သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေး ဂျပန်နဲ့ အိန္ဒိယ တောင်းဆို


နယူးဒေလီမြို့မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi. (မတ် ၁၉၊ ၂၀၂၂)
နယူးဒေလီမြို့မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi. (မတ် ၁၉၊ ၂၀၂၂)

(Zawgyi / Unicode)

မြန်မာနိုင်ငံက အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းနဲ့ မြန်မာ့အရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး ဂျပန်ဝန်ကြီးချုပ် Kishida Fumio နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့က တိုက်တွန်းလိုက်ကြပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဂျပန်နဲ့ အိန္ဒိယ ၂ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအပြီး စနေနေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

မြန်မာ့အရေး အာဆီယံအသင်းရဲ့ ကြိုးပမ်းမှုတွေကို အားပေးကြောင်းနဲ့ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်းလည်း ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေချိန်မှာပဲ အခုလို ဂျပန်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေရဲ့ ပြောကြားချက် ထွက်ပေါ်လာတာပါ။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်းမှာတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှာ မဟုတ်ကြောင်း စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်တာ အပါအဝင် မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီချက်တွေ ချမှတ်ထားပေမယ့် လက်တွေ့ အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG