သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ ငွေကြေးဆက်နွယ်မှု ကန် ဖြတ်တောက်မည်


FILE PHOTO: မော်စကိုမြို့က ရုရှား ဗဟိုဘဏ်
FILE PHOTO: မော်စကိုမြို့က ရုရှား ဗဟိုဘဏ်

[[ ZAWGYI / UNICODE ]]

ရုရှား နဲ့ ငွေကြေးဆက်နွယ်မှု ကန် ဖြတ်တောက်မည်

ယူကရိန်းကို ရုရှားဝင်ကျူးကျော်တဲ့ ၅ ရက်မြောက်နေ့မှာပဲ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရုရှားဗဟိုဘဏ် RCB နဲ့ရော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ RDIF နဲ့ပါ ဆက်ဆံမှု ဖြတ်တောက်မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက ပြောကြားလိုက်ပါတယ်။

အခုလို လုပ်ဆောင်တာဟာ Putin အစိုးရအတွက် အကြီးအကျယ်ရိုက်ခတ်မှုရှိလာစေမှာ ဖြစ်ကြောင်း Biden အစိုးရအဖွဲ့ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ ရုရှားဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၃၀ လောက်ကို ချုပ်ကိုင်ထားမယ်လို့ သမ္မတအိမ်ဖြူ အရာရှိတွေက ခန့်မှန်းထားတာပါ။ ရုရှားဘဏ် RCB ကတော့ ရုရှားစီးပွါးရေးနဲ့ ငွေကြေးပြန်ခိုင်မာလာစေဖို့ ဒီငွေတွေကို ရုရှားဒါမှမဟုတ် သူတို့ထိန်းချုပ်နိုင်တဲ့နေရာတွေကို ပြောင်းယူဖို့ ကြိုးစားနေတာဖြစ်ကြောင်း အမေရိကန်အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းကို ဝင်တိုက်ခိုက်တဲ့ ရုရှားအပေါ် နိုင်ငံအများအပြားက အရေးယူဒဏ်ခတ်နေကြတာ ဖြစ်ပြီး တနင်္လာနေ့မှာပဲ ဗြိတိန်အစိုးရက ဗြိတိန်ကုမ္ပဏီတွေကို ရုရှားဗဟိုဘဏ် RCB နဲ့ NWF တို့ကနေ ငွေအလွဲှအပြောင်း လုပ်ခွင့်ပိတ်ပင်လိုက်သလို စင်္ကာပူကလည်း ရုရှားနဲ့ ထုတ်ကုန်ဆိုင်ရာ အပြင် ဘဏ်ငွေအလွှဲအပြောင်း အပါအဝင် အရေးယူကန့်သတ်မှုအသစ်တွေ ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။

ဥရောပကော်မရှင်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီနဲ့ အီတလီ တို့နဲ့အတူ ပူးပေါင်းတဲ့အနေနဲ့ အခုလို ရုရှားနဲ့ ငွေကြေးဆိုင်ရာ ဖြတ်တောက်မှုတွေ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

= = = = = = = = = = = = = = =

{{ UNICODE }}






XS
SM
MD
LG