္ ဘရိမ္းေဝါ့ရွ္ လုပ္ထားတယ္လို႔ ေျပာရမွာပါ။ ဒါေၾကာင့္ အင္အားအလြန္ႀကီးတဲ့ ႐ုရွားက ႏိုင္ငံေသးတဲ့ ယူကရိန္းကို က်ဴးေက်ာ္ဝင္ေရာက္ရာမွာ စကၤာပူကျမင္တာက သူ႔ရဲ႕အာဆီယံ အိမ္နီးခ်င္းႏိုင္ငံေတြအေနနဲ႔လည္း အလားတူ အယူအဆမ်ိဳး မရရွိေစလိုတဲ့အတြက္ သူတို႔တုံ႔ျပန္ရာမွာ အလြန္ျမန္ဆန္ၿပီး ျပင္းထန္တာျဖစ္ပါတယ္။"

႐ုရွားရဲ႕ က်ဴးေက်ာ္မႈဒဏ္ကို အဓိကခံရမွာက ဥေရာပသမဂၢ ဆိုေပမယ့္ အာဆီယံ ဟာ ေဒသတြင္း အစုအဖြဲ႕အေနနဲ႔ ႐ုရွားထက္ သူ႔ရဲ႕ မိတ္ဖက္ ဥေရာပသမဂၢ နဲ႔ စီးပြားေရး၊ သံတမန္ေရးအရ ပူးေပါင္းေဆာင္႐ြက္မႈက ပိုတန္ဖိုးရွိတယ္ဆိုတာ နားလည္ဖို႔ လိုတယ္လို႔ Debbie Stothard ကေျပာပါတယ္။ တကယ္လို႔ ဒီက်ဴးေက်ာ္တိုက္ခိုက္မႈဟာ ဥေရာပသမဂၢကိုပါ ေနာက္ထပ္ဦးတည္လာမယ္ဆိုရင္၊ အာဆီယံအေနနဲ႔ တညီတၫြတ္တည္း ရပ္တည္တုံ႔ျပန္မႈမရွိခဲ့တဲ့အေပၚမွာ သူတို႔ ေနာင္တရမိမွာျဖစ္ေၾကာင္း သူက တဆက္တည္း အခုလို ဆိုပါတယ္။

"အားလုံးသိၾကတဲ့အတိုင္း ပထမဆုံးကေတာ့ အာဆီယံဟာ ျမန္မာ့အေရးမွာ တုံ႔ျပန္တာ အေတာ္ေလးေႏွးေကြးခဲ့ပါတယ္။ ေဒသတြင္း တည္ၿငိမ္ေရးနဲ႔ လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနတယ္ဆိုတာကို ျမင္ေတြ႕ေနၾကတာေတာင္ ျမန္မာကိစၥကိုင္တြယ္ေရးမွာ အာဆီယံအဖြဲ႕တြင္း ကြဲျပားေနၾကတာပါ။ အခု ရွ႐ုားက ယူကရိန္းကို က်ဴးေက်ာ္တယ္ဆိုတာ ဒီေလာက္ရွင္းေနတဲ့ ကိစၥမွာေတာင္ ဘယ္လို အေၾကာင္းျပခ်က္ေတြနဲ႔ပဲ ၾကည့္ၾကည့္ သူတပါးႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို က်ဴးလြန္ခ်ိဳးေဖာက္တယ္ဆိုတာ ထင္ထင္ရွားရွားျမင္ေနရတာေတာင္ အာဆီယံထဲမွာ ဒါနဲ႔ ပတ္သက္လို႔ ကြဲျပားေနဆဲရွိပါတယ္။ တကယ္လို႔ အာဆီယံအေနနဲ႔ ဆက္လက္ၿပီးေတာ့ မူေပၚမွာ မရပ္တည္ႏိုင္ပဲ စည္းလုံးမႈမရွိပဲ ကြဲျပားေနမယ္ဆိုရင္၊ စည္းမ်ဥ္းအေပၚ အေျခခံတဲ့ အဖြဲ႕အစည္းအျဖစ္ အမွန္တကယ္ မေျပာင္းလဲႏိုင္ဘူးဆိုရင္ အာဆီယံရဲ႕ တရားဝင္မႈနဲ႔ သူ႔အေပၚ ယုံၾကည္ကိုးစားမႈေတြ ဆုံးရႈံးမယ္ဆိုတာ က်မတို႔ ျမင္ေနရပါတယ္။"

