[[ ZAWGYI / UNICODE ]]
ယူကရိန္း ဒုကၡသည္ေတြကို EU နယ္ေျမအတြင္း ၃ ႏွစ္တာ ေနခြင့္ေပးမည္
ယူကရိန္းႏိုင္ငံကေန ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ လူေပါင္း ၁ သန္းေလာက္ ထြက္ေျပးလာၾကတဲ့ျဖစ္ရပ္ဟာ ဆယ္စုႏွစ္ေတြအတြင္း ျဖစ္ပြားခဲ့ၾကတဲ့ ပဋိပကၡေတြထဲမွာ လူ အမ်ားဆုံးနဲ႔ အလွ်င္အျမန္ ေရႊ႕ေျပာင္းမႈႀကီးျဖစ္တယ္လို ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR က ေျပာၾကားလိုက္ပါတယ္။
ဥေရာပသမဂၢ EU ျပည္ထဲေရးဝန္ႀကီးေတြကလည္း ႐ုရွားက်ဴးေက်ာ္မႈေၾကာင့္ ေျပးလာၾကတဲ့ ယူကရိန္း ႏိုင္ငံသားေတြကို ယာယီေနထိုင္ခြင့္ေပးဖို႔ အစီအစဥ္ကုိ ၾကာသပေတးေန႔က တညီတၫြတ္တည္း သေဘာတူ လိုက္ၾကတာပါ။
ျပင္သစ္ျပည္ထဲေရးဝန္ႀကီး Gerald Darmanin က ဒါဟာ အေရးပါၿပီး သမိုင္းဝင္ ဆုံးျဖတ္ခ်က္အျဖစ္ သတ္မွတ္လိုက္ၿပီး ယူကရိန္းေတြကို တႏွစ္တာအတြင္း တရားဝင္ စစ္ေျပးဒုကၡသည္ေတြအျဖစ္ သတ္မွတ္လိုက္ပါတယ္။ လိုအပ္ရင္ သက္တမ္းတိုးခြင့္ကိုလည္း ေပးလိုက္ပါတယ္။
EU ျပည္ထဲေရးဌာန ေကာ္မရွင္နာမင္းႀကီး Johansson က ယူကရိန္ စစ္ေျပးဒုကၡသည္ တသန္းနီးပါးဟာ ပိုလန္၊ ႐ိုေမးနီးယား၊ ဆလိုဗက္ကီးယား နဲ႔ ဟန္ေဂရီႏိုင္ငံေတြကို ျဖတ္သန္းၿပီး ဥေရာပသမဂၢ EU နယ္ေျမေတြထဲကို ဝင္ေရာက္လာတယ္လို႔ေျပာပါတယ္။
ဒါ့အျပင္ ယူကရိန္း ဒုကၡသည္ေတြကို သုံးႏွစ္အထိ ေနထိုင္ခြင့္ ၊ အလုပ္လုပ္ကိုင္ခြင့္၊ လူမႈဖူလုံေရးနဲ႔ အိုးအိမ္ေနရာခ်ထားေပးေရး တို႔ကိုလည္း လုပ္ေဆာင္ေပးသြားမယ္လို႔ ဆုိပါတယ္။ EU နယ္ေျမအတြင္းမွာ အဲဒီလို ကာလတို ေနထိုင္ခြင့္ေပးမွာျဖစ္သလို ေနာင္တခ်ိန္ သူတို႔ေတြ အိမ္ျပန္ႏိုင္ဖို႔ကုိလည္း အကူအညီေပးမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
=============
{{ UNICODE }}
ယူကရိန်း ဒုက္ခသည်တွေကို EU နယ်မြေအတွင်း ၃ နှစ်တာ နေခွင့်ပေးမည်
ယူကရိန်းနိုင်ငံကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လူပေါင်း ၁ သန်းလောက် ထွက်ပြေးလာကြတဲ့ဖြစ်ရပ်ဟာ ဆယ်စုနှစ်တွေအတွင်း ဖြစ်ပွားခဲ့ကြတဲ့ ပဋိပက္ခတွေထဲမှာ လူ အများဆုံးနဲ့ အလျှင်အမြန် ရွှေ့ပြောင်းမှုကြီးဖြစ်တယ်လို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောကြားလိုက်ပါတယ်။
ဥရောပသမဂ္ဂ EU ပြည်ထဲရေးဝန်ကြီးတွေကလည်း ရုရှားကျူးကျော်မှုကြောင့် ပြေးလာကြတဲ့ ယူကရိန်း နိုင်ငံသားတွေကို ယာယီနေထိုင်ခွင့်ပေးဖို့ အစီအစဉ်ကို ကြာသပတေးနေ့က တညီတညွတ်တည်း သဘောတူ လိုက်ကြတာပါ။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmanin က ဒါဟာ အရေးပါပြီး သမိုင်းဝင် ဆုံးဖြတ်ချက်အဖြစ် သတ်မှတ်လိုက်ပြီး ယူကရိန်းတွေကို တနှစ်တာအတွင်း တရားဝင် စစ်ပြေးဒုက္ခသည်တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ လိုအပ်ရင် သက်တမ်းတိုးခွင့်ကိုလည်း ပေးလိုက်ပါတယ်။
EU ပြည်ထဲရေးဌာန ကော်မရှင်နာမင်းကြီး Johansson က ယူကရိန် စစ်ပြေးဒုက္ခသည် တသန်းနီးပါးဟာ ပိုလန်၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား နဲ့ ဟန်ဂေရီနိုင်ငံတွေကို ဖြတ်သန်းပြီး ဥရောပသမဂ္ဂ EU နယ်မြေတွေထဲကို ဝင်ရောက်လာတယ်လို့ပြောပါတယ်။
ဒါ့အပြင် ယူကရိန်း ဒုက္ခသည်တွေကို သုံးနှစ်အထိ နေထိုင်ခွင့် ၊ အလုပ်လုပ်ကိုင်ခွင့်၊ လူမှုဖူလုံရေးနဲ့ အိုးအိမ်နေရာချထားပေးရေး တို့ကိုလည်း လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ EU နယ်မြေအတွင်းမှာ အဲဒီလို ကာလတို နေထိုင်ခွင့်ပေးမှာဖြစ်သလို နောင်တချိန် သူတို့တွေ အိမ်ပြန်နိုင်ဖို့ကိုလည်း အကူအညီပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။