သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရုရွား-ယူကရိန္းအေရး ICJ ၾကားနာမႈ ရုရွားပ်က္ကြက္


World Court Russia Ukraine

ႏွစ္ေပါင္းမ်ားစြာအတြင္း ဥေရာပတုိက္မွာ ဒုကၡသည္ အမ်ားဆုံးျဖစ္လာေစတဲ့ ယူကရိန္းႏိုင္ငံတြင္း တိုက္ခုိက္မႈကို တရားဝင္ရပ္စဲႏိုင္ဖို႔ ICJ တရားရုံးက ၾကားနာမယ့္ကိစၥမွာ ရုရွားကုိယ္စားလွယ္အဖြဲ႔ လာေရာက္ဖို႔ ပ်က္ကြက္ခဲ့ပါတယ္။ လူမ်ဳိးတုန္းသတ္ျဖတ္မႈေတြ ရွိေနလို႔ ယူကရိန္းကို သူ က်ဴးေက်ာ္တာဟာ မွန္ကန္တယ္လုိ႔ ရုရွားသမၼတ Vladimir Putin က ေျပာဆိုထားတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး အျငင္းပြားေနတာ နဲ႔ ပတ္သက္လို႔ Lisa Bryant ပဲရစ္ၿမဳိ႕က ေပးပို႔တဲ့ သတင္းကို ကိုဉာဏ္ဝင္းေအာင္ ေျပာျပမွာျဖစ္ပါတယ္။

ICJ မွာ ရုရွား ဥပေဒအက်ဳိးေဆာင္အဖြဲ႔ မတက္ေရာက္ဘူးဆိုတာက အဓိပၸါယ္ အမ်ားႀကီးရွိပါတယ္။ အဲဒီေနာက္ ယူကရိန္းဖက္ကို ေျပာဆိုခြင့္ေပးလုိက္ခ်ိန္မွာ ယူကရိန္းကိုယ္စားလွယ္အဖြဲ႔ ေခါင္းေဆာင္ Anton Korynevych က ရုရွားအေပၚ စြပ္စြဲခ်က္ေတြကို အေၾကာင္းျပ ေျပာဆိုပါတယ္။

"ဒီတရားရုံးမွာ ရုရွားဖက္က တက္ေရာက္ဖို႔ ပ်က္ကြယ္တာက သိသာလြန္းတဲ့ အခ်က္ပါ။ သူတို႔က ဒီရုံးေတာ္မွာ တရားနည္းလမ္းနဲ႔ ေျဖရွင္းရမယ့္အစား၊ က်ေနာ္တုိ႔ တိုင္းျပည္တြင္းက စစ္ေျမျပင္မွာ က်ဴးေက်ာ္စစ္ကို ဆင္ႏႊဲေနၾက လို႔ပါ။"

ICJ တရားရုံးဟာ ႏိုင္ငံေတြၾကား အျငင္းပြားမႈေတြကို ဥပေဒေၾကာင္းအရ ေျဖရွင္းေပးေနတဲ့ ကမၻာ့အဆင့္ျမင့္ဆုံး တရားရုံးျဖစ္ပါတယ္။ ရုရွားဖက္က ေခ်ပခ်က္ေတြ မတ္လ ၈ ရက္ အဂၤါေန႔မွာ တင္သြငး္ရမွာ ျဖစ္ေပမဲ့ ျဖစ္ႏိုင္ေခ် နည္းပါတယ္။

ယူကရိန္းအေရွ႕ဖက္ျခမ္းက ရုရွားလူမ်ဳိးေတြဟာ အႏိုင္က်င့္တာ လူမ်ဳိးတုန္းသတ္ျဖတ္တာ ရင္ဆိုင္ေနရတာကို အကာကြယ္ေပးဖို႔အတြက္ ယူကရိန္းကို က်ဴးေက်ာ္ရတာပါလုိ႔ သမၼတ ပူတင္က အေၾကာင္းျပပါတယ္။

