သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖုိ႔ ယူကရိန္းသမၼတ ကမ္းလွမ္း


ယူကရိန္းသမၼတ Volodymyr Zelenskiy. (မတ္ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းပိုင္နက္ထဲ အသံထက္ ၅ ဆေလာက္ျမန္တဲ့ ဟိုက္ပါဆုိနစ္ မစ္ဇုိင္းဒုံးနဲ႔ ပထမဆံုးအႀကိမ္ တိုက္ခိုက္ခဲ့ေၾကာင္း ႐ုရွားက ေျပာဆိုခ်ိန္မွာပဲ စေနေန႔က ယူကရိန္းသမၼတ Volodymyr Zelenskiy က ဗီဒီယိုေခြထုတ္ျပန္ၿပီး ႐ုရွားနဲ႔ အလံုးစံုပါဝင္တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲလုပ္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

“အခုအခ်ိန္ဟာ ေဆြးေႏြးပြဲလုပ္ရမယ့္အခ်ိန္ ျဖစ္ပါတယ္။ ယူကရိန္းရဲ႕ အခ်ဳပ္အျခာ နယ္ေျမပိုင္ဆိုင္မႈနဲ႔ တရားမွ်တမႈ ျပန္ရေအာင္ လုပ္ရမယ့္အခ်ိန္ ေရာက္လာပါၿပီ။ ဒီလိုမွမဟုတ္ရင္ ႐ုရွားရဲ႕ ဆံုး႐ႈံးမႈဟာ ေနာင္မ်ိဳးဆက္ေပါင္းမ်ားစြာ အထိကို ျပန္နာလန္မထူႏိုင္တဲ့ ဆံုး႐ႈံးမႈမ်ိဳး ျဖစ္လာပါလိမ့္မယ္။” လို႔ ယူကရိန္းသမၼတက ေျပာပါတယ္။

NATO မဟာမိတ္အဖြဲ႔ထဲ ယူကရိန္းမဝင္ဖို႔ ႏွစ္ဖက္ သေဘာတူညီခ်က္ ရခါနီးလာၿပီလို႔ ယူကရိန္းနဲ႔ ႐ုရွား ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲအတြက္ ႐ုရွားဘက္က ဦးေဆာင္တဲ့ Vladimir Medinsky က ေသာၾကာေန႔မွာ ေျပာၾကားခဲ့တဲ့ေနာက္ စေနေန႔မွာ ယူကရိန္းသမၼတက ေနာက္ထပ္ေဆြးေႏြးပြဲလုပ္ဖို႔ ခုလို ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။

ယူကရိန္းကိုယ္စားလွယ္ Mykhailo Podolyak ကေတာ့ ယူကရိန္းရဲ႕ ရပ္တည္ခ်က္ဟာ ေျပာင္းလဲမႈမရွိေၾကာင္း ေျပာၾကားခဲ့သလို အပစ္အခတ္ရပ္စဲဖို႔၊ ႐ုရွားတပ္ေတြ ျပန္႐ုပ္သိမ္းဖို႔နဲ႔ လံုၿခံဳေရးအတြက္ ခိုင္မာတဲ့ အာမခံခ်က္ေတြ ေပးဖို႔ ေတာင္းဆိုေနတာပါ။

ႏိုင္ငံတြင္း ရင္ဆိုင္တိုက္ပြဲျဖစ္ပြားရာ ေနရာေတြမွာ ၂၄ နာရီအတြင္း ထူးျခားျဖစ္စဥ္ေတြ မေတြ႔ရဘူးလို႔ စေနေန႔က ယူကရိန္း အာဏာပိုင္ေတြက ေျပာပါတယ္။ ဒါေပမယ့္ ယူကရိန္းေတာင္ပိုင္းက Mariupol, Mykolaiv နဲ႔ Kherson ၿမိဳ႕ေတြ၊ အေရွ႕ပိုင္းက Izyum ၿမိဳ႕ေတြမွာ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ဆက္လက္ျဖစ္ပြားေနတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ယူကရိန်းသမ္မတ ကမ်းလှမ်း

ယူကရိန်းပိုင်နက်ထဲ အသံထက် ၅ ဆလောက်မြန်တဲ့ ဟိုက်ပါဆိုနစ် မစ်ဇိုင်းဒုံးနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ကြောင်း ရုရှားက ပြောဆိုချိန်မှာပဲ စနေနေ့က ယူကရိန်းသမ္မတ Volodymyr Zelenskiy က ဗီဒီယိုခွေထုတ်ပြန်ပြီး ရုရှားနဲ့ အလုံးစုံပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

“အခုအချိန်ဟာ ဆွေးနွေးပွဲလုပ်ရမယ့်အချိန် ဖြစ်ပါတယ်။ ယူကရိန်းရဲ့ အချုပ်အခြာ နယ်မြေပိုင်ဆိုင်မှုနဲ့ တရားမျှတမှု ပြန်ရအောင် လုပ်ရမယ့်အချိန် ရောက်လာပါပြီ။ ဒီလိုမှမဟုတ်ရင် ရုရှားရဲ့ ဆုံးရှုံးမှုဟာ နောင်မျိုးဆက်ပေါင်းများစွာ အထိကို ပြန်နာလန်မထူနိုင်တဲ့ ဆုံးရှုံးမှုမျိုး ဖြစ်လာပါလိမ့်မယ်။” လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

NATO မဟာမိတ်အဖွဲ့ထဲ ယူကရိန်းမဝင်ဖို့ နှစ်ဖက် သဘောတူညီချက် ရခါနီးလာပြီလို့ ယူကရိန်းနဲ့ ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရုရှားဘက်က ဦးဆောင်တဲ့ Vladimir Medinsky က သောကြာနေ့မှာ ပြောကြားခဲ့တဲ့နောက် စနေနေ့မှာ ယူကရိန်းသမ္မတက နောက်ထပ်ဆွေးနွေးပွဲလုပ်ဖို့ ခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ယူကရိန်းကိုယ်စားလှယ် Mykhailo Podolyak ကတော့ ယူကရိန်းရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှုမရှိကြောင်း ပြောကြားခဲ့သလို အပစ်အခတ်ရပ်စဲဖို့၊ ရုရှားတပ်တွေ ပြန်ရုပ်သိမ်းဖို့နဲ့ လုံခြုံရေးအတွက် ခိုင်မာတဲ့ အာမခံချက်တွေ ပေးဖို့ တောင်းဆိုနေတာပါ။

နိုင်ငံတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နေရာတွေမှာ ၂၄ နာရီအတွင်း ထူးခြားဖြစ်စဉ်တွေ မတွေ့ရဘူးလို့ စနေနေ့က ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ယူကရိန်းတောင်ပိုင်းက Mariupol, Mykolaiv နဲ့ Kherson မြို့တွေ၊ အရှေ့ပိုင်းက Izyum မြို့တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG