သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရွ႕သီတင္းပတ္ ေနတိုး အထူးထိပ္သီးအစည္းအေ၀း သမၼတဘိုင္ဒင္ တက္ေရာက္မည္


(Zawgyi/ Unicode)

အေမရိကန္သမၼတ Joe Biden ဟာ ရုရွားက ယူကရိန္း ကုိက်ဴးေက်ာ္တဲ့ တလျပည့္ေန႔ မတ္လ ၂၄ ရက္ေန႔မွာ NATO ထိပ္သီးေခါင္းေဆာင္ေတြနဲ႔ အထူးအေရးေပၚ ထိပ္သီးေဆြးေႏြးဖို႔ ဘယ္ဂ်ီယံနုိင္ငံ၊ ဘရပ္ဆဲၿမိဳ႕ေတာ္ကုိ သြားေရာက္မယ္လုိ႔ အေမရိကန္ အိမ္ျဖဴေတာ္ ေျပာခြင့္ရပုဂၢိဳလ္ Jen Psaki ကအဂၤါေန႔မွာ ေျပာဆုိခဲ့ပါတယ္။

ဥေရာပက မဟာမိတ္ ေခါင္းေဆာင္ေတြနဲ႔ လူျခင္းေတြ႔ၿပီး ရုရွား က ယူကရိန္းကုိ ၀င္ေရာက္က်ဴးေက်ာ္တဲ့ အေျခအေနေတြကုိ သုံးသပ္ ေဆြးေႏြးဖို႔ ရည္ရြယ္ခ်က္နဲ႔ သမၼတကသြားေရာက္မွာ ျဖစ္ပါတယ္လုိ႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ ပုဂၢိဳလ္ Jen Psaki က ေျပာဆုိခဲ့တာပါ။ ယူကရိန္းသမၼတ Volodymyr Zelensky နဲ႔ ေတြဆုံဖို႔ ကိစၥကုိေတာ့ စီစဥ္ေနဆဲျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။

NATO အတြင္းေရးမွဴး Jen Stoltenberg က ရုရွားက ယူကရိန္း အေပၚ က်ဴးေက်ာ္တဲ့ ကိစၥနဲ႔ ပတ္သက္လုိ႔ အစည္းအေ၀း ေခၚယူထားေၾကာင္း ထုတ္ေဖၚေျပာဆုိၿပီး နာရီပုိင္းအတြင္းမွာ အခုလို အိမ္ျဖဴေတာ္ေျပာခြင့္ရပုဂၢဳိလ္က သမၼတ Biden ခရီး စဥ္ကုိ ထုတ္ေဖၚေျပာဆုိခဲ့တာပါ။

႐ုရွားသမၼတ Vladimir Putin ရဲ႕ ယူကရိန္းအေပၚ က်ဳးေက်ာ္မႈေၾကာင့္ အေမရိကန္တလႊား ညီၫြတ္လာၾကေၾကာင္းလည္း သမၼတ Biden က အဂၤါေန႔မွာပဲ သတင္းေထာက္ေတြကို ေျပာလိုက္ပါတယ္။
ယူကရိန္းသမၼတ Zelensky အေမရိကန္ လႊတ္ေတာ္မွာ ဗုဒၶဟူးေန႔ အြန္လုိင္းကေန စကားေျပာၿပီး ေနာက္ပိုင္း အေမရိကန္က ေနာက္ထပ္ အကူအညီေတြ ထပ္ေၾကညာ လိမ့္မယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။ သမၼတ Biden ကေတာ့ ႐ုရွားက အျပင္းအထန္ စစ္ဆင္ေနခ်ိန္မွာ ယူကရိန္းကို အေထာက္အပံ့ေတြ ေပးပို႔ဖို႔ ပိုမိုခက္ခဲလာေနတယ္လို႔ ေျပာပါတယ္။

အဂၤါေန႔ အေစာပုိင္းက ယူကရိန္းၿမိဳ႕ေတာ္ Kiyv ကို ရုရွားက ဗုံႀကဲတုိက္ခုိက္ေနၿပီး လူေနတုိက္ခန္းေတြကု ိထိမွန္ခဲ့တဲ့အတြက္ အရပ္သား ၄ ဦးေသ ဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရှေ့သီတင်းပတ် နေတိုး အထူးထိပ်သီးအစည်းအဝေး သမ္မတဘိုင်ဒင် တက်ရောက်မည်

အမေရိကန်သမ္မတ Joe Biden ဟာ ရုရှားက ယူကရိန်း ကိုကျူးကျော်တဲ့ တလပြည့်နေ့ မတ်လ ၂၄ ရက်နေ့မှာ NATO ထိပ်သီးခေါင်းဆောင်တွေနဲ့ အထူးအရေးပေါ် ထိပ်သီးဆွေးနွေးဖို့ ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့တော်ကို သွားရောက်မယ်လို့ အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki ကအင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဥရောပက မဟာမိတ် ခေါင်းဆောင်တွေနဲ့ လူခြင်းတွေ့ပြီး ရုရှား က ယူကရိန်းကို ဝင်ရောက်ကျူးကျော်တဲ့ အခြေအနေတွေကို သုံးသပ် ဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ သမ္မတကသွားရောက်မှာ ဖြစ်ပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ ပုဂ္ဂိုလ် Jen Psaki က ပြောဆိုခဲ့တာပါ။ ယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ တွေဆုံဖို့ ကိစ္စကိုတော့ စီစဉ်နေဆဲဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

NATO အတွင်းရေးမှူး Jen Stoltenberg က ရုရှားက ယူကရိန်း အပေါ် ကျူးကျော်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အစည်းအဝေး ခေါ်ယူထားကြောင်း ထုတ်ဖေါ်ပြောဆိုပြီး နာရီပိုင်းအတွင်းမှာ အခုလို အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က သမ္မတ Biden ခရီး စဉ်ကို ထုတ်ဖေါ်ပြောဆိုခဲ့တာပါ။

ရုရှားသမ္မတ Vladimir Putin ရဲ့ ယူကရိန်းအပေါ် ကျုးကျော်မှုကြောင့် အမေရိကန်တလွှား ညီညွတ်လာကြကြောင်းလည်း သမ္မတ Biden က အင်္ဂါနေ့မှာပဲ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
ယူကရိန်းသမ္မတ Zelensky အမေရိကန် လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ အွန်လိုင်းကနေ စကားပြောပြီး နောက်ပိုင်း အမေရိကန်က နောက်ထပ် အကူအညီတွေ ထပ်ကြေညာ လိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

သမ္မတ Biden ကတော့ ရုရှားက အပြင်းအထန် စစ်ဆင်နေချိန်မှာ ယူကရိန်းကို အထောက်အပံ့တွေ ပေးပို့ဖို့ ပိုမိုခက်ခဲလာနေတယ်လို့ ပြောပါတယ်။ အင်္ဂါနေ့ အစောပိုင်းက ယူကရိန်းမြို့တော် Kiyv ကို ရုရှားက ဗုံကြဲတိုက်ခိုက်နေပြီး လူနေတိုက်ခန်းတွေကု ိထိမှန်ခဲ့တဲ့အတွက် အရပ်သား ၄ ဦးသေ ဆုံးခဲ့ပါတယ်။

XS
SM
MD
LG