အာဆီယံႏိုင္ငံေတြအေနနဲ႔ ရုရွားက ယူကရိန္းကုိက်ဴးေက်ာ္ တုိက္ခုိက္တဲ့အေပၚ ကန္႔ကြက္ရွဳတ္ခ်ဖို႔ သတိထားေနရတဲ့ အေၾကာင္းအရင္းေတြထဲမွာ သူတို႔ တုံ႔ျပန္ခ်က္ေတြရဲ႕ ေရရွည္သက္ေရာက္မႈအတိုင္းအတာကို စဥ္းစားေနၾကတာျဖစ္ႏိုင္ေၾကာင္း ေဒသတြင္း သံတမန္ေရးအကဲခတ္ေတြက သံုးသပ္ၾကပါတယ္။

========================

ယူကရိန်းပြဿနာ အပေါ် အာဆီယံရဲ့ ကွဲလွဲတဲ့ တုံ့ပြန်ချက်

ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်စစ်နဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေထဲ ကွဲပြားတဲ့ တုံ့ပြန်ချက်တွေရှိနေတာဟာ အဖွဲ့အပေါ် ယုံကြည်မှုနဲ့ တရားဝင်မှုကို ထိခိုက်စေကြောင်း အာဆီယံအရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ရုရှားအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူခဲ့တဲ့ စင်္ကာပူနိုင်ငံကလွဲလို့ အာဆီယံနိုင်ငံအများစုရဲ့ တုံ့ပြန်ချက်တွေ ငြိမ်သက်နေတာ ဘာကြောင့်လဲ။ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ။
မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က စတင်ခဲ့တဲ့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ဟာ အခုဆိုရင် ၁၈ ရက်မြောက် ဖြစ်လာပါပြီ။ ယူကရိန်းဘက်ကလည်း အပြင်းအထန် ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့ မတ်လ ၃ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံက ကန့်ကွက်တဲ့ အထူးအရေးပေါ် ဆုံးဖြတ်ချက်မှာ မဲပေးခဲ့ကြတဲ့ အာဆီယံနိုင်ငံတွေရဲ့ ရပ်တည်ချက်ကို ကြည့်ရင် ကွဲပြားနေတာကို တွေ့ကြရပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံကတော့ တုံ့ပြန်မှု နှစ်ပိုင်းတွေ့ရပါတယ်။ ရုရှားကျူးကျော်စစ် စတင်တဲ့ နေ့မှာပဲ သူတို့အနေနဲ့ ရုရှားကို ထောက်ခံကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို အခုလို ပြောကြားခဲ့ပါတယ်။
“နံပါတ် ၁ ကတော့ ဒီကိစ္စကတော့ ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့ချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာကိုပြသခြင်းမြင်ပါတယ်။”

ဒါပေမယ့် လက်ရှိကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မတ်လ ၃ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၁၄၀ က ထောက်ခံခဲ့တဲ့ ရုရှားကျူးကျော်စစ်ကို ကန့်ကွက်တဲ့ ဆုံးဖြတ်ချက် အစည်းအဝေးကို ပူးတွဲခေါ်ယူခဲ့သူတဦးဖြစ်ခဲ့သလို မိန့်ခွန်းလည်း ပြောကြားခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့ ရုရှားရဲ့ ကျူးကျော်စစ်ကို ကန့်ကွက်ထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ အာဆီယံသံအမတ် ဦးဘိုလှတင့်က မြန်မာပြည်သူတွေကိုယ်စား သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရုရှားကို ကန့်ကွက်ခဲ့တာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ် ဆုံးဖြတ်ချက်အတွက် ဗီယက်နမ်နဲ့ လာအိုစ် နှစ်နိုင်ငံလုံးက မဲမပေးဘဲ နေခဲ့ပါတယ်။ အခုလို ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်မှာ အာဆီယံနိုင်ငံတွေရဲ့ တုံ့ပြန်ချက် ကွဲပြားတာဟာ အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ ALTSEAN တည်ထောင်သူ Debbie Stothard ကဗွီအိုအေကို ပြောပါတယ်။