လူမ်ဳိးတုံးသတ္ျဖတ္မႈဆုိင္ရာ ႏိုင္ငံတကာစာခ်ဳပ္မွာ ရုရွားေရာ ယူကရိန္းပါ လက္မွတ္ထိုးထားၾကတာပါ။ Genocide ေရးရာ ကၽြမ္းက်င္သူေတြကေတာ့ ပူတင္ရဲ႕အေၾကာင္းျပခ်က္က အေျခအျမစ္ မရွိဘူးလို႔ ဆုိပါတယ္။ ရုရွားအစိုးရဟာ တရားဥပေဒကို တဖက္သတ္ အလြဲသုံးစား လုပ္ေနတယ္ဆိုၿပီး ရုရွားဥပေဒအက်ဳိးေဆာင္အဖြဲ႔မွာပါတဲ့ ျပင္သစ္ပညာရွင္တဦး ႏႈတ္ထြက္သြားပါတယ္။

က်ဴးေက်ာ္တိုက္ခုိက္မႈေတြ အဆုံးသတ္ေစဖို႔ ICJ အေနနဲ႔ "provisional measures”ေခၚတဲ့ ၾကားကာလ တားျမစ္မိန္႔ ခ်မွတ္ ေပးဖို႔ ယူရိန္းက လိုလားေနတာပါ။ အေျခအေနေတြ မဆုိးလာခင္ တားျမစ္ဖို႔ ရည္ရြယ္တာျဖစ္တယ္လို႔ Korynevych ကဆိုပါတယ္။

"ရုရွားကို တားျမစ္ဖို႔ လိုပါတယ္။ အဲဒီလို တားျမစ္ဖုိ႔က ဒီတရားရုံးရဲ႕အခန္းက႑ပါ။ ဒါေၾကာင့္ ယူကရိန္း ျပည္သူေတြ ေရာ၊ ယူကရိန္းအစိုးရနဲ႔ သမၼတ(ဇယ္-လင္း- စကီး)တို႔ကပါ ေလးစားစြာ တင္ျပ ေတာင္းဆိုေနတာပါ။ တားျမစ္မိန္႔ ခ်ေပးဖို႔ဆိုတဲ့ က်ေနာ္တို႔ရဲ႕ ေမတၱာရပ္ခံခ်က္ကို အျမန္ဆုံး အတည္ျပဳေပးဖို႔ လိုပါတယ္။"

ဒီပဋိပကၡကေန အဆုိးရြားဆုံး နာတာရွည္ လူသားခ်င္းစာနာမႈနဲ႔ သဘာဝ ဝန္းက်င္ဆိုင္ရာ ေနာက္ဆက္တြဲ ဆိုးက်ဳိးေတြ ျဖစ္လာမယ္လို႔ ခန္႔မွန္းေနၾကပါတယ္။ တရားရုံးရဲ႕စီရင္ခ်က္ေတြဟာ က်ယ္ျပန္႔တဲ့ ရုိက္ခတ္မႈေတြ ရွိခဲ့တယ္လို႔ ယူကရိန္း ဥပေဒအက်ဳးိေဆာင္အဖြဲ႔ဝင္ တဦးက ေျပာပါတယ္။

"တရားရုံး အဖြဲ႔ဝင္မ်ားခင္ဗ်ာ .. ဒီအမႈဟာ ၂ ပတ္အတြင္းမွာ ယူကရိန္းနဲ႔ ရုရွားအၾကား ျဖစ္လာတဲ့ျပသနာထက္ ပိုၿပီး ႀကီးထြားလာေနပါတယ္။ ဒီအမႈမွာ ရုရွားက အႏိုင္ရမလား ၊ စစ္ၿပီးေခတ္ ႏို္င္ငံတကာ တရားဥပေဒက အႏိုင္ရမလားဆိုတာ စမ္းသပ္မႈလည္း ျဖစ္ပါတယ္။"

