သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျဖဳတ္ခ်ခံ လႊတ္ေတာ္အမတ္မ်ားနဲ႔ ေတြ႔ဆံုခြင့္ အာဆီယံကိုယ္စားလွယ္ ေတာင္းဆိုခ်က္ စစ္ေကာင္စီပယ္ခ်


ျမန္မာျပည္ဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္သစ္ ကေမၻာဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn. (ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၂)

(Zawgyi / Unicode)

စစ္တပ္က အာဏာသိမ္းခဲ့တာ တႏွစ္ေက်ာ္ ၾကာလာခ်ိန္မွာ ျမန္မာ့ႏိုင္ငံေရး အက်ပ္အတည္း ေျပလည္ေစဖို႔ ႀကဳိးပမ္းတဲ့အေနနဲ႔ အၾကမ္းဖက္အဖြဲ႔အျဖစ္ စစ္ေကာင္စီက ေၾကညာထားတဲ့ အျဖဳတ္ခ်ခံ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အဖြဲ႔နဲ႔ ေတြ႔ဆုံခြင့္ေပးဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ ေတာင္းဆိုခ်က္ကို စစ္ေကာင္စီက တနဂၤေႏြေန႔မွာ ပယ္ခ်လိုက္ပါတယ္။

ျမန္မာျပည္ဆိုင္ရာ အာဆီယံရဲ႕ အထူးကိုယ္စားလွယ္သစ္ ျဖစ္လာတဲ့ ကေမၻာဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က သူ႔အေနနဲ႔ ျမန္မာႏိုင္ငံကို မတ္လထဲ သြားေရာက္ဖို႔ရွိၿပီး စစ္ေကာင္စီ ထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံဖို႔ ျပင္ဆင္ထားေၾကာင္း ၾကာသပေတးေန႔ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ ေျပာသြားပါတယ္။

မေလးရွားႏိုင္ငံရဲ႕ ေထာက္ခံအားေပးမႈေတြနဲ႔အတူ အျဖဳတ္ခ်ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ NLD ပါတီအမတ္ အမ်ားစုနဲ႔ ဖြဲ႔စည္းထားတဲ့ NUG အစိုးရ အဖြဲ႔နဲ႔လည္း ေတြ႔ဆုံခြင့္ရႏိုင္ဖို႔ ကေမၻာဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးက ႀကဳိးပမ္းေနတာပါ။

တနဂၤေႏြေနညပိုင္း ထုတ္ျပန္တဲ့ စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ အာဆီယံ အထူးကိုယ္စားလွယ္ အပါအဝင္ အာဆီယံအဖြဲ႔နဲ႔ အျပဳသေဘာေဆာင္တဲ့ ပူးေပါင္းေဆာက္ရြက္မႈ လုပ္သြားမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ တရားမဝင္ အဖြဲ႔အစည္းေတြ၊ အၾကမ္းဖက္ အဖြဲ႔ေတြနဲ႔ အထူးကိုယ္စားလွယ္က ေစ့စပ္ညႇိႏႈိင္းတာမ်ဳိးကိုေတာ့ သေဘာမတူႏိုင္ဘူးလို႔ ေၾကညာခ်က္မွာ တုံ႔ျပန္ထားပါတယ္။ အဲဒီအဖြဲ႔ေတြဟာ အၾကမ္းဖက္မႈေတြ က်ဴးလြန္ေနသလို အလုံးစုံပ်က္သုန္းေရး လမ္းေၾကာင္းကို သြားေနတာေၾကာင့္ ျဖစ္တယ္လို႔ အေၾကာင္းျပပါတယ္။

ဒါ့အျပင္ အတိုက္အခံနဲ႔ ခုလို ေတြ႔ခြင့္ေတာင္းတာဟာ အာဆီယံရဲ႕ ပဋိဉာဥ္ပါ အေျခခံမူေတြကို ဆန္႔က်င္ရာ ေရာက္သလို အာဆီယံရဲ႕ အၾကမ္းဖက္မႈ တန္ျပန္ႏွိမ္နင္းေရး ႀကဳိးပမ္းမႈေတြကိုလည္း ပ်က္ျပားေစတယ္လို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဖြုတ်ချခံ လွှတ်တော်အမတ်များနဲ့ တွေ့ဆုံခွင့် အာဆီယံကိုယ်စားလှယ် တောင်းဆိုချက် စစ်ကောင်စီပယ်ချ

စစ်တပ်က အာဏာသိမ်းခဲ့တာ တနှစ်ကျော် ကြာလာချိန်မှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြေလည်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီက ကြေညာထားတဲ့ အဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့နဲ့ တွေ့ဆုံခွင့်ပေးဖို့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကို စစ်ကောင်စီက တနင်္ဂနွေနေ့မှာ ပယ်ချလိုက်ပါတယ်။

မြန်မာပြည်ဆိုင်ရာ အာဆီယံရဲ့ အထူးကိုယ်စားလှယ်သစ် ဖြစ်လာတဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က သူ့အနေနဲ့ မြန်မာနိုင်ငံကို မတ်လထဲ သွားရောက်ဖို့ရှိပြီး စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားကြောင်း ကြာသပတေးနေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောသွားပါတယ်။

မလေးရှားနိုင်ငံရဲ့ ထောက်ခံအားပေးမှုတွေနဲ့အတူ အဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအမတ် အများစုနဲ့ ဖွဲ့စည်းထားတဲ့ NUG အစိုးရ အဖွဲ့နဲ့လည်း တွေ့ဆုံခွင့်ရနိုင်ဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ကြိုးပမ်းနေတာပါ။

တနင်္ဂနွေနေညပိုင်း ထုတ်ပြန်တဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ အာဆီယံ အထူးကိုယ်စားလှယ် အပါအဝင် အာဆီယံအဖွဲ့နဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောက်ရွက်မှု လုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် တရားမဝင် အဖွဲ့အစည်းတွေ၊ အကြမ်းဖက် အဖွဲ့တွေနဲ့ အထူးကိုယ်စားလှယ်က စေ့စပ်ညှိနှိုင်းတာမျိုးကိုတော့ သဘောမတူနိုင်ဘူးလို့ ကြေညာချက်မှာ တုံ့ပြန်ထားပါတယ်။ အဲဒီအဖွဲ့တွေဟာ အကြမ်းဖက်မှုတွေ ကျူးလွန်နေသလို အလုံးစုံပျက်သုန်းရေး လမ်းကြောင်းကို သွားနေတာကြောင့် ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

ဒါ့အပြင် အတိုက်အခံနဲ့ ခုလို တွေ့ခွင့်တောင်းတာဟာ အာဆီယံရဲ့ ပဋိဉာဉ်ပါ အခြေခံမူတွေကို ဆန့်ကျင်ရာ ရောက်သလို အာဆီယံရဲ့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ကြိုးပမ်းမှုတွေကိုလည်း ပျက်ပြားစေတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

XS
SM
MD
LG