(Zawgyi / Unicode)
ယူကရိန္းသမၼတ Volodymyr Zelenskyy က သူဟာ ႐ုရွားသမၼတ Vladimir Putin နဲ႔ ညႇိႏိႈင္းေဆြးေႏြးဖို႔ အသင့္ျဖစ္ေနေၾကာင္း၊ ဒါေပမယ့္ တကယ္လို႔ သေဘာတူညီခ်က္ တစံုတရာ မရခဲ့ဘူး ဆိုရင္ေတာ့ ဒါဟာ တတိယကမၻာစစ္ျဖစ္မယ့္ သေဘာပဲလို႔ သတိေပးလိုက္ပါတယ္။
ဒါ့အျပင္ ညႇိႏိႈင္းမႈေတြ မလုပ္ဘဲနဲ႔ေတာ့ ဒီစစ္ပြဲကို ရပ္ပစ္ႏိုင္မွာ မဟုတ္ဘူးလို႔လည္း ယူကရိန္းသမၼတက အေမရိကန္ CNN ႐ုပ္သံက ေမးျမန္းခန္းမွာ ေျပာၾကားလိုက္တာပါ။
ယူကရိန္းရဲ႕ အခ်ဳပ္အျခာ နယ္ေျမပိုင္ဆိုင္မႈနဲ႔ တရားမွ်တမႈ ျပန္ရေစဖို႔ အလံုးစံုပါဝင္တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ လုပ္ဖို႔ ႐ုရွားအစိုးရကို ယူကရိန္းသမၼတက ေတာင္းဆိုေနတာ ျဖစ္ပါတယ္။
NATO မဟာမိတ္အဖြဲ႔ထဲ ယူကရိန္းက မဝင္ဘဲေနဖို႔အျပင္ ယူကရိန္းက ဘယ္ဘက္မွ မလိုက္ဘဲ ၾကားေနေရးအတြက္ ႏွစ္ဖက္ သေဘာတူညီခ်က္ရဖို႔ နီးစပ္လာၿပီလို႔ ႐ုရွား-ယူကရိန္းတို႔ၾကား လက္ရွိေဆြးေႏြးပြဲေတြမွာ ႐ုရွားဘက္က ကိုယ္စားလွယ္အျဖစ္ ေဆာင္ရြက္ေနသူက မၾကာေသးခင္ကပဲ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
တနဂၤေႏြေန႔မွာပဲ ယူကရိန္းေတာင္ပိုင္းက ႐ုရွားတပ္ေတြ ဝိုင္းထားတဲ့ Mariupol က ဒုကၡသည္ ၄၀၀ ေလာက္ ခိုလႈံေနတဲ့ အႏုပညာေက်ာင္းတေက်ာင္းကို ႐ုရွားတပ္ေတြက ဗံုးနဲ႔ တိုက္ခိုက္ခဲ့တဲ့အတြက္ ဒီအေဆာက္အဦ ပ်က္စီးခဲ့ရေၾကာင္း Mariupol ၿမိဳ႕ေကာင္စီက ေျပာပါတယ္။ အသက္ရွင္က်န္ရစ္သူေတြနဲ႔ ပတ္သက္တဲ့ သတင္းေတြေတာ့ ခုထိ မရေသးပါဘူး။
အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin ကေတာ့ အရပ္သားေတြကို ႐ုရွားတပ္ေတြက ရက္ရက္စက္စက္ တိုက္ခိုက္လာတာဟာ သူတို႔ ႐ုရွားစစ္တပ္ရဲ႕ ထိုးေဖာက္မႈေတြ ေႏွာင့္ေႏွးလာေနတာေၾကာင့္လို႔ သူထင္ေၾကာင္း ေျပာပါတယ္။
ယူကရိန္းႏိုင္ငံတလႊား ဝင္ေရာက္တိုက္ခိုက္ေနတဲ့ ႐ုရွားတပ္ေတြကို ယူကရိန္းႏိုင္ငံသားေတြက အေမရိကန္နဲ႔ NATO မဟာမိတ္အဖြဲ႔ေတြက ေပးတဲ့ လက္နက္ေတြနဲ႔ ဆက္ၿပီး ခုခံတြန္းလွန္ေနတာေၾကာင့္ သူတို႔ရဲ႕ ထိုးေဖာက္မႈေတြ အရာမထင္ဘဲ ျဖစ္ေနတာ ေတြ႔ရေၾကာင္းလည္း ဝန္ႀကီး Austin က ေျပာပါတယ္။
ယူကရိန္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့ခ်ိန္ကစၿပီး ေသဆံုးခဲ့ရတဲ့ ႐ုရွားတပ္သား အေရအတြက္ဟာ ၃,၀၀၀ ေက်ာ္ ရွိႏိုင္တယ္လို႔ အေမရိကန္အရာရွိတြက ခန္႔မွန္းထားပါတယ္။
-----------------------------
