သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ICJ ၾကားနာမႈ အေပၚ ႐ိုဟင္ဂ်ာတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္


ဂမ္ဘီယာနဲ႔ ျမန္မာ ႏွစ္ဘက္ ေလ်ာက္လဲခ်က္ တင်သွင်း။

[[Zawgyi/Unicode]]ICJ ၾကားနာမႈ အေပၚ ႐ိုဟင္ဂ်ာတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္
လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံခဲ့ရတဲ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာေတြအတြက္ တရားမွ်တမႈ ICJ ႏိုင္ငံတကာခုံ႐ုံးကေန ေဆာင္က်ဥ္းဆုံးျဖတ္ေပးႏိုင္ေရး ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေမွ်ာ္လင့္ေနၾကပါတယ္။ နယ္သာလန္ႏိုင္ငံ သည္ဟိပ္ၿမိဳ႕ ICJ ႏိုင္ငံတကာခုံ႐ုံးက ျမန္မာႏိုင္ငံနဲ႔ ဂမ္ဘီယာႏိုင္ငံတို႔ၾကား ဒုတိယအႀကိမ္ေျမာက္ ၾကားနာပြဲကို ဘဂၤလားေဒ့ရွ္ေရာက္ဒုကၡသည္ေတြပါ စိတ္ဝင္တစား ၾကည့္ရႈ႕အၿပီး ႏွစ္ဘက္ေလွ်ာက္လဲမႈေတြၾကား ICJ ဘက္က တရားမွ်တမႈရေအာင္ ဆုံးျဖတ္ေပးဖို႔ ေတာင္းဆိုလိုက္ၾကတာပါ။ ဘဂၤလားေဒ့ရွ္ေရာက္ ေကာ့ဇ္ဘဇား ဒုကၡသည္စခန္းအသီးသီးက ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္ တင္ျပထားပါတယ္။

နယ္သာလန္ႏိုင္ငံ သည္ဟိပ္ၿမိဳ႕က ICJ ႏိုင္ငံတကာခုံ႐ုံးမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၁ရက္ကေန႔ ေဖေဖာ္ဝါရီလ ၂၈ရက္ေန႔အထိ ျမန္မာႏိုင္ငံအေရး ၾကားနာပြဲက်င္းပခဲ့တာပါ။ လူမ်ိဳးတုံးသတ္ျဖတ္မႈတားဆီးေရး ႏိုင္ငံတကာသေဘာတူညီခ်က္ကို ျမန္မာဘက္က ခ်ိဳးေဖာက္တယ္ဆိုတဲ့ ICJ တရား႐ုံးမွာ တရားစြဲဆိုႏိုင္ေရး ေလွ်ာက္ထားခ်က္ကို ျမန္မာႏိုင္ငံဘက္က ျမန္မာစစ္ေကာင္စီဘက္က အျပည္ျပည္ဆိုင္ရာဆက္ဆံေရးဝန္ႀကီး ဦးကိုကိုလွႈိင္ဦးေဆာင္တက္ေရာက္ၿပီး ေလွ်ာက္လဲခ်က္ေပးခဲ့သလို ဂမ္ဘီယာႏိုင္ငံဘက္ကလည္း ဥပေဒပညာရွင္ေတြဘက္ကလည္း အျပန္အလွန္ ေလွ်ာက္လဲခ်က္ေတြ တင္သြင္းခဲ့တာပါ။

ICJ ႏိုင္ငံတကာခုံ႐ုံးက ဒီအျပန္အလွန္ႏွစ္ဘက္ၾကားနာပြဲေတြကို သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ခိုလႈံေနထိုင္ရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားေဒသက ဒုကၡသည္စခန္းအသီးသီးက ႐ိုဟင္ဂ်ာဒုကၡသည္ေတြလည္း ေစာင့္ၾကည့္ခဲ့ၾကတယ္လို႔ ဒုကၡသည္ေတြကေျပာပါတယ္။ ဗြီအိုေအျမန္မာပိုင္းအပါအဝင္ သတင္းမီဒီယာေတြကေနတဆင့္ LIVE တိုက္႐ိုက္ထုတ္လႊင့္မႈ တၿပိဳင္နက္တည္းျပသေနခ်ိန္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကိုယ္တိုင္ ေစာင့္ၾကည့္ေလ့လာ ၾကည့္ရႈ႕ခဲ့ၾကတယ္လို႔ ကုတုပေလာင္ဒုကၡသည္စခန္း ကမ့္အမွတ္၇ ေန ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေမာင္ေမာင္က ဗြီအိုေအကိုေျပာပါတယ္။

“LIVE လြင့္တဲ့အခ်ိန္ LIVE က်ေနာ္တို႔ ၾကည့္လို႔္တယ္ VOA ကလည္း က်ေနာ္တို႔ၾကည့္ရတယ္။ DVB RFA ကလည္းရတယ္။ က်ေနာ္တို႔ အကုန္နားေထာင္ၾကတယ္။ က်ေနာ္တို႔ ျမန္မာျပည္က PSI

စေလာင္းတခု ဝယ္လာတယ္ တီဗီလည္းရွိေတာ့ က်ေနာ္တို႔ ဒုကၡသည္ေတြ အကုန္လုံး ထိုင္ၿပီးေတာ့ ၾကည့္ေနၾကတယ္ေလ။ က်ေနာ္တို႔ေတြ အကုန္လုံး စိတ္ပါဝင္စားစြာနဲ႔ နားေထာင္ၾကတယ္။ ဒါေပမဲ့ ျမန္မာအစိုးရဘက္က ေျပာတာေတြကို က်ေနာ္တို႔ ဒီမွာ ရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ဘာမွ သေဘာမတူဘူး။ ဒီကိစၥကို ဂမ္ဘီယာက တရားစြဲဆိုတဲ့ကိစၥကိုလည္း ဂမ္ဘီယာက OIC အိုအိုင္စီ အစားလုပ္တယ္ဆိုၿပီးေတာ့သူတို႔စြပ္စြဲလာတာက က်ေနာ္တို႔ ဒါကိုလုံးဝ ရႈတ္ခ်တယ္။ ဒါဟာ OIC အိုအိုင္စီကိုယ္စား လုပ္တာ လုံးဝမဟုတ္ပါဘူး။ ၂၀၁၉တုန္းက က်ေနာ္တို႔ဆီကို ဂမ္ဘီယာကိုယ္စားလွယ္လာတုန္းက က်ေနာ္တို႔ ေတာင္းဆိုခဲ့တာပါ က်ေနာ္တို႔ ႐ိုဟင္ဂ်ာေတြကိုယ္စားသူတို႔လုပ္တာပါ။”

ဒီသီတင္းပတ္အတြင္း အျပန္အလွန္ေလွ်ာက္လဲခ်က္ေတြ ေပးခဲ့ၾကတဲ့ ICJ ၾကားနာပြဲကေန သိန္းခ်ီတဲ့႐ိုဟင္ဂ်ာေတြ ခ်ိဳးေဖာက္ခံခဲ့ရတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္ ဂမ္ဘီယာႏိုင္ငံအေနနဲ႔ ေဆာင္က်ဥ္းေပးႏိုင္ေရး တရားစြဲဆိုခြင့္ရဖို႔ ႏိုင္ငံတကာတရား႐ုံးဘက္က ဆုံးျဖတ္ေပးႏိုင္မယ္လို႔လည္း ၾကားနာပြဲကို ကိုယ္တိုင္ နားေထာင္ခဲ့ၾကတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာၿမိဳ႕နယ္ ကေမာင္းဆိပ္ တမန္းသားကေန တိမ္းေရွာင္ေပးလာတဲ့ ကိုကာေမတို႔လို ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေမွ်ာ္လင့္ပါတယ္။

“ က်ေနာ္တို႔ ပထမ ၾကားနာစစ္ေဆးမႈတုန္းက PROVISIONAL MEASURES JUSTIC ဆိုၿပီး သတ္မွတ္ေပးထားတာ တခုရွိတယ္။ အခုဒုတိယအႀကိမ္မွာလည္း က်ေနာ္တို႔အတြက္ အေကာင္းဆုံးေသာ ဆုံးျဖတ္ခ်က္တခု ရယူႏိုင္မယ္ ရလိမ့္မယ္လို႔ က်ေနာ္တို႔အေနနဲ႔ ေမွ်ာ္လင့္ပါတယ္။ ျမန္မာဘက္က တင္ျပထားတာနဲ႔ က်ေနာ္တို႔ ဂမ္ဘီယာဘက္က တင္ျပထားတဲ့ဟာမွာ က်ေနာ္တို႔ ဂမ္ဘီယာဘက္က တင္ျပထားတဲ့ဟာက အမွန္တရားျဖစ္တဲ့အတြက္ က်ေနာ္တို႔ JUSTIC ကို အျမန္ဆုံးရၿပီးေတာ့ က်ေနာ္တို႔ အိမ္ေတြကို အျမန္ဆုံးျပန္ခ်င္တယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။ အဲ့ဒီ့ JUSTIC က ဘယ္မွာရႏိုင္လဲဆိုရင္ ဘက္မလိုက္ေသာ တရား႐ုံးဆိုတာ ကမာၻမွာရွိတယ္ အဲ့ဒီ့တရား႐ုံးကေနပဲ ၾကားနာပြဲလုပ္ခဲ့တာဆိုေတာ့ ဒီမွာ ရွိတဲ့သူေတြက ေမွ်ာ္လင့္ခ်က္ဆိုတာ အဲ့ဒီ့တခုပဲရွိတယ္။ အဲ့ဒီ့ေမွ်ာ္လင့္ခ်က္တခုကို ေမွ်ာ္လင့္ထားၿပီးေတာ့ က်ေနာ္တို႔ ဒီမွာ အင္မတန္ကို ဒုကၡေတြခံ အနစ္နာေတြခံရၿပီးေတာ့ ကေလးေလးေတြ ပညာေရးဆုံးရွႈံး လူေတြလည္း အခက္အခဲမ်ိဳးစုံနဲ႔ ဘဝကို ဒုကၡမ်ိဳးစုံ ရင္ဆိုင္ၿပီး ေနၾကရတဲ့အေၾကာင္းတခုပဲရွိတယ္။ အဲ့တာဘာလဲဆိုေတာ့ ႐ိုဟင္ဂ်ာေတြအတြက္ အဲ့ဒီ့ JUSTIC ကတေန႔ျဖစ္လာမယ္ဆိုၿပီးေတာ့ ေမွ်ာ္လင့္ထားတာရွိတယ္ အဲ့တာေၾကာင့္ ဒီကလူေတြ အကုန္လုံး တရားၾကားနာပြဲကို ေသေသခ်ာခ်ာ နားေထာင္ၾကၿပီးေတာ့ ေမွ်ာ္လင့္ခ်က္ခဲ့ၾကပါတယ္။”

လက္ရွိ စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ အရင္တုန္းက ႐ိုဟင္ဂ်ာေတြ ျဖစ္ပ်က္ခဲ့သလို မေကြး စစ္ကိုင္း ျမန္မာေတြအမ်ားစုေနထိုင္ရာေဒသေတြနဲ႔ ကယား ခ်င္း ကရင္စတဲ့ တိုင္းရင္းသားနယ္ေျမေတြမွာပါ ေနအိမ္ေတြမီးရွႈိ႕ လူအစုလိုက္အၿပဳံလိုက္ မီးရွိဴ႕သတ္ျဖတ္တာအပါအဝင္ ဖမ္းဆီးညႇင္းပမ္းႏွိပ္စက္မႈေတြ လုပ္ေနတဲ့ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြအတြက္ပါ တရားမွ်တမႈရေစခ်င္တယ္လို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္းမွာ ၂၀၁၂ခုႏွစ္၊ ၂၀၁၇ခုႏွစ္ အျဖစ္အပ်က္ေတြအျပင္ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြကို ေခတ္အဆက္ဆက္ က်ဴးလြန္ခံခဲ့ရတဲ့နစ္နာမႈေတြအတြက္ တရားမွ်တမႈေတြကို အသက္ေသဆုံး ဘဝေတြပါပ်က္ အိုးအိမ္စြန႔္ခြာထြက္ေျပးလာၾကရသူ သူတို႔လို နစ္နာသူေတြအတြက္ ရေစခ်င္တယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ဦးေမာင္ေမာင္ကလည္း ေျပာပါတယ္။


“က်ေနာ္တို႔ ၂၀၁၂ခုႏွစ္ကတည္းကေတာင္ မဟုတ္ပါဘူး ေမြးဖြားလာကတည္းက ဖိႏွိပ္မႈေတြ ခြဲျခားမႈေတြ ခံစားခဲ့ၾကရၿပီးေတာ့ က်ေနာ္တို႔ေတြ ေျပးလာၾကရတာပါ။ အခုဆိုရင္ အဲ့မွာရွိတဲ့ျပည္သူလူထုေတြပါ တေယာက္မက်န္ ဥပေဒမဲ့ သတ္ျဖတ္တာ ဖမ္းဆီးတာ အခုဆို ႐ြာေတြကို မီးရွႈိ႕တာ မုဒိမ္းက်င့္တာ ဒါေတြကို ရွႈတ္ခ်တယ္ ျမန္မာျပည္သူလူထုေတြနဲ႔အတူတူပဲ က်ေနာ္တို႔ရပ္တည္ခ်င္တယ္။ က်ေနာ္တို႔ ျမန္မာျပည္သူလူထုေတြအတြက္ပါ ရခိုင္မွာရွိတဲ့ မူဆလင္ေတြသာမကပါ အခု စစ္ကိုင္းတိုင္း မေကြးတိုင္း ရွမ္းတို႔ ကခ်င္တို႔ ကရင္တို႔မွာ က်ေနာ္တို႔ ခံစားခဲ့ၾကရတဲ့ပုံစံအတိုင္း အခုလည္း သူတို႔ ခံစားေနၾကတယ္။ စစ္တပ္ဘက္ကလည္း ICC ICJ မွာ တရားရင္ဆိုင္ေနရတာေတာင္ က်ဴးလြန္မႈေတြကို အခုထိကို မရပ္တန႔္ေသးဘူး။ အခုထိက်ဴးလြန္မႈ လုပ္ေနေသးတာဟာလည္း အဓိပါယ္မရွိဘူးလို႔ က်ေနာ္တို႔ေျပာခ်င္ပါတယ္။”

