သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး ႐ုရွားကုိ ဖိအားေပးဖုိ႔ အိႏၵိယကုိ ဂ်ပန္ဝန္ႀကီးခ်ဳပ္ တိုက္တြန္း


ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida. (ေအာက္တိုဘာ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဴးေက်ာ္တုိက္ခုိက္မႈအတြက္ အိႏၵိယက တုံ႔ျပန္ေဆာင္ရြက္ဖုိ႔ ဂ်ပန္ႏုိင္ငံက တုိက္တြန္းလုိက္ပါတယ္။

႐ုရွားရဲ႕ ယူကရိန္းကုိ က်ဴးေက်ာ္မႈဟာ လက္ရွိ ကမၻာ့အခင္းအက်င္းရဲ႕ အေျခခံအုတ္ျမစ္ကုိ လႈပ္ခါေစခဲ့ေၾကာင္းနဲ႔ ဒီကိစၥအေပၚ ရွင္းရွင္းလင္းလင္း တုံ႔ျပန္ဖုိ႔ လုိအပ္တယ္လုိ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က စေနေန႔တုန္းက အိႏၵိယဝန္ႀကီးခ်ဳပ္ Modi ကုိ ေျပာဆုိလုိက္ပါတယ္။

“ဘယ္ေဒသတြင္းမွာမဆုိ တဖက္သတ္ အင္အားသုံး ေျဖရွင္းတာဟာ ခြင့္လႊတ္ႏုိင္စရာ မဟုတ္ပါဘူး။ အျငင္းပြားမႈေတြကုိ ႏုိင္ငံတကာဥေပဒေတြနဲ႔အညီ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေဆြးေႏြးေျဖရွင္းဖုိ႔ ဆုိတာကုိ က်ေနာ္တုိ႔ ဝန္ႀကီးခ်ဳပ္ႏွစ္ဦး တသေဘာတည္း ရွိပါတယ္။” လုိ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က အိႏၵိယဝန္ႀကီးခ်ဳပ္ Modi နဲ႔ ေတြ့ဆုံအၿပီး အိႏၵိယၿမိဳ႕ေတာ္ နယူးေဒလီမွာ သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။

အိႏၵိယနဲ႔ ဂ်ပန္ဟာ ၄ ႏုိင္ငံပါဝင္တဲ့ QUAD လုံၿခံဳေရးဆုိင္ရာ မဟာမိတ္အဖဲြ႔ဝင္ေတြ ျဖစ္ပါတယ္။ အဲဒီထဲမွာ ၾသစေၾတးလ်နဲ႔ အေမရိကန္ ပါဝင္ပါတယ္။

႐ုရွားက ယူကရိန္းကုိ စတင္က်ဴးေက်ာ္ခ်ိန္ကတည္းက ဂ်ပန္ႏုိင္ငံဟာ ဒါဇင္နဲ႔ခ်ီတဲ့ ႐ုရွား လူပုဂၢိဳလ္ေတြနဲ႔ အဖဲြ႔အစည္းေတြကို ပိတ္ဆုိ႔အေရးယူတာေတြ ျပဳလုပ္ခဲ့သလုိ ယူကရိန္းဒုကၡသည္ေတြကုိလည္း လက္ခံခဲ့ပါတယ္။

ဒါေပမယ့္ အိႏၵိယကေတာ့ ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကုိ ျပစ္တင္႐ႈတ္ခ်တာ မလုပ္တဲ့ တခုတည္းေသာ QUAD အဖဲြ႔ဝင္ ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံက အိႏၵိယမွာ ၅ ႏွစ္အတြင္း အေမရိကန္ေဒၚလာ ၄၂ ဘီလီယံဖုိး ရင္းႏွီးျမႇဳပ္ႏွံသြားမယ္လုိ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္က ေၾကညာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက အိႏၵိယရဲ႕ ၿမိဳ႕ျပ အေျခခံအေဆာက္အဦမ်ား ဖြံ႔ၿဖိဳးတုိးတက္ေရး အကူအညီ ေပးခဲ့သလုိ အိႏၵိယရဲ႕ ျမန္ႏႈန္းျမင့္ ရထားစီမံကိန္းအတြက္ ဂ်ပန္က နည္းပညာနဲ႔ ေငြေၾကးေထာက္ပံ့ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ယူကရိန်းအရေး ရုရှားကို ဖိအားပေးဖို့ အိန္ဒိယကို ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုအတွက် အိန္ဒိယက တုံ့ပြန်ဆောင်ရွက်ဖို့ ဂျပန်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ လက်ရှိ ကမ္ဘာ့အခင်းအကျင်းရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါစေခဲ့ကြောင်းနဲ့ ဒီကိစ္စအပေါ် ရှင်းရှင်းလင်းလင်း တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က စနေနေ့တုန်းက အိန္ဒိယဝန်ကြီးချုပ် Modi ကို ပြောဆိုလိုက်ပါတယ်။

“ဘယ်ဒေသတွင်းမှာမဆို တဖက်သတ် အင်အားသုံး ဖြေရှင်းတာဟာ ခွင့်လွှတ်နိုင်စရာ မဟုတ်ပါဘူး။ အငြင်းပွားမှုတွေကို နိုင်ငံတကာဥပေဒတွေနဲ့အညီ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ ဆိုတာကို ကျနော်တို့ ဝန်ကြီးချုပ်နှစ်ဦး တသဘောတည်း ရှိပါတယ်။” လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က အိန္ဒိယဝန်ကြီးချုပ် Modi နဲ့ တွေ့ဆုံအပြီး အိန္ဒိယမြို့တော် နယူးဒေလီမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနဲ့ ဂျပန်ဟာ ၄ နိုင်ငံပါဝင်တဲ့ QUAD လုံခြုံရေးဆိုင်ရာ မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ သြစတြေးလျနဲ့ အမေရိကန် ပါဝင်ပါတယ်။

ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ချိန်ကတည်းက ဂျပန်နိုင်ငံဟာ ဒါဇင်နဲ့ချီတဲ့ ရုရှား လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူတာတွေ ပြုလုပ်ခဲ့သလို ယူကရိန်းဒုက္ခသည်တွေကိုလည်း လက်ခံခဲ့ပါတယ်။

ဒါပေမယ့် အိန္ဒိယကတော့ ရုရှားရဲ့ ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချတာ မလုပ်တဲ့ တခုတည်းသော QUAD အဖွဲ့ဝင် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အိန္ဒိယမှာ ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက အိန္ဒိယရဲ့ မြို့ပြ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ပေးခဲ့သလို အိန္ဒိယရဲ့ မြန်နှုန်းမြင့် ရထားစီမံကိန်းအတွက် ဂျပန်က နည်းပညာနဲ့ ငွေကြေးထောက်ပံ့ခဲ့ပါတယ်။

XS
SM
MD
LG