"ဘာကြောင့်လဲဆိုတော့ အာဆီယံဟာ အစဉ်အလာအားဖြင့် အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဆိုတဲ့ အကြောင်းပြချက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေကိုတောင် ထိတွေ့ဖြေရှင်းတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုလို ရုရှားကျူးကျော်စစ်မျိုး ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ ပြင်းထန်တဲ့ ကိစ္စမျိုးကို တချို့အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား အပြင် ထိုင်း နိုင်ငံတောင် ပါပါတယ် ဘာမှကို ထူးထူးခြားခြား ထုတ်ဖေါ်ပြောဆိုတာမျိုးမလုပ်ကြပါဘူး။ ဒါနဲ့ ပတ်သက်လို့ လူအများ ထင်မြင်ချက်ပေးနေကြတာက ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားတွေလို နိုင်ငံတွေဟာ သူတို့ကိုယ် သူတို့ ပူတင်နဲ့ တသားတည်းလို့ မြင်နေကြပြီး အင်အားကြီးတဲ့ ဗလာဒီမာ ပူတင်လိုမျိုးဖြစ်ဖို့ ဆန္ဒရှိနေကြပြီး သူ့လမ်းစဉ်ကိုလည်း သဘောကျနေကြတာပါ။

ဒါပေမယ့် မမေ့သင့်တဲ့အချက်ဟာ ရုရှားမှာ ဗလာဒီမာပူတင်ဟာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ သတင်းမီဒီယာတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွက်နေတာပါ။ ပူတင်လုပ်ရပ်တွေနဲ့ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်က အာဏာရှင်တွေ လုပ်ရပ်အတူတူပါပဲ။ ဒါကြောင့်လည်း ဗလာဒီမာ ပူတင်အနေနဲ့ ယူကရိန်းကို ကျူးကျော်တဲ့နေရာမှာ ပိုပြီး အစွမ်းထက်နေတယ်လို့ ခံစားမိတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့လည်း အခြေခံအားဖြင့်တော့ ပူတင်ဟာ နေတိုးမဟာမိတ်အဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာပါ။ ဖိနှိပ်အုပ်ချုပ်နေတဲ့ အာဆီယံခေါင်းဆောင်တချို့ရဲ့ နှလုံးသားထဲမှာတော့ ပူတင်ဟာ သူတို့ရဲ့ အကိုကြီးလိုမျိုး သူ့လိုမျိုးဖြစ်ချင်နေကြပါတယ်။ အဲတော့ ဘာဖြစ်နေလည်းဆိုရင် သူတို့ ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေးအကျပ်အတည်းတွေမှာ ပါဝင်ပတ်သက်ခြင်းမပြုဖို့ နိုင်ငံတော်အချုပ်အခြာအာဏာဆိုတာကို အသုံးပြုပြီး သူတို့ကိုယ်သူတို့ အရေခြုံထားကြတယ်။ တဖက်မှာတော့ ဒီနိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ ပူတင်လုပ်ရပ်ကိုတော့ လက်ခံ၊ ထောက်ခံနေကြတယ်။ ဒါဟာ အလွန်အလွန်ကို အမြင်ကျဉ်းပါတယ်။"

ရုရှားအပေါ် ဆန့်ကျင်ပြီးပိတ်ဆို့ အရေးယူခဲ့တဲ့ တခုတည်းသော အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် စင်္ကာပူက ရပ်တည်ခဲ့တဲ့အပေါ် လူအများအံ့သြသင့်ခဲ့ကြပါတယ်။ ရုရှားကျူးကျော်စစ်ကို အပြင်းအထန်ကန့်ကွက်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က စင်္ကာပူပါလီမန် အစည်းအဝေးအတွင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြောကြားခဲ့ပါတယ်။ အခုလို စင်္ကာပူဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို လျင်လျင်မြန်မြန် ချမှတ်ခဲ့တာဘာကြောင့်ပါလဲ။ Debbie Stothard ကအခုလို သုံးသပ်ပါတယ်။

"စင်္ကာပူဟာ သူ့ကိုယ်သူ အရှေ့တောင်အာရှက ယူကရိန်းလို ရှုမြင်နေတာကြောင့်ပါ။ စင်္ကာပူအစိုးရက သူ့နိုင်ငံသားတွေကို ရိုက်သွင်းထားတက သူတို့နိုင်ငံဟာ မွတ်ဆလင်နိုင်ငံတွေဝိုင်းရံထားတဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက် ကျူးကျော်သူတွေဟာ စင်္ကာပူကို သိမ်းပိုက်ဖို့ တတ်နိုင်သလောက် ကြိုးပမ်းနေကြတယ်။ ဒါကြောင့် ဒီနိုင်ငံမှာရှိတဲ့ လူငယ်တွေအနေနဲ့ စစ်မှုမထမ်းမနေရဆိုတာ လိုအပ်တယ်။ စင်္ကာပူပြည်သူတွေအနေနဲ့ သူတို့နိုင်ငံအောင်မြင်မှုကို မနာလိုနေကြတဲ့ မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားတို့ရဲ့ ကျူးကျော်မှုအန္တရာယ်ရှိနေတယ်ဆိုတာကို အမြဲတမ်းခံစားမြင်နေရအောင် ဘရိမ်းဝေါ့ရှ် လုပ်ထားတယ်လို့ ပြောရမှာပါ။ ဒါကြောင့် အင်အားအလွန်ကြီးတဲ့ ရုရှားက နိုင်ငံသေးတဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ရာမှာ စင်္ကာပူကမြင်တာက သူ့ရဲ့အာဆီယံ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း အလားတူ အယူအဆမျိုး မရရှိစေလိုတဲ့အတွက် သူတို့တုံ့ပြန်ရာမှာ အလွန်မြန်ဆန်ပြီး ပြင်းထန်တာဖြစ်ပါတယ်။"