ဦးေမာင္ေမာင္အပါအဝင္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ICJ တရား႐ုံးထုတ္လႊင့္မႈေတြကို ေစာင့္ၾကည့္ခဲ့ၾကတာပါ။ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးကို လက္ခံမထားတဲ့ ျမန္မာႏိုင္ငံဘက္ကေတာ့ ၂၀၁၂ခုႏွစ္နဲ႔ ၂၀၁၇ခုႏွစ္ေတြမွာ ျမန္မာႏိုင္ငံတြင္း ျဖစ္ပ်က္ခံရမႈေတြမွာ ဂမ္ဘီယာႏိုင္ငံက နစ္နာသူမဟုတ္သလို ICJ အေနနဲ႔လည္း စီရင္ပိုင္ခြင့္မရွိဘူးဆိုတာကို ကန႔္ကြက္လႊာတင္သြင္း ျငင္းဆိုေလွ်ာက္လဲခဲ့တာပါ။ လူမ်ိဳးတုန္းသတ္ျဖတ္ခံရမႈေတြအတြက္ တရားမွ်တမႈရေအာင္ ဂမ္ဘီယာအေနနဲ႔ တရားစြဲဆိုႏိုင္မွ-အခုလက္ရွိျဖစ္ပ်က္ေနတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအတြက္ တရားမွ်တမႈရႏိုင္ေရး လမ္းစပြင့္သြားမွာလို႔လည္း ကိုကာေမတို႔လို ႐ိုဟင္ဂ်ာေတြကရႈ႕ျမင္ပါတယ္။

“ က်ေနာ္တို႔ အေတြ႕အႀကဳံနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ျမန္မာႏိုင္ငံမွာ ဒီလိုမတရား ညႇင္းပမ္းႏွိပ္စက္ေနတာ က်ေနာ္တို႔ လူမ်ိဳးတမ်ိဳးတည္းလို႔ ေျပာလို႔ရမွာမဟုတ္ပါဘူး။ တျခားတိုင္းရင္းသားေတြကိုလည္း ညႇင္းပမ္းႏွိပ္စက္လာတာ ႏွစ္ေပါင္း ၇၀ ေက်ာ္ ၾကာလာပါၿပီ။ ျမန္မာျပည္မွာရွိတဲ့လူမ်ိဳးအားလုံး တန္းတူအခြင့္အေရးေတြ ရသြားမယ္ဆိုရင္ က်ေနာ္တို႔အတြက္ တရားမွ်တမႈလည္းရမယ္လို႔ က်ေနာ္တို႔ အထူးေမွ်ာ္လင့္ၿပီး ေစာင့္ေမွ်ာ္ေနတာျဖစ္ပါတယ္။ ပထမအႀကိမ္ၾကားနာစစ္ေဆးမႈတုန္းကလည္း ႏိုဘယ္လ္ဆုရွင္ေဒၚေအာင္ဆန္းစုၾကည္ေျပာသြားတဲ့စကားေတြလိုပဲ အခုဒုတိယအႀကိမ္မွာလည္း သူတို႔ေျပာသြားတာရွိတယ္ ဂမ္ဘီယာဘက္က တရားစြဲဆိုလို႔မရဘူးဆိုၿပီးေျပာတယ္။ ဒါေပမဲ့ က်ေနာ္တို႔ ဒီမွာရွိတဲ့သူေတြက ဂမ္ဘီယာက ေတာင္းဆိုထားတဲ့ အမွန္တရားေတြကို အေထာက္အထားျပည့္ျပည့္စုံစုံနဲ႔ က်ေနာ္တို႔ တင္ျပထားၿပီးျဖစ္တဲ့အတြက္ က်ေနာ္တို႔အတြက္ တရားမွ်တမႈရရွိမယ္လို႔ ထင္တယ္။ ျမန္မာအစိုးရဘက္က ဒီဘက္ကို ေရာက္လာတုန္းကလည္း က်ေနာ္တို႔တင္ျပခဲ့တာရွိတယ္။ ကမာၻ႔တရား႐ုံးမွာ တရားမွ်တမႈရဖို႔ တရားစြဲတာကိုလည္း က်ေနာ္တို႔ ႀကိဳဆိုတယ္။ က်ေနာ္တို႔ကိုယ္စား တရားမွ်တမႈရဖို႔ တရားစြဲေပးတဲ့ ဂမ္ဘီယာကိုလည္း က်ေနာ္တို႔က တကယ့္ကို အထူးေက်းဇူးတင္ပါတယ္။

