ယူကရိန္းသမၼတ ဂ်ပန္ပါလီမန္ ကို အြန္လိုင္း မိန္႔ခြန္းေျပာၾကား
{{Zawgyi/Unicode}}
ယူကရိန္းသမၼတ Volodymyr Zelenskyy ဟာ ဂ်ပန္ပါလီမန္မွာ ဗုဒၶဟူးေန႔က အြန္လုိင္းကေန တုိက္႐ုိက္မိန္႔ခြန္းေျပာၾကားရာမွာ ႐ုရွားရဲ႕ က်ဳးေက်ာ္တုိက္ခုိက္မႈနဲ႔ ရင္ဆုိင္ေနရတဲ့ ယူကရိန္းအေပၚ အေစာပုိင္းမွာကတည္းက ေထာက္ခံမႈေပးခဲ့တဲ့အတြက္ ေက်းဇူးတင္စကား ေျပာၾကားလုိက္ၿပီး၊ ဒီထက္ပုိ ကူညီအားေပးဖုိ႔လည္း တုိက္တြန္းလုိက္ပါတယ္။
ဂ်ပန္ႏုိင္ငံ သမုိင္းမွာ ပထမဆုံး ျပည္ပေခါင္းေဆာင္တေယာက္က လႊတ္ေတာ္မွာ မိန္႔ခြန္းေျပာတဲ့ အစီအစဥ္ကုိေတာ့ ဂ်ပန္၀န္ႀကီးခ်ဳပ္ Fumio Kishida ႏုိင္ငံျခားေရး၀န္ႀကီး Yoshimasa Hayashi ကာကြယ္ေရး၀န္ႀကီး Nobuo Kishi တုိ႔လည္း ေရွ႕ဆုံးတန္းကေန နားေထာင္ခဲ့ၾကတာပါ။
ယူကရိန္းသမၼတရဲ႕ မိန္႔ခြန္းမွာေတာ့ ယူကရိန္းအေပၚ က်ဳးေက်ာ္မႈကုိ တုံ႔ျပန္တဲ့အေနနဲ႔ ႐ုရွားကုိ ပိတ္ဆုိ႔ဒဏ္ခတ္ အေရးယူတဲ့ အာရွႏုိင္ငံေတြထဲမွာ ဂ်ပန္ႏုိင္ငံဟာ ပထမဆုံး ျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။
႐ုရွားအစုိးရ တာ၀န္ရွိသူေတြ ဘ႑ာေရးအဖဲြ႔အစည္းေတြအျပင္၊ ႐ုရွားနဲ႔မဟာမိတ္ ဘဲလာ႐ုစ္ႏုိင္ငံအေပၚ အေနာက္ႏုိင္ငံေတြက ပိတ္ဆုိ႔ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္ခဲ့သလုိ၊ ဂ်ပန္ႏုိင္ငံကလည္း အေရးယူခဲ့တာပါ။ ႐ုရွားရဲ႕ က်ဳးေက်ာ္မႈအေပၚ ဂ်ပန္ႏုိင္ငံက အစဥ္တစုိက္ ျပစ္တင္ေ၀ဖန္ေလ့ရွိသလုိ၊ ယူကရိန္းအတြက္ ေဒၚလာသန္းေထာင္ခ်ီတဲ့ လူသားခ်င္းစာနာမႈ အကူအညီေတြနဲ႔ တျခားအေထာက္အပံ့ေတြကုိလည္း ေပးအပ္ေနတာ ျဖစ္ပါတယ္။
ယူကရိန္းသမၼတကေတာ့ ႐ုရွားစစ္တပ္ကုိ ယူကရိန္းတပ္ဖဲြ႔ေတြ ႀကံ့ႀကံ့ခံရင္ဆုိင္ႏုိင္ဖုိ႔ လုိအပ္တာေၾကာင့္ ႐ုရွားစစ္တပ္ ၀င္ေငြရေစမယ့္ ကုန္သြယ္မႈေတြကုိ ပိတ္ပင္ဖုိ႔လည္း တုိက္တြန္းခဲ့တာပါ။
႐ုရွားဟာ ယူကရိန္းႏုိင္ငံကုိ မစ္ဇုိင္းဒုံး ေထာင္ေက်ာ္ ပစ္ခတ္တုိက္ခုိက္ခဲ့တာေၾကာင့္ ဒါဇင္နဲ႔ခ်ီတဲ့ၿမိဳ႕ေတြ ပ်က္စီးခဲ့ရသလုိ၊ ႏ်ဴကလီးယား ဓာတ္အားေပးစက္႐ုံေတြ အမ်ားအျပား ရွိတာေၾကာင့္ အႏၱရာယ္ႀကီးမားေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။
....................................
ယူကရိန်းသမ္မတ ဂျပန်ပါလီမန် ကို အွန်လိုင်း မိန့်ခွန်းပြောကြား
{{Unicode}}
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ဂျပန်ပါလီမန်မှာ ဗုဒ္ဓဟူးနေ့က အွန်လိုင်းကနေ တိုက်ရိုက်မိန့်ခွန်းပြောကြားရာမှာ ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအပေါ် အစောပိုင်းမှာကတည်းက ထောက်ခံမှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး၊ ဒီထက်ပို ကူညီအားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဂျပန်နိုင်ငံ သမိုင်းမှာ ပထမဆုံး ပြည်ပခေါင်းဆောင်တယောက်က လွှတ်တော်မှာ မိန့်ခွန်းပြောတဲ့ အစီအစဉ်ကိုတော့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ကာကွယ်ရေးဝန်ကြီး Nobuo Kishi တို့လည်း ရှေ့ဆုံးတန်းကနေ နားထောင်ခဲ့ကြတာပါ။
ယူကရိန်းသမ္မတရဲ့ မိန့်ခွန်းမှာတော့ ယူကရိန်းအပေါ် ကျုးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားကို ပိတ်ဆို့ဒဏ်ခတ် အရေးယူတဲ့ အာရှနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ ပထမဆုံး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ရုရှားအစိုးရ တာဝန်ရှိသူတွေ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအပြင်၊ ရုရှားနဲ့မဟာမိတ် ဘဲလာရုစ်နိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့သလို၊ ဂျပန်နိုင်ငံကလည်း အရေးယူခဲ့တာပါ။ ရုရှားရဲ့ ကျုးကျော်မှုအပေါ် ဂျပန်နိုင်ငံက အစဉ်တစိုက် ပြစ်တင်ဝေဖန်လေ့ရှိသလို၊ ယူကရိန်းအတွက် ဒေါ်လာသန်းထောင်ချီတဲ့ လူသားချင်းစာနာမှု အကူအညီတွေနဲ့ တခြားအထောက်အပံ့တွေကိုလည်း ပေးအပ်နေတာ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတကတော့ ရုရှားစစ်တပ်ကို ယူကရိန်းတပ်ဖွဲ့တွေ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ လိုအပ်တာကြောင့် ရုရှားစစ်တပ် ဝင်ငွေရစေမယ့် ကုန်သွယ်မှုတွေကို ပိတ်ပင်ဖို့လည်း တိုက်တွန်းခဲ့တာပါ။
ရုရှားဟာ ယူကရိန်းနိုင်ငံကို မစ်ဇိုင်းဒုံး ထောင်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒါဇင်နဲ့ချီတဲ့မြို့တွေ ပျက်စီးခဲ့ရသလို၊ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ အများအပြား ရှိတာကြောင့် အန္တရာယ်ကြီးမားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။