[[ ZAWGYI / UNICODE ]]
EU အဖဲြ႔ဝင္အျဖစ္ ခ်က္ခ်င္းလက္ခံဖို႔ ယူကရိန္းေလွ်ာက္ထား
အီးယူဥေရာပသမဂၢမွာ ယူကရိန္းပါဝင္ဖို႔ တရားဝင္ပန္ၾကားခ်က္ကို တနလၤာေန႔မွာ ယူကရိန္းသမၼတ Volodymyr Zelenskiy က လက္မွတ္ေရးထိုးလိုက္ၿပီး အီးယူအေနနဲ႔ ယူကရိန္းကို အဖြဲ႔ဝင္အျဖစ္ ခ်က္ခ်င္းလက္ခံဖို႔ကုိလည္း ပန္ၾကားလိုက္တာပါ။
"ယူကရိန္းကို အီးယူ ဥေရာပသမဂၢအဖြဲ႔ဝင္အျဖစ္ ခ်င္ခ်င္းလက္ခံဖို႔ က်ေနာ္တို႔ ပန္ၾကားပါတယ္။ ယူကရိန္းအေနနဲ႔ ႐ုရွားရဲ႕ က်ဴးေက်ာ္ တိုက္ခိုက္မႈကို ကာကြယ္ဖို႔ လိုအပ္ေနတာေၾကာင့္ ဒီထူးျခားတဲ့ အေျခေနေအာက္မွာ အီးယူအေနနဲ႔ ယူကရိန္းကို အဖြဲ႔ဝင္အျဖစ္ ခ်က္ခ်င္းလက္ခံဖို႔" ယူကရိန္းသမၼတက ေျပာၾကားခဲ့တာပါ။
ယူကရိန္းအေနနဲ႔ ဥေရာပ တိုက္သားေတြ အားလံုးနဲ႔ အတူတကြ ရွိဖို႔ ရည္မွန္ခ်က္ထားတာျဖစ္ၿပီး အေရးအႀကီးဆံုးက အားလံုး ညီတူညီမွ် ရွိဖို႔ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
အီးယူမွာ ယူကရိန္းပါဝင္ခြင့္ တရားဝင္ေလွ်ာက္ထားခ်က္ကို ယူကရိန္းဝန္ႀကီးခ်ဳပ္ Denys Shmyhal နဲ႔ လႊတ္ေတာ္ဥကၠဌ Ruslan Stefanchuk တို႔ေရွ႕ေမွာက္မွာ ယူကရိန္းသမၼတက လက္မွတ္ေရးထိုး ခဲ့တာ ျဖစ္ပါတယ္။
ယူကရိန္းကို အဖြဲ႔ဝင္အျဖစ္ လက္မခံဖို႔ အီးယူ ဥေရာပသမဂၢကို ေတာင္းဆိုရင္း ယူကရိန္း ဝန္းက်င္မွာ စစ္အင္အား အႀကီးအက်ယ္ခ်ထားတဲ့ ႐ုရွားက ၿပီးခဲ့တဲ့ သီတင္းပတ္ ၾကာသပေတးေန႔မွာ ယူကရိန္းႏိုင္ငံထဲ စတင္ က်ဴးေက်ာ္ ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။
============================
{{ UNICODE }}
EU အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံဖို့ ယူကရိန်းလျှောက်ထား
အီးယူဥရောပသမဂ္ဂမှာ ယူကရိန်းပါဝင်ဖို့ တရားဝင်ပန်ကြားချက်ကို တနင်္လာနေ့မှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy က လက်မှတ်ရေးထိုးလိုက်ပြီး အီးယူအနေနဲ့ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံဖို့ကိုလည်း ပန်ကြားလိုက်တာပါ။
"ယူကရိန်းကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ချင်ချင်းလက်ခံဖို့ ကျနော်တို့ ပန်ကြားပါတယ်။ ယူကရိန်းအနေနဲ့ ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ကာကွယ်ဖို့ လိုအပ်နေတာကြောင့် ဒီထူးခြားတဲ့ အခြေနေအောက်မှာ အီးယူအနေနဲ့ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံဖို့" ယူကရိန်းသမ္မတက ပြောကြားခဲ့တာပါ။
ယူကရိန်းအနေနဲ့ ဥရောပ တိုက်သားတွေ အားလုံးနဲ့ အတူတကွ ရှိဖို့ ရည်မှန်ချက်ထားတာဖြစ်ပြီး အရေးအကြီးဆုံးက အားလုံး ညီတူညီမျှ ရှိဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။
အီးယူမှာ ယူကရိန်းပါဝင်ခွင့် တရားဝင်လျှောက်ထားချက်ကို ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal နဲ့ လွှတ်တော်ဥက္ကဌ Ruslan Stefanchuk တို့ရှေ့မှောက်မှာ ယူကရိန်းသမ္မတက လက်မှတ်ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်မခံဖို့ အီးယူ ဥရောပသမဂ္ဂကို တောင်းဆိုရင်း ယူကရိန်း ဝန်းကျင်မှာ စစ်အင်အား အကြီးအကျယ်ချထားတဲ့ ရုရှားက ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့မှာ ယူကရိန်းနိုင်ငံထဲ စတင် ကျူးကျော် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။