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးကို တရားဝင္ လက္ခံေခၚေဝၚသတ္မွတ္ျခင္းမရွိခဲ့တဲ့ ျမန္မာႏိုင္ငံဘက္ကေန ICJ ႏိုင္ငံတကာခုံ႐ုံးမွာ ပထမတႀကိမ္တုန္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ လာေရာက္ေလွ်ာက္လဲခဲ့သလို အခုတႀကိမ္မွာလည္း အာဏာသိမ္းစစ္ေကာင္စီဘက္က လာေရာက္ေလွ်ာက္လဲခဲ့တဲ့ ICJ ႏိုင္ငံတကာခုံ႐ုံးေတာ္က ျမန္မာႏိုင္ငံအေရး- ဂမ္ဘီယာနဲ႔ ျမန္မာႏွစ္ႏိုင္ငံ ေလွ်ာက္လဲခ်က္ေတြအေပၚ မၾကာခင္မွာပဲ ဆုံးျဖတ္မယ့္ ICJ ႏိုင္ငံတကာခုံ႐ုံးရဲ႕ စီရင္ဆုံးျဖတ္ခ်က္ေတြအေပၚ ဘဂၤလားေဒ့ရွ္ေရာက္ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ တရားမွ်တမႈရဖို႔အေရး ေမွ်ာ္လင့္ေနၾကသလို---ျမန္မာျပည္တြင္းမွာက်န္ရစ္ခဲ့တဲ့ မူဆလင္ေတြကလည္း စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္

UNICODE

ICJ ကြားနာမှု အပေါ် ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်


လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ICJ နိုင်ငံတကာခုံရုံးကနေ ဆောင်ကျဉ်းဆုံးဖြတ်ပေးနိုင်ရေး ရိုဟင်ဂျာဒုက္ခသည်တွေ မျှော်လင့်နေကြပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟိပ်မြို့ ICJ နိုင်ငံတကာခုံရုံးက မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့ကြား ဒုတိယအကြိမ်မြောက် ကြားနာပွဲကို ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေပါ စိတ်ဝင်တစား ကြည့်ရှု့အပြီး နှစ်ဘက်လျှောက်လဲမှုတွေကြား ICJ ဘက်က တရားမျှတမှုရအောင် ဆုံးဖြတ်ပေးဖို့ တောင်းဆိုလိုက်ကြတာပါ။ ဘင်္ဂလားဒေ့ရှ်ရောက် ကော့ဇ်ဘဇား ဒုက္ခသည်စခန်းအသီးသီးက ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြထားပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိပ်မြို့က ICJ နိုင်ငံတကာခုံရုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ရက်ကနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ မြန်မာနိုင်ငံအရေး ကြားနာပွဲကျင်းပခဲ့တာပါ။ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး နိုင်ငံတကာသဘောတူညီချက်ကို မြန်မာဘက်က ချိုးဖောက်တယ်ဆိုတဲ့ ICJ တရားရုံးမှာ တရားစွဲဆိုနိုင်ရေး လျှောက်ထားချက်ကို မြန်မာနိုင်ငံဘက်က မြန်မာစစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှှိုင်ဦးဆောင်တက်ရောက်ပြီး လျှောက်လဲချက်ပေးခဲ့သလို ဂမ်ဘီယာနိုင်ငံဘက်ကလည်း ဥပဒေပညာရှင်တွေဘက်ကလည်း အပြန်အလှန် လျှောက်လဲချက်တွေ တင်သွင်းခဲ့တာပါ။

ICJ နိုင်ငံတကာခုံရုံးက ဒီအပြန်အလှန်နှစ်ဘက်ကြားနာပွဲတွေကို သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းအသီးသီးက ရိုဟင်ဂျာဒုက္ခသည်တွေလည်း စောင့်ကြည့်ခဲ့ကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းအပါအဝင် သတင်းမီဒီယာတွေကနေတဆင့် LIVE တိုက်ရိုက်ထုတ်လွှင့်မှု တပြိုင်နက်တည်းပြသနေချိန် ရိုဟင်ဂျာဒုက္ခသည်တွေကိုယ်တိုင် စောင့်ကြည့်လေ့လာ ကြည့်ရှု့ခဲ့ကြတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်း ကမ့်အမှတ်၇ နေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်က ဗွီအိုအေကိုပြောပါတယ်။

