သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း Mariupol ၿမိဳ႕ အရပ္သားမ်ားခုိလႈံရာ ႐ုရွား ဗုံးႀကဲတိုက္ခိုက္


႐ုရွားတပ္ဖြဲ႔ေတြ ဗုံးနဲ႔တိုက္ခုိက္ခံရၿပီး ပ်က္စီးသြားတဲ့ အရပ္သားမ်ားခုိလႈံရာ အႏုပညာ ေက်ာင္း။ (မတ္ ၁၇၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံ Mariupol ၿမိဳ႕မွာ လူ ၄၀၀ ေလာက္ ခိုလႈံေနတဲ့ အႏုပညာေက်ာင္းတေက်ာင္းကို ႐ုရွားတပ္ေတြက ဗုံးနဲ႔တိုက္ခိုက္ခဲ့တယ္လို႔ ၿမိဳ႕ေကာင္စီက တနဂၤေႏြေန႔မွာ ေျပာပါတယ္။ အေသအ‌ေပ်ာက္ စာရင္းကိုေတာ့ မသိရေသးပါဘူး။

လူေထာင္‌ေပါင္းမ်ားစြာကိုလည္း ႐ုရွားႏိုင္ငံထဲကို ေခၚေဆာင္သြားခဲ့တယ္လို႔ ၿမိဳ႕ေကာင္စီရဲ႕ ေၾကညာခ်က္မွာ ေျပာထားပါတယ္။ ဒုတိယကမၻာစစ္အတြင္း လူေတြကို နာဇီေတြက ဖမ္းဆီးေခၚေဆာင္သြားတဲ့ လုပ္ရပ္မ်ိဳးျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္ Vadym Boichenko က ေျပာပါတယ္။

Mariupol ၿမိဳ႕မွာ ႐ုရွားရဲ႕ လုပ္ရပ္ေတြဟာ စစ္ရာဇဝတ္မႈေျမာက္တယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က စေနေန႔ည သူ႔မိန႔္ခြန္းမွာ ေျပာသြားခဲ့ပါတယ္။ နယ္ပယ္စုံ အက်ဳံးဝင္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ က်င္းပဖို႔ ႐ုရွားကို သူက ထပ္မံေတာင္းဆိုလိုက္ပါတယ္။

ယူကရိန္းက ေနတိုးကိုဝင္ဖို႔ မေလွ်ာက္ေတာ့ဘဲ ၾကားေန အေနအထား ယူမယူ ျပႆနာနဲ႔ ပတ္သက္ၿပီး လမ္းတဝက္ကို ေရာက္ေနပါၿပီလို႔ ယူကရိန္းရဲ႕ ေစ့စပ္ညႇိႏႈိင္းေရးေခါင္းေဆာင္ Vladimir Medinsky က ေသာၾကာေန႔မွာ ေျပာခဲ့ပါတယ္။

လူသားခ်င္း စာနာေထာက္ထားေရး လမ္းေၾကာင္းေတြကို တနဂၤေႏြေန႔က ဖြင့္ခဲ့ၿပီး လူေပါင္း ၆,၆၀၀ ေက်ာ္ ၿမိဳ႕အသီးသီးက ထြက္ခြါႏိုင္ခဲ့ၾကတယ္လို႔ ယူကရိန္းသမၼတ႐ုံး ဒုတိယအႀကီးအကဲ Kyrylo Tymoshenko က ေျပာပါတယ္။

ကုလသမဂၢရဲ႕ ခန႔္မွန္းခ်က္အရ လူေပါင္း ၃ ဒသမ ၃ သန္းေက်ာ္ ယူကရိန္းကေန ထြက္ေျပးခဲ့ၾကရတာပါ။ ႏိုင္ငံအတြင္း ေနရပ္စြန္ခြါ ေျပာင္းေ႐ႊ႕ေနထိုင္ရသူ ၆ ဒသမ ၅ သန္း ရွိတယ္လို႔ ဆိုပါတယ္။ အနည္းဆုံး အရပ္သား ၈၄၇ ေယာက္ ေသဆုံးခဲ့ၿပီး ၁,၄၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့တယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးက ေျပာပါတယ္။

--------------------------

(Unicode)

ယူကရိန်း Mariupol မြို့ အရပ်သားများခိုလှုံရာ ရုရှား ဗုံးကြဲတိုက်ခိုက်

ယူကရိန်းနိုင်ငံ Mariupol မြို့မှာ လူ ၄၀၀ လောက် ခိုလှုံနေတဲ့ အနုပညာကျောင်းတကျောင်းကို ရုရှားတပ်တွေက ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ကောင်စီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အသေအ‌ပျောက် စာရင်းကိုတော့ မသိရသေးပါဘူး။

လူထောင်‌ပေါင်းများစွာကိုလည်း ရုရှားနိုင်ငံထဲကို ခေါ်ဆောင်သွားခဲ့တယ်လို့ မြို့ကောင်စီရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း လူတွေကို နာဇီတွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လုပ်ရပ်မျိုးဖြစ်ကြောင်း မြို့တော်ဝန် Vadym Boichenko က ပြောပါတယ်။

Mariupol မြို့မှာ ရုရှားရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့ည သူ့မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။ နယ်ပယ်စုံ အကျုံးဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ ရုရှားကို သူက ထပ်မံတောင်းဆိုလိုက်ပါတယ်။

ယူကရိန်းက နေတိုးကိုဝင်ဖို့ မလျှောက်တော့ဘဲ ကြားနေ အနေအထား ယူမယူ ပြဿနာနဲ့ ပတ်သက်ပြီး လမ်းတဝက်ကို ရောက်နေပါပြီလို့ ယူကရိန်းရဲ့ စေ့စပ်ညှိနှိုင်းရေးခေါင်းဆောင် Vladimir Medinsky က သောကြာနေ့မှာ ပြောခဲ့ပါတယ်။

လူသားချင်း စာနာထောက်ထားရေး လမ်းကြောင်းတွေကို တနင်္ဂနွေနေ့က ဖွင့်ခဲ့ပြီး လူပေါင်း ၆,၆၀၀ ကျော် မြို့အသီးသီးက ထွက်ခွါနိုင်ခဲ့ကြတယ်လို့ ယူကရိန်းသမ္မတရုံး ဒုတိယအကြီးအကဲ Kyrylo Tymoshenko က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ လူပေါင်း ၃ ဒသမ ၃ သန်းကျော် ယူကရိန်းကနေ ထွက်ပြေးခဲ့ကြရတာပါ။ နိုင်ငံအတွင်း နေရပ်စွန်ခွါ ပြောင်းရွှေ့နေထိုင်ရသူ ၆ ဒသမ ၅ သန်း ရှိတယ်လို့ ဆိုပါတယ်။ အနည်းဆုံး အရပ်သား ၈၄၇ ယောက် သေဆုံးခဲ့ပြီး ၁,၄၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။

XS
SM
MD
LG