ICJ ဆံုးျဖတ္ခ်က္အတိုင္း တပ္ျပန္ဆုတ္ဖို႔ ႐ုရွားကို G-7 တိုက္တြန္း
{{Zawgyi/Unicode}}
ယူကရိန္းအေပၚ တုိက္ခုိက္မႈေတြကုိ ရပ္ဆုိင္းၿပီး တပ္ေတြ ျပန္႐ုပ္သိမ္းဖုိ႔ ႏုိင္ငံတကာ တရား႐ုံး (ICJ) ရဲ႕ ဆုံးျဖတ္ခ်က္ကုိ ႐ုရွားက လုိက္နာဖုိ႔ ကမာၻ႔စီးပြားေရးအင္အားႀကီး ၇ ႏုိင္ငံ G-7 အဖဲြ႔၀င္ ႏုိင္ငံျခားေရး၀န္ႀကီးေတြက ေတာင္းဆုိလုိက္ပါတယ္။
Mariupol အပါအ၀င္ ယူကရိန္းၿမိဳ႕ႀကီးေတြမွာ ႐ုရွားတပ္ေတြက အရပ္သားေတြအေပၚ သိမ္းက်ဳံးတုိက္ခုိက္တဲ့ လုပ္ရပ္ေတြ အေပၚမွာလည္း G-7 အဖဲြ႔၀င္ ႏုိင္ငံျခားေရး၀န္ႀကီးေတြရဲ႕ ပူးတဲြေၾကညာခ်က္မွာ ျပစ္တင္႐ႈတ္ခ်ခဲ့တာပါ။
႐ုရွားသမၼတ Vladimir Putin ဟာ တဖက္သတ္ အရွက္မဲ့ တုိက္ခုိက္ခဲ့တဲ့ စစ္ပဲြေၾကာင့္ လူေပါင္းသန္းနဲ႔ခ်ီ အုိးအိမ္စြန္႔ခြာ ထြက္ေျပးၾကရ၊ အေျခခံ အေဆာက္အအုံေတြ၊ ေဆး႐ုံေတြ၊ ေဖ်ာ္ေျဖေရး႐ုံေတြ၊ စာသင္ေက်ာင္းေတြ ထိခုိက္ပ်က္စီးမႈေတြ ႀကံဳခဲ့ရတယ္လုိ႔လည္း ေျပာပါတယ္။
အရပ္သားေတြအေပၚ တုိက္ခုိက္မႈေတြ အပါအ၀င္ စစ္ရာဇ၀တ္မႈ က်ဳးလြန္သူေတြ အေနနဲ႔ တာ၀န္ရွိတဲ့အတုိင္း ရင္ဆုိင္ရမွာ ျဖစ္ေၾကာင္းလည္း သတိေပးခဲ့တာပါ။
ICJ ႏုိင္ငံတကာ တရား႐ုံးက အပါအ၀င္ စုံစမ္းစစ္ေဆးမႈေတြ၊ အခ်က္အလက္ အေထာက္အထား စုေဆာင္းတဲ့ အစီအစဥ္ေတြကုိ ႀကိဳဆုိေၾကာင္းလည္း G-7 ႏုိင္ငံျခားေရး၀န္ႀကီးေတြရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
..................................
ICJ ဆုံးဖြတ်ချက်အတိုင်း တပ်ပြန်ဆုတ်ဖို့ ရုရှားကို G-7 တိုက်တွန်း
{{Zawgyi/Unicode}}
ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပြီး တပ်တွေ ပြန်ရုပ်သိမ်းဖို့ နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက လိုက်နာဖို့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။
Mariupol အပါအဝင် ယူကရိန်းမြို့ကြီးတွေမှာ ရုရှားတပ်တွေက အရပ်သားတွေအပေါ် သိမ်းကျုံးတိုက်ခိုက်တဲ့ လုပ်ရပ်တွေ အပေါ်မှာလည်း G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲကြေညာချက်မှာ ပြစ်တင်ရှုတ်ချခဲ့တာပါ။
ရုရှားသမ္မတ Vladimir Putin ဟာ တဖက်သတ် အရှက်မဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကြောင့် လူပေါင်းသန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရ၊ အခြေခံ အဆောက်အအုံတွေ၊ ဆေးရုံတွေ၊ ဖျော်ဖြေရေးရုံတွေ၊ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရတယ်လို့လည်း ပြောပါတယ်။
အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှု ကျုးလွန်သူတွေ အနေနဲ့ တာဝန်ရှိတဲ့အတိုင်း ရင်ဆိုင်ရမှာ ဖြစ်ကြောင်းလည်း သတိပေးခဲ့တာပါ။
ICJ နိုင်ငံတကာ တရားရုံးက အပါအဝင် စုံစမ်းစစ်ဆေးမှုတွေ၊ အချက်အလက် အထောက်အထား စုဆောင်းတဲ့ အစီအစဉ်တွေကို ကြိုဆိုကြောင်းလည်း G-7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။