“LIVE လွင့်တဲ့အချိန် LIVE ကျနော်တို့ ကြည့်လို့်တယ် VOA ကလည်း ကျနော်တို့ကြည့်ရတယ်။ DVB RFA ကလည်းရတယ်။ ကျနော်တို့ အကုန်နားထောင်ကြတယ်။ ကျနော်တို့ မြန်မာပြည်က PSI

စလောင်းတခု ဝယ်လာတယ် တီဗီလည်းရှိတော့ ကျနော်တို့ ဒုက္ခသည်တွေ အကုန်လုံး ထိုင်ပြီးတော့ ကြည့်နေကြတယ်လေ။ ကျနော်တို့တွေ အကုန်လုံး စိတ်ပါဝင်စားစွာနဲ့ နားထောင်ကြတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်က ပြောတာတွေကို ကျနော်တို့ ဒီမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ဘာမှ သဘောမတူဘူး။ ဒီကိစ္စကို ဂမ်ဘီယာက တရားစွဲဆိုတဲ့ကိစ္စကိုလည်း ဂမ်ဘီယာက OIC အိုအိုင်စီ အစားလုပ်တယ်ဆိုပြီးတော့သူတို့စွပ်စွဲလာတာက ကျနော်တို့ ဒါကိုလုံးဝ ရှုတ်ချတယ်။ ဒါဟာ OIC အိုအိုင်စီကိုယ်စား လုပ်တာ လုံးဝမဟုတ်ပါဘူး။ ၂၀၁၉တုန်းက ကျနော်တို့ဆီကို ဂမ်ဘီယာကိုယ်စားလှယ်လာတုန်းက ကျနော်တို့ တောင်းဆိုခဲ့တာပါ ကျနော်တို့ ရိုဟင်ဂျာတွေကိုယ်စားသူတို့လုပ်တာပါ။”

ဒီသီတင်းပတ်အတွင်း အပြန်အလှန်လျှောက်လဲချက်တွေ ပေးခဲ့ကြတဲ့ ICJ ကြားနာပွဲကနေ သိန်းချီတဲ့ရိုဟင်ဂျာတွေ ချိုးဖောက်ခံခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဂမ်ဘီယာနိုင်ငံအနေနဲ့ ဆောင်ကျဉ်းပေးနိုင်ရေး တရားစွဲဆိုခွင့်ရဖို့ နိုင်ငံတကာတရားရုံးဘက်က ဆုံးဖြတ်ပေးနိုင်မယ်လို့လည်း ကြားနာပွဲကို ကိုယ်တိုင် နားထောင်ခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ကမောင်းဆိပ် တမန်းသားကနေ တိမ်းရှောင်ပေးလာတဲ့ ကိုကာမေတို့လို ရိုဟင်ဂျာဒုက္ခသည်တွေက မျှော်လင့်ပါတယ်။

“ ကျနော်တို့ ပထမ ကြားနာစစ်ဆေးမှုတုန်းက PROVISIONAL MEASURES JUSTIC ဆိုပြီး သတ်မှတ်ပေးထားတာ တခုရှိတယ်။ အခုဒုတိယအကြိမ်မှာလည်း ကျနော်တို့အတွက် အကောင်းဆုံးသော ဆုံးဖြတ်ချက်တခု ရယူနိုင်မယ် ရလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ မြန်မာဘက်က တင်ပြထားတာနဲ့ ကျနော်တို့ ဂမ်ဘီယာဘက်က တင်ပြထားတဲ့ဟာမှာ ကျနော်တို့ ဂမ်ဘီယာဘက်က တင်ပြထားတဲ့ဟာက အမှန်တရားဖြစ်တဲ့အတွက် ကျနော်တို့ JUSTIC ကို အမြန်ဆုံးရပြီးတော့ ကျနော်တို့ အိမ်တွေကို အမြန်ဆုံးပြန်ချင်တယ်လို့ ကျနော်ပြောချင်ပါတယ်။ အဲ့ဒီ့ JUSTIC က ဘယ်မှာရနိုင်လဲဆိုရင် ဘက်မလိုက်သော တရားရုံးဆိုတာ ကမ္ဘာမှာရှိတယ် အဲ့ဒီ့တရားရုံးကနေပဲ ကြားနာပွဲလုပ်ခဲ့တာဆိုတော့ ဒီမှာ ရှိတဲ့သူတွေက မျှော်လင့်ချက်ဆိုတာ အဲ့ဒီ့တခုပဲရှိတယ်။ အဲ့ဒီ့မျှော်လင့်ချက်တခုကို မျှော်လင့်ထားပြီးတော့ ကျနော်တို့ ဒီမှာ အင်မတန်ကို ဒုက္ခတွေခံ အနစ်နာတွေခံရပြီးတော့ ကလေးလေးတွေ ပညာရေးဆုံးရှှုံး လူတွေလည်း အခက်အခဲမျိုးစုံနဲ့ ဘဝကို ဒုက္ခမျိုးစုံ ရင်ဆိုင်ပြီး နေကြရတဲ့အကြောင်းတခုပဲရှိတယ်။ အဲ့တာဘာလဲဆိုတော့ ရိုဟင်ဂျာတွေအတွက် အဲ့ဒီ့ JUSTIC ကတနေ့ဖြစ်လာမယ်ဆိုပြီးတော့ မျှော်လင့်ထားတာရှိတယ် အဲ့တာကြောင့် ဒီကလူတွေ အကုန်လုံး တရားကြားနာပွဲကို သေသေချာချာ နားထောင်ကြပြီးတော့ မျှော်လင့်ချက်ခဲ့ကြပါတယ်။”

လက်ရှိ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အရင်တုန်းက ရိုဟင်ဂျာတွေ ဖြစ်ပျက်ခဲ့သလို မကွေး စစ်ကိုင်း မြန်မာတွေအများစုနေထိုင်ရာဒေသတွေနဲ့ ကယား ချင်း ကရင်စတဲ့ တိုင်းရင်းသားနယ်မြေတွေမှာပါ နေအိမ်တွေမီးရှှို့ လူအစုလိုက်အပြုံလိုက် မီးရှိူ့သတ်ဖြတ်တာအပါအဝင် ဖမ်းဆီးညှင်းပမ်းနှိပ်စက်မှုတွေ လုပ်နေတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအတွက်ပါ တရားမျှတမှုရစေချင်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ၂၀၁၂ခုနှစ်၊ ၂၀၁၇ခုနှစ် အဖြစ်အပျက်တွေအပြင် လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ခေတ်အဆက်ဆက် ကျူးလွန်ခံခဲ့ရတဲ့နစ်နာမှုတွေအတွက် တရားမျှတမှုတွေကို အသက်သေဆုံး ဘဝတွေပါပျက် အိုးအိမ်စွန့်ခွာထွက်ပြေးလာကြရသူ သူတို့လို နစ်နာသူတွေအတွက် ရစေချင်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်ဦးမောင်မောင်ကလည်း ပြောပါတယ်။
“ကျနော်တို့ ၂၀၁၂ခုနှစ်ကတည်းကတောင် မဟုတ်ပါဘူး မွေးဖွားလာကတည်းက ဖိနှိပ်မှုတွေ ခွဲခြားမှုတွေ ခံစားခဲ့ကြရပြီးတော့ ကျနော်တို့တွေ ပြေးလာကြရတာပါ။ အခုဆိုရင် အဲ့မှာရှိတဲ့ပြည်သူလူထုတွေပါ တယောက်မကျန် ဥပဒေမဲ့ သတ်ဖြတ်တာ ဖမ်းဆီးတာ အခုဆို ရွာတွေကို မီးရှှို့တာ မုဒိမ်းကျင့်တာ ဒါတွေကို ရှှုတ်ချတယ် မြန်မာပြည်သူလူထုတွေနဲ့အတူတူပဲ ကျနော်တို့ရပ်တည်ချင်တယ်။ ကျနော်တို့ မြန်မာပြည်သူလူထုတွေအတွက်ပါ ရခိုင်မှာရှိတဲ့ မူဆလင်တွေသာမကပါ အခု စစ်ကိုင်းတိုင်း မကွေးတိုင်း ရှမ်းတို့ ကချင်တို့ ကရင်တို့မှာ ကျနော်တို့ ခံစားခဲ့ကြရတဲ့ပုံစံအတိုင်း အခုလည်း သူတို့ ခံစားနေကြတယ်။ စစ်တပ်ဘက်ကလည်း ICC ICJ မှာ တရားရင်ဆိုင်နေရတာတောင် ကျူးလွန်မှုတွေကို အခုထိကို မရပ်တန့်သေးဘူး။ အခုထိကျူးလွန်မှု လုပ်နေသေးတာဟာလည်း အဓိပါယ်မရှိဘူးလို့ ကျနော်တို့ပြောချင်ပါတယ်။”

ဦးမောင်မောင်အပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေဟာ ICJ တရားရုံးထုတ်လွှင့်မှုတွေကို စောင့်ကြည့်ခဲ့ကြတာပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်ကတော့ ၂၀၁၂ခုနှစ်နဲ့ ၂၀၁၇ခုနှစ်တွေမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်ခံရမှုတွေမှာ ဂမ်ဘီယာနိုင်ငံက နစ်နာသူမဟုတ်သလို ICJ အနေနဲ့လည်း စီရင်ပိုင်ခွင့်မရှိဘူးဆိုတာကို ကန့်ကွက်လွှာတင်သွင်း ငြင်းဆိုလျှောက်လဲခဲ့တာပါ။ လူမျိုးတုန်းသတ်ဖြတ်ခံရမှုတွေအတွက် တရားမျှတမှုရအောင် ဂမ်ဘီယာအနေနဲ့ တရားစွဲဆိုနိုင်မှ-အခုလက်ရှိဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုရနိုင်ရေး လမ်းစပွင့်သွားမှာလို့လည်း ကိုကာမေတို့လို ရိုဟင်ဂျာတွေကရှု့မြင်ပါတယ်။

“ ကျနော်တို့ အတွေ့အကြုံနဲ့ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီလိုမတရား ညှင်းပမ်းနှိပ်စက်နေတာ ကျနော်တို့ လူမျိုးတမျိုးတည်းလို့ ပြောလို့ရမှာမဟုတ်ပါဘူး။ တခြားတိုင်းရင်းသားတွေကိုလည်း ညှင်းပမ်းနှိပ်စက်လာတာ နှစ်ပေါင်း ၇၀ ကျော် ကြာလာပါပြီ။ မြန်မာပြည်မှာရှိတဲ့လူမျိုးအားလုံး တန်းတူအခွင့်အရေးတွေ ရသွားမယ်ဆိုရင် ကျနော်တို့အတွက် တရားမျှတမှုလည်းရမယ်လို့ ကျနော်တို့ အထူးမျှော်လင့်ပြီး စောင့်မျှော်နေတာဖြစ်ပါတယ်။ ပထမအကြိမ်ကြားနာစစ်ဆေးမှုတုန်းကလည်း နိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့စကားတွေလိုပဲ အခုဒုတိယအကြိမ်မှာလည်း သူတို့ပြောသွားတာရှိတယ် ဂမ်ဘီယာဘက်က တရားစွဲဆိုလို့မရဘူးဆိုပြီးပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီမှာရှိတဲ့သူတွေက ဂမ်ဘီယာက တောင်းဆိုထားတဲ့ အမှန်တရားတွေကို အထောက်အထားပြည့်ပြည့်စုံစုံနဲ့ ကျနော်တို့ တင်ပြထားပြီးဖြစ်တဲ့အတွက် ကျနော်တို့အတွက် တရားမျှတမှုရရှိမယ်လို့ ထင်တယ်။ မြန်မာအစိုးရဘက်က ဒီဘက်ကို ရောက်လာတုန်းကလည်း ကျနော်တို့တင်ပြခဲ့တာရှိတယ်။ ကမ္ဘာ့တရားရုံးမှာ တရားမျှတမှုရဖို့ တရားစွဲတာကိုလည်း ကျနော်တို့ ကြိုဆိုတယ်။ ကျနော်တို့ကိုယ်စား တရားမျှတမှုရဖို့ တရားစွဲပေးတဲ့ ဂမ်ဘီယာကိုလည်း ကျနော်တို့က တကယ့်ကို အထူးကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးကို တရားဝင် လက်ခံခေါ်ဝေါ်သတ်မှတ်ခြင်းမရှိခဲ့တဲ့ မြန်မာနိုင်ငံဘက်ကနေ ICJ နိုင်ငံတကာခုံရုံးမှာ ပထမတကြိမ်တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်လျှောက်လဲခဲ့သလို အခုတကြိမ်မှာလည်း အာဏာသိမ်းစစ်ကောင်စီဘက်က လာရောက်လျှောက်လဲခဲ့တဲ့ ICJ နိုင်ငံတကာခုံရုံးတော်က မြန်မာနိုင်ငံအရေး- ဂမ်ဘီယာနဲ့ မြန်မာနှစ်နိုင်ငံ လျှောက်လဲချက်တွေအပေါ် မကြာခင်မှာပဲ ဆုံးဖြတ်မယ့် ICJ နိုင်ငံတကာခုံရုံးရဲ့ စီရင်ဆုံးဖြတ်ချက်တွေအပေါ် ဘင်္ဂလားဒေ့ရှ်ရောက် သိန်းချီတဲ့ ရိုဟင်ဂျာတွေ တရားမျှတမှုရဖို့အရေး မျှော်လင့်နေကြသလို---မြန်မာပြည်တွင်းမှာကျန်ရစ်ခဲ့တဲ့ မူဆလင်တွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်းပါ။

XS
SM
MD
LG