ရုရှားရဲ့ ကျူးကျော်မှုဒဏ်ကို အဓိကခံရမှာက ဥရောပသမဂ္ဂ ဆိုပေမယ့် အာဆီယံ ဟာ ဒေသတွင်း အစုအဖွဲ့အနေနဲ့ ရုရှားထက် သူ့ရဲ့ မိတ်ဖက် ဥရောပသမဂ္ဂ နဲ့ စီးပွားရေး၊ သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှုက ပိုတန်ဖိုးရှိတယ်ဆိုတာ နားလည်ဖို့ လိုတယ်လို့ Debbie Stothard ကပြောပါတယ်။ တကယ်လို့ ဒီကျူးကျော်တိုက်ခိုက်မှုဟာ ဥရောပသမဂ္ဂကိုပါ နောက်ထပ်ဦးတည်လာမယ်ဆိုရင်၊ အာဆီယံအနေနဲ့ တညီတညွတ်တည်း ရပ်တည်တုံ့ပြန်မှုမရှိခဲ့တဲ့အပေါ်မှာ သူတို့ နောင်တရမိမှာဖြစ်ကြောင်း သူက တဆက်တည်း အခုလို ဆိုပါတယ်။

"အားလုံးသိကြတဲ့အတိုင်း ပထမဆုံးကတော့ အာဆီယံဟာ မြန်မာ့အရေးမှာ တုံ့ပြန်တာ အတော်လေးနှေးကွေးခဲ့ပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတာကို မြင်တွေ့နေကြတာတောင် မြန်မာကိစ္စကိုင်တွယ်ရေးမှာ အာဆီယံအဖွဲ့တွင်း ကွဲပြားနေကြတာပါ။ အခု ရှရုားက ယူကရိန်းကို ကျူးကျော်တယ်ဆိုတာ ဒီလောက်ရှင်းနေတဲ့ ကိစ္စမှာတောင် ဘယ်လို အကြောင်းပြချက်တွေနဲ့ပဲ ကြည့်ကြည့် သူတပါးနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျူးလွန်ချိုးဖောက်တယ်ဆိုတာ ထင်ထင်ရှားရှားမြင်နေရတာတောင် အာဆီယံထဲမှာ ဒါနဲ့ ပတ်သက်လို့ ကွဲပြားနေဆဲရှိပါတယ်။ တကယ်လို့ အာဆီယံအနေနဲ့ ဆက်လက်ပြီးတော့ မူပေါ်မှာ မရပ်တည်နိုင်ပဲ စည်းလုံးမှုမရှိပဲ ကွဲပြားနေမယ်ဆိုရင်၊ စည်းမျဉ်းအပေါ် အခြေခံတဲ့ အဖွဲ့အစည်းအဖြစ် အမှန်တကယ် မပြောင်းလဲနိုင်ဘူးဆိုရင် အာဆီယံရဲ့ တရားဝင်မှုနဲ့ သူ့အပေါ် ယုံကြည်ကိုးစားမှုတွေ ဆုံးရှုံးမယ်ဆိုတာ ကျမတို့ မြင်နေရပါတယ်။"

အာဆီယံနိုင်ငံတွေအနေနဲ့ ရုရှားက ယူကရိန်းကိုကျူးကျော် တိုက်ခိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချဖို့ သတိထားနေရတဲ့ အကြောင်းအရင်းတွေထဲမှာ သူတို့ တုံ့ပြန်ချက်တွေရဲ့ ရေရှည်သက်ရောက်မှုအတိုင်းအတာကို စဉ်းစားနေကြတာဖြစ်နိုင်ကြောင်း ဒေသတွင်း သံတမန်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG