သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘောတူထားတာကို ချိုးဖောက်မှုက အဓိကပြဿနာဟု ဂမ်ဘီယာတင်ပြ


ရိုဟင်ဂျာ Genocide အမှု မြန်မာနိုင်ငံအပေါ် စွဲဆိုခွင့် ရှိ ကြောင်း ICJ မှာ Gambia လျှောက်လဲ
ရိုဟင်ဂျာ Genocide အမှု မြန်မာနိုင်ငံအပေါ် စွဲဆိုခွင့် ရှိ ကြောင်း ICJ မှာ Gambia လျှောက်လဲ

[[Zawgyi/Unicode]]

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု စွဲဆိုချက်နဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ သောကြာနေ့က မြန်မာနိုင်ငံရဲ့တင်ပြချက်အပေါ် ဂမ်ဘီယာနိုင်ငံက အခု သတင်းကြေညာနေတဲ့အချိန်မှာ ချေပလျှောက်လဲသွားပါတယ်။

ဂမ်ဘီယာက လျှောက်ထားရာမှာ မြန်မာတင်ပြခဲ့တာက အရင်တင်ပြခဲ့တတွေကိုပဲ တင်ပြတာကြောင့် အနည်းငယ်ပဲ တင်ပြပါမယ်လို့ အစချီပြီး ဂမ်ဘီယာကို မြန်မာက စွပ်စွဲသလို OIC ရဲ့ ခိုင်းစေချက်အရလုပ်တာမဟုတ်ကြောင်း အထောက်အထားတွေ တင်ပြသွားပါတယ်။

အဓိကအကြောင်းက လူမျိုးသုဉ်း လုပ်ရပ်များဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်မှာ သဘောတူခဲ့သလို မြန်မာက မထိန်းသိမ်းဘဲ ချိုးဖောက်တာဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် ဒီအမှုမှာ အဓိကကျတာက လူမျိုးသုဉ်းလုပ်ရပ်များဆိုင်ရာ သဘောတူညီချက် ဖြစ်ပြီး နိုင်ငံတကာဥပဒေ ဓလေ့ထုံးတမ်း (customary international law) မဟုတ်ဘူးလို့ ပြောပါတယ်။

အခု လူမျိုးသုဉ်း သဘောတူညီချက်အရ အခြား နိုင်ငံသား ဖြစ်မှုမဖြစ်မှုနဲ့မဆိုင်ဘဲ ဘယ်လူမျိုးပေါ်မဆို လူမျိုးသုဉ်းလုပ်ရပ်တွေကျူးလွန်ရင် အကျုံးဝင်ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ် မှုတွေဟာ ကိုယ့်နိုင်ငံသားနဲ့ လူနည်းစုတွေအပေါ်လည်း ကျူးလွန်နိုင်ကြောင်း၊ လူသားမျိုးနွယ်ရဲ့ လူသားတယောက်မှာ နိုင်ငံနဲ့မဆိုင်ဘဲ အစော်ကားမခံရဖို့ အာမခံတဲ့ လူ့အခွင့်အရေး ရှိပါကြောင်း အရင် ဆုံးဖြတ်ချက်တွေကို ကိုးကား တင်ပြသွားပါတယ်။

မြန်မာဟာ ပြဌာန်းချက် ၈ ကို ထပ်မံကိုးကားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတာတွေအတွက် ခေါင်းရှောင်ဖို့ ကြိုးစားတာဖြစ်တယ်လို့လည်း ချေပသွားပါတယ်။

#MyanmarICJ #MyanmarGambia #VOABurmese

=============
[[Unicode]]








#MyanmarICJ #MyanmarGambia #VOABurmese

=============

XS
SM
MD
LG