ဒီပဋိပကၡ ေပၚမွာ ICJ အျပင္ အျခား ႏိုင္ငံတကာ အဖြဲ႔အစည္းေတြကလည္း ခ်ိန္ဆ ေနၾကပါတယ္။ ICC ေခၚ ႏိုင္ငံတကာ ရာဇဝတ္တရားရုံးကလည္း စစ္ရာဇဝတ္မႈ ေျမာက္မေျမာက္ သမၼတ ပူတင္ကို စစ္ေဆးမႈ စလုပ္ေနပါၿပီ။ ေဒသတြင္း အႀကီးဆုံး လူ႔အခြင့္ေရးအဖြဲ႔ျဖစ္တဲ့ ျပင္သစ္မွာရွိတဲ့ ဥေရာပေကာင္စီကလည္း ရုရွားကို အဖြဲ႔ဝင္ အျဖစ္က ရပ္စဲထားပါတယ္။

ယူကရိန္းက ပန္ၾကားခ်က္နဲ႔ ပတ္သက္လို႔ လာမယ့္ရက္ပိုင္းအတြင္း ICJ တရားရုံးက တစုံတရာ တုန္႔ျပန္ေဆာင္ရြက္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

-----------------------------------

ရုရှား-ယူကရိန်းအရေး ICJ ကြားနာမှု ရုရှားပျက်ကွက်

နှစ်ပေါင်းများစွာအတွင်း ဥရောပတိုက်မှာ ဒုက္ခသည် အများဆုံးဖြစ်လာစေတဲ့ ယူကရိန်းနိုင်ငံတွင်း တိုက်ခိုက်မှုကို တရားဝင်ရပ်စဲနိုင်ဖို့ ICJ တရားရုံးက ကြားနာမယ့်ကိစ္စမှာ ရုရှားကိုယ်စားလှယ်အဖွဲ့ လာရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိနေလို့ ယူကရိန်းကို သူ ကျူးကျော်တာဟာ မှန်ကန်တယ်လို့ ရုရှားသမ္မတ Vladimir Putin က ပြောဆိုထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားနေတာ နဲ့ ပတ်သက်လို့ Lisa Bryant ပဲရစ်မြို့က ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာဖြစ်ပါတယ်။

ICJ မှာ ရုရှား ဥပဒေအကျိုးဆောင်အဖွဲ့ မတက်ရောက်ဘူးဆိုတာက အဓိပ္ပါယ် အများကြီးရှိပါတယ်။ အဲဒီနောက် ယူကရိန်းဖက်ကို ပြောဆိုခွင့်ပေးလိုက်ချိန်မှာ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Anton Korynevych က ရုရှားအပေါ် စွပ်စွဲချက်တွေကို အကြောင်းပြ ပြောဆိုပါတယ်။

"ဒီတရားရုံးမှာ ရုရှားဖက်က တက်ရောက်ဖို့ ပျက်ကွယ်တာက သိသာလွန်းတဲ့ အချက်ပါ။ သူတို့က ဒီရုံးတော်မှာ တရားနည်းလမ်းနဲ့ ဖြေရှင်းရမယ့်အစား၊ ကျနော်တို့ တိုင်းပြည်တွင်းက စစ်မြေပြင်မှာ ကျူးကျော်စစ်ကို ဆင်နွှဲနေကြ လို့ပါ။"

ICJ တရားရုံးဟာ နိုင်ငံတွေကြား အငြင်းပွားမှုတွေကို ဥပဒေကြောင်းအရ ဖြေရှင်းပေးနေတဲ့ ကမ္ဘာ့အဆင့်မြင့်ဆုံး တရားရုံးဖြစ်ပါတယ်။ ရုရှားဖက်က ချေပချက်တွေ မတ်လ ၈ ရက် အင်္ဂါနေ့မှာ တင်သွင်းရမှာ ဖြစ်ပေမဲ့ ဖြစ်နိုင်ချေ နည်းပါတယ်။

