သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီအကူအညီ ယူကရိန်း ပန်ကြား


ယူကရိန်းသမ္မတ Volodymyr Zelenskyy ဂျာမန်လွှတ်တော်မှာ အွန်လိုင်းကတဆင့် မိန့်ခွန်းပြောကြားနေစဉ်။ (March 17, 2022)
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဂျာမန်လွှတ်တော်မှာ အွန်လိုင်းကတဆင့် မိန့်ခွန်းပြောကြားနေစဉ်။ (March 17, 2022)

[[ ZAWGYI / UNICODE ]]

ဂျာမနီ အကူအညီ ယူကရိန်းပန်ကြား

ရုရှားရဲ့ ကျုးကျော်တိုက်ခိုက်မှု ခံနေရတဲ့ ယူကရိန်းနိုင်ငံကို အကူအညီပေးဖို့ သမ္မတ Volodymyr Zelenskyy က ဂျာမနီနိုင်ငံကို ကြာသပတေးနေ့မှာပဲ ပန်ကြားလိုက်ပါတယ်။ တချိန်က ဂျာမနီနိုင်ငံကို ပိုင်းခြားထားခဲ့တဲ့ ဘာလင်တံတိုင်းလို ဥရောပမှာ လွတ်လပ်မှုနဲ့ ချုပ်နှောင်မှုကြား တံတိုင်းသစ်ကြီးတခု ပေါ်ပေါက်လာနေတဲ့ အန္တရာယ်ကို ကာကွယ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

“ဆုံးဖြတ်ချက်တွေ မချနိုင်သေးသမျှ ယူကရိန်းနိုင်ငံအပေါ် ဗုံးတွေကျရောက်နေသမျှ တံတိုင်းကြီးဟာလည်း ကြီးမားသထက် ကြီးမားလာနေပါတယ်။” လို့ ဂျာမနီလွှတ်တော်ကို ပေးပို့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ယူကရိန်းသမ္မတက ပြောကြားလိုက်တာပါ။

ယူကရိန်းသမ္မတရဲ့ မိန့်ခွန်းမှာပဲ အခုအခါ ရပ်ဆိုင်းထားလိုက်ပြီဖြစ်တဲ့ ရုရှားက သဘာဝဓာတ်ငွေ့တွေ တင်ပို့မယ့် Nord Stream အမှတ်-၂ ပိုက်လိုင်း အစီအစဉ်ကို ဂျာမနီက လက်ခံခဲ့တဲ့အတွက်လည်း ယူကရိန်းအရေးထက် စီးပွားရေးကို ဦးစားပေးခဲ့တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံ တောင်ပိုင်းက ဝန်းရံပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ Mariupol မြို့မှာ ရာနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကဇာတ်ရုံတခုကို ရုရှားက လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး နောက်တရက်ဖြစ်တဲ့ ကြာသပတေးနေ့မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်ခဲ့ကြပါတယ်။ အဆောက်အဦးထဲမှာ လူတွေရှိနေကြောင်း ရုရှားစစ်လေယာဉ်မှူးတွေကို သတိပေးတဲ့ အနေနဲ့ ကလေးတွေရှိတယ်ဆိုတဲ့ စာလုံးကို ရုရှားဘာသာနဲ့ အပြင်ဖက်မှာ တနင်္လာနေ့လောက်ကတည်းက ရေးသားထားတာကိုလည်း Maxar အာကာသနည်းပညာ ကုမ္ပဏီရဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကိုယ်ဝန်ဆောင်တွေ အပါအဝင် အမျိုးသမီးတွေ၊ ကလေးတွေ ခိုလှုံနေကြတဲ့ အဆောက်အဦးတခုကို ထိမှန်ခဲ့ကြောင်းလည်း Donetsk ဒေသ အကြီးအကဲ Pavlo Kyrylenko ကပြောပါတယ်။ တိုက်ခိုက်ခံရမှုအတွင်း သေကျေထိခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ မသိရပါဘူး။

မြောက်ပိုင်း Chernihiv မြို့မှာတော့ ၂၄ နာရီအတွင်း ရုရှားရဲ့ ပြင်းထန်တဲ့ လေကြောင်း၊ ကုန်းကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၅၃ ယောက်ရဲ့ အလောင်းတွေ ရင်ခွဲရုံကို ရောက်ရှိလာကြောင်း အုပ်ချုပ်ရေးမှူးက ကြာသပတေးနေ့မှာပဲ ပြောဆိုခဲ့ပါတယ်။

ရုရှားကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်မှုမရှိကြောင်း ငြင်းဆန်ထားတာပါ။ ကြာသပတေးနေ့မှာပဲ Mariupol နဲ့ Kyiv မြို့တော်အနီးအနား ဒေသတွေကို ရုရှားက လေကြောင်းအပါအဝင် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ဆက်လုပ်ခဲ့ပါတယ်။

ဂျာမနီအကူအညီ ယူကရိန်း ပန်ကြား.
please wait

No media source currently available

0:00 0:02:11 0:00
တိုက်ရိုက် လင့်ခ်

= = = = = = = = = = = =

{{ UNICODE }}









XS
SM
MD
LG