(Unicode)
သမ္မတပူတင်နဲ့ ဆွေးနွေးဖို့ ယူကရိန်းသမ္မတ အဆင်သင့်
ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အသင့်ဖြစ်နေကြောင်း၊ ဒါပေမယ့် တကယ်လို့ သဘောတူညီချက် တစုံတရာ မရခဲ့ဘူး ဆိုရင်တော့ ဒါဟာ တတိယကမ္ဘာစစ်ဖြစ်မယ့် သဘောပဲလို့ သတိပေးလိုက်ပါတယ်။
ဒါ့အပြင် ညှိနှိုင်းမှုတွေ မလုပ်ဘဲနဲ့တော့ ဒီစစ်ပွဲကို ရပ်ပစ်နိုင်မှာ မဟုတ်ဘူးလို့လည်း ယူကရိန်းသမ္မတက အမေရိကန် CNN ရုပ်သံက မေးမြန်းခန်းမှာ ပြောကြားလိုက်တာပါ။
ယူကရိန်းရဲ့ အချုပ်အခြာ နယ်မြေပိုင်ဆိုင်မှုနဲ့ တရားမျှတမှု ပြန်ရစေဖို့ အလုံးစုံပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ ရုရှားအစိုးရကို ယူကရိန်းသမ္မတက တောင်းဆိုနေတာ ဖြစ်ပါတယ်။
NATO မဟာမိတ်အဖွဲ့ထဲ ယူကရိန်းက မဝင်ဘဲနေဖို့အပြင် ယူကရိန်းက ဘယ်ဘက်မှ မလိုက်ဘဲ ကြားနေရေးအတွက် နှစ်ဖက် သဘောတူညီချက်ရဖို့ နီးစပ်လာပြီလို့ ရုရှား-ယူကရိန်းတို့ကြား လက်ရှိဆွေးနွေးပွဲတွေမှာ ရုရှားဘက်က ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူက မကြာသေးခင်ကပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာပဲ ယူကရိန်းတောင်ပိုင်းက ရုရှားတပ်တွေ ဝိုင်းထားတဲ့ Mariupol က ဒုက္ခသည် ၄၀၀ လောက် ခိုလှုံနေတဲ့ အနုပညာကျောင်းတကျောင်းကို ရုရှားတပ်တွေက ဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ဒီအဆောက်အဦ ပျက်စီးခဲ့ရကြောင်း Mariupol မြို့ကောင်စီက ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေတော့ ခုထိ မရသေးပါဘူး။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ အရပ်သားတွေကို ရုရှားတပ်တွေက ရက်ရက်စက်စက် တိုက်ခိုက်လာတာဟာ သူတို့ ရုရှားစစ်တပ်ရဲ့ ထိုးဖောက်မှုတွေ နှောင့်နှေးလာနေတာကြောင့်လို့ သူထင်ကြောင်း ပြောပါတယ်။
ယူကရိန်းနိုင်ငံတလွှား ဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေကို ယူကရိန်းနိုင်ငံသားတွေက အမေရိကန်နဲ့ NATO မဟာမိတ်အဖွဲ့တွေက ပေးတဲ့ လက်နက်တွေနဲ့ ဆက်ပြီး ခုခံတွန်းလှန်နေတာကြောင့် သူတို့ရဲ့ ထိုးဖောက်မှုတွေ အရာမထင်ဘဲ ဖြစ်နေတာ တွေ့ရကြောင်းလည်း ဝန်ကြီး Austin က ပြောပါတယ်။
ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကစပြီး သေဆုံးခဲ့ရတဲ့ ရုရှားတပ်သား အရေအတွက်ဟာ ၃,၀၀၀ ကျော် ရှိနိုင်တယ်လို့ အမေရိကန်အရာရှိတွက ခန့်မှန်းထားပါတယ်။