ယူကရိန်းအရှေ့ဖက်ခြမ်းက ရုရှားလူမျိုးတွေဟာ အနိုင်ကျင့်တာ လူမျိုးတုန်းသတ်ဖြတ်တာ ရင်ဆိုင်နေရတာကို အကာကွယ်ပေးဖို့အတွက် ယူကရိန်းကို ကျူးကျော်ရတာပါလို့ သမ္မတ ပူတင်က အကြောင်းပြပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာစာချုပ်မှာ ရုရှားရော ယူကရိန်းပါ လက်မှတ်ထိုးထားကြတာပါ။ Genocide ရေးရာ ကျွမ်းကျင်သူတွေကတော့ ပူတင်ရဲ့အကြောင်းပြချက်က အခြေအမြစ် မရှိဘူးလို့ ဆိုပါတယ်။ ရုရှားအစိုးရဟာ တရားဥပဒေကို တဖက်သတ် အလွဲသုံးစား လုပ်နေတယ်ဆိုပြီး ရုရှားဥပဒေအကျိုးဆောင်အဖွဲ့မှာပါတဲ့ ပြင်သစ်ပညာရှင်တဦး နှုတ်ထွက်သွားပါတယ်။

ကျူးကျော်တိုက်ခိုက်မှုတွေ အဆုံးသတ်စေဖို့ ICJ အနေနဲ့ "provisional measures”ခေါ်တဲ့ ကြားကာလ တားမြစ်မိန့် ချမှတ် ပေးဖို့ ယူရိန်းက လိုလားနေတာပါ။ အခြေအနေတွေ မဆိုးလာခင် တားမြစ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ Korynevych ကဆိုပါတယ်။

"ရုရှားကို တားမြစ်ဖို့ လိုပါတယ်။ အဲဒီလို တားမြစ်ဖို့က ဒီတရားရုံးရဲ့အခန်းကဏ္ဍပါ။ ဒါကြောင့် ယူကရိန်း ပြည်သူတွေ ရော၊ ယူကရိန်းအစိုးရနဲ့ သမ္မတ(ဇယ်-လင်း- စကီး)တို့ကပါ လေးစားစွာ တင်ပြ တောင်းဆိုနေတာပါ။ တားမြစ်မိန့် ချပေးဖို့ဆိုတဲ့ ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကို အမြန်ဆုံး အတည်ပြုပေးဖို့ လိုပါတယ်။"

ဒီပဋိပက္ခကနေ အဆိုးရွားဆုံး နာတာရှည် လူသားချင်းစာနာမှုနဲ့ သဘာဝ ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ တရားရုံးရဲ့စီရင်ချက်တွေဟာ ကျယ်ပြန့်တဲ့ ရိုက်ခတ်မှုတွေ ရှိခဲ့တယ်လို့ ယူကရိန်း ဥပဒေအကျုးိဆောင်အဖွဲ့ဝင် တဦးက ပြောပါတယ်။

"တရားရုံး အဖွဲ့ဝင်များခင်ဗျာ .. ဒီအမှုဟာ ၂ ပတ်အတွင်းမှာ ယူကရိန်းနဲ့ ရုရှားအကြား ဖြစ်လာတဲ့ပြသနာထက် ပိုပြီး ကြီးထွားလာနေပါတယ်။ ဒီအမှုမှာ ရုရှားက အနိုင်ရမလား ၊ စစ်ပြီးခေတ် နိုင်ငံတကာ တရားဥပဒေက အနိုင်ရမလားဆိုတာ စမ်းသပ်မှုလည်း ဖြစ်ပါတယ်။"

ဒီပဋိပက္ခ ပေါ်မှာ ICJ အပြင် အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ချိန်ဆ နေကြပါတယ်။ ICC ခေါ် နိုင်ငံတကာ ရာဇဝတ်တရားရုံးကလည်း စစ်ရာဇဝတ်မှု မြောက်မမြောက် သမ္မတ ပူတင်ကို စစ်ဆေးမှု စလုပ်နေပါပြီ။ ဒေသတွင်း အကြီးဆုံး လူ့အခွင့်ရေးအဖွဲ့ဖြစ်တဲ့ ပြင်သစ်မှာရှိတဲ့ ဥရောပကောင်စီကလည်း ရုရှားကို အဖွဲ့ဝင် အဖြစ်က ရပ်စဲထားပါတယ်။

ယူကရိန်းက ပန်ကြားချက်နဲ့ ပတ်သက်လို့ လာမယ့်ရက်ပိုင်းအတွင်း ICJ တရားရုံးက တစုံတရာ တုန့်ပြန်ဆောင်ရွက်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG