သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း



تظاهرات ضدجنگ در برابر کاخ سفید، واشنگتن دی‌سی. شنبه ٧ اسفند ۱۴۰۰


{{Zawgyi/Unicode}}
ယူကရိန်း ကို ကျူးကျော်တိုက်ခိုက်တဲ့အ တွက် ရုရှားနဲ့ ဘလရုစ် နိုင်ငံတွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုထပ်မံပြုလုပ်လိုက်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာကြေညာပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားနဲ့ ဘလားရုစ်တပ်တွေအတွက်လိုအပ်မယ့် စစ်ဘက်ဆိုင်ရာအထောက်အပံတွေကို အဓိကထားတဲ့ ပိတ်ဆို့အရေးယူမှု ဖြစ်တယ်လို့ အိမ်ဖြူတော်ကကြေညာချက်ထဲမှာပြောဆိုထားပါတယ်။

ဒီအရေးယူမှုထဲမှာ ရုရှားနဲ့ ဘယ်လရုစ်စစ်တပ်အတွက် တိုက်လေယဉ်တွေ၊ ကြည်းတပ်တိုက်ခိုက်ရေးယဉ်တွေ၊ လျပ်စစ်သုံးတိုက်ခိုက်ရေးစနစ်တွေ၊ မစ်ဇိုင်းဒုံလက်နှက်နဲ့ မောင်းသူမဲ့တိုက်ခိုက်ရေးယဉ်တွေထုတ်လုပ်ရာမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားအရေးယူမှာဖြစ်ပါတယ်။


ဒါ့အပြင် ရုရှားရဲ့အဓိကဝင်ငွေတခုဖြစ်တဲ့ ရုရှားလေကြောင်းလိုင်းကိုလည်း ပိတ်ဆို့အရေးယူသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ရုရှားနဲ့ ဘလရုစ်တို့ရဲ့ယူကရိန်းအပေါ်ကျူးကျော်တိုက်ခိုက်မှုဟာ ဒေသဆိုင်ရာ တည်ငြိမ်မှုကိုပျက်ပြားစေသလို၊ ကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုလည်း ထိခိုက်စေတယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

..............................................................

တိုက်ရိုက် လင့်ခ်

ရုရှား နဲ့ ဘဲလားရုစ် အပေါ် ကန်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုး

{{Zawgyi/Unicode}}
ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တဲ့တွက် ရုရှားနဲ့ ဘလရုစ် နိုင်ငံတွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုထပ်မံပြုလုပ်လိုက်ကြောင်း အမေရိကန်သမတ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာကြေငြာပါတယ်။

ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားနဲ့ဘလားရုစ်တပ်တွေအတွက်လိုအပ်မယ့် စစ်ဘက်ဆိုင်ရာအထောက်အပံတွေကို အဓိကထားတဲ့ပိတ်ဆို့အရေးယူမှု ဖြစ်တယ်လို့အိမ်ဖြူတော်ကကြေငြာချက်ထဲမှာပြောဆိုထားပါတယ်။

ဒီရေးယူမှုထဲမှာ ရုရှားနဲ့ဘယ်လရုစ်စစ်တပ်အတွက် တိုက်လေယဉ်တွေ၊ ကြည်းတပ်တိုက်ခိုက်ရေးယဉ်တွေ၊ လျပ်စစ်သုံးတိုက်ခိုက်ရေးစနစ်တွေ၊ မစ်ဇိုင်းဒုံလက်နှက်နဲ့ မောင်းသူမဲ့တိုက်ခိုက်ရေးယဉ်တွေထုတ်လုပ်ရာမှာ ပါဝင်ပတ်သက်နေတဲ့ကုမ္ပဏီတွေကိုပစ်မှတ်ထားအရေးယူမှာဖြစ်ပါတယ်။

ဒါ့အပြင်အမေရိကန်နဲ့မဟာမိတ်တွေဟာ ရုရှားရဲ့ရေနံထုတ်လုပ်ရေးလုပ်ငန်း တွေနဲ့သက်ဆိုင်တဲ့ နည်းပညာတင်ပို့မှုတွေကိုပိတ်ပင်ကန့်သတ်ဖို့ကိုလည်း လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ရုရှားရဲ့အဓိကဝင်ငွေတခုဖြစ်တဲ့ ရုရှားလေကြောင်းလိုင်းကိုလည်း ပိတ်ဆို့ရေးယူသွားမှာဖြစ်တယ်လို့ အမေရိကန်သမအိမ်ဖြူတော်က ကြေငြာ ချက်မှာဖေါ်ပြထားပါတယ်။

ရုရှားနဲ့ဘလရုစ်တို့ရဲ့ယူကရိန်းအပေါ်ကျူးကျော်တိုက်ခိုက်မှုဟာ ဒေသဆိုင် ရာတည်ငြိမ်မှုကိုပျက်ပြားစေသလို၊ ကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုလည်း ထိခိုက်စေတယ်လို့ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

XS
SM
MD
LG