(Zawgyi / Unicode)
ယူကရိန္းသမၼတ Volodymyr Zelenskyy ဟာ ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕မွာ က်င္းပေနတဲ့ ဒိုဟာဖိုရမ္မွာ ထင္မွတ္မထားဘဲ ဒီကေန႔ မိန္႔ခြန္းေျပာခဲ့ပါတယ္။
႐ုရွားေရနံထုတ္လုပ္မႈ ေလ်ာ့က်သြားတာကို ကာမိဖို႔အတြက္ ေရနံအရင္းအျမစ္ ေပါႂကြယ္ဝတဲ့ႏုိင္ငံေတြ ပိုထုတ္ေပးၾကဖို႔ ဗီြဒီယို ဆက္သြယ္ေရးကတဆင့္ ေျပာတဲ့မိန္႔ခြန္းထဲမွာ သမၼတ Zelenskyy က တို္က္တြန္း ေတာင္းဆိုခဲ့ပါတယ္။
႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တဲ့ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကတည္းကစလို႔ ကမာၻတဝန္းကို သူေျပာခဲ့တဲ့ တျခားမိန္႔ခြန္းေတြမွာလိုပဲ ကုလသမဂၢနဲ႔ ကမာၻ႔အင္အားႀကီးႏုိင္ငံေတြ ယူကရိန္းကို ဝိုင္းဝန္းကူညီၾကဖို႔ သမၼတ Zelenskyy က ေတာင္းဆိုခဲ့ပါတယ္။
ယူကရိန္းႏုိင္ငံ၊ Mariupol ဆိပ္ကမ္းၿမိဳ႕ကို ႐ုရွားတုိ႔ ဖ်က္ဆီးခဲ့ပံုကုိ ဆီးရီးယားစစ္ပြဲအတြင္း Aleppo ၿမိဳ႕ကို ႐ုရွားတို႔ ဖ်က္ဆီးခဲ့ပံုနဲ႔ သမၼတ Zelenskyy က ႏိႈင္းယွဥ္ေျပာဆိုခဲ့ပါတယ္။
“က်ေနာ္တို႔ ဆိပ္ကမ္းေတြကို သူတို႔ ဖ်က္ဆီးေနၾကပါတယ္” လို႔ သမၼတ Zelenskyy ကေျပာသလို “ယူကရိန္းႏုိင္ငံက ပို႔ကုန္ေတြ မလာေတာ့ရင္ ကမာၻတဝန္းႏိုင္ငံေတြ အႀကီးအက်ယ္ ထိခိုက္ပါလိမ့္မယ္” လို႔လည္း သတိေပးခဲ့ပါတယ္။
ခုလက္ရွိမွာကိုပဲ ယူကရိန္းႏုိင္ငံက ဂ်ဳံေတြ မလာတာေၾကာင့္ အဲဒီပို႔ကုန္ေတြအေပၚ မွီခိုအားထားေနရတဲ့ အီဂ်စ္လို အေရွ႕အလယ္ပိုင္းႏုိင္ငံေတြအတြက္ စိုးရိမ္ပူပန္စရာ အေျခအေန ေရာက္ေနၿပီ ျဖစ္ပါတယ္။
---------------------------
(Unicode)
ဒိုဟာဖိုရမ်မှာ ယူကရိန်းသမ္မတ မိန့်ခွန်းပြော
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ဒိုဟာဖိုရမ်မှာ ထင်မှတ်မထားဘဲ ဒီကနေ့ မိန့်ခွန်းပြောခဲ့ပါတယ်။
ရုရှားရေနံထုတ်လုပ်မှု လျော့ကျသွားတာကို ကာမိဖို့အတွက် ရေနံအရင်းအမြစ် ပေါကြွယ်ဝတဲ့နိုင်ငံတွေ ပိုထုတ်ပေးကြဖို့ ဗွီဒီယို ဆက်သွယ်ရေးကတဆင့် ပြောတဲ့မိန့်ခွန်းထဲမှာ သမ္မတ Zelenskyy က တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းကစလို့ ကမ္ဘာတဝန်းကို သူပြောခဲ့တဲ့ တခြားမိန့်ခွန်းတွေမှာလိုပဲ ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ယူကရိန်းကို ဝိုင်းဝန်းကူညီကြဖို့ သမ္မတ Zelenskyy က တောင်းဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ၊ Mariupol ဆိပ်ကမ်းမြို့ကို ရုရှားတို့ ဖျက်ဆီးခဲ့ပုံကို ဆီးရီးယားစစ်ပွဲအတွင်း Aleppo မြို့ကို ရုရှားတို့ ဖျက်ဆီးခဲ့ပုံနဲ့ သမ္မတ Zelenskyy က နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ ဆိပ်ကမ်းတွေကို သူတို့ ဖျက်ဆီးနေကြပါတယ်” လို့ သမ္မတ Zelenskyy ကပြောသလို “ယူကရိန်းနိုင်ငံက ပို့ကုန်တွေ မလာတော့ရင် ကမ္ဘာတဝန်းနိုင်ငံတွေ အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်” လို့လည်း သတိပေးခဲ့ပါတယ်။
ခုလက်ရှိမှာကိုပဲ ယူကရိန်းနိုင်ငံက ဂျုံတွေ မလာတာကြောင့် အဲဒီပို့ကုန်တွေအပေါ် မှီခိုအားထားနေရတဲ့ အီဂျစ်လို အရှေ့အလယ်ပိုင်းနိုင်ငံတွေအတွက် စိုးရိမ်ပူပန်စရာ အခြေအနေ ရောက်နေပြီ ဖြစ်ပါတယ်။