သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ 


CAMBODIA-ASEAN-DIPLOMACY (TANG CHHIN Sothy / AFP)
CAMBODIA-ASEAN-DIPLOMACY (TANG CHHIN Sothy / AFP)

အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ

{{Zawgyi/Unicode}}

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ကျင်းပေနတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေးပွဲကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးမပါဘဲ ကျင်းပနေကြပါတယ်။ မြန်မာနိုင်ငံမှာ သိသာတဲ့ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်မလာသေးသမျှ ကာလပတ်လုံး နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကို မဖိတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ တင်ပြမှုအရ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံခြားရေးဝန်ကြီးကိုမဖိတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ အာဆီယံအေရး ကျွမ်းကျင်သူတွေကို ဆက်သွယ် မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြေပးထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် စည်းဝေးပွဲတွေကို အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတဲ့နိုင်ငံက နှစ်ဆန်းပိုင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပလေ့ ရှိပါတယ်။ ကြာသပတေးနေ့ကစလို့ ၂ ရက်ကြာ ကျင်းပတဲ့ ဒီအစည်းဝေးဟာ အာဆီယံအဖွဲ့တခုလုံး အနေနဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် တနှစ်တာ ဒေသအတွက် ဘယ်လို ရည်မှန်းချက်တွေ ချမှတ်ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်တဲ့အစည်းဝေးမို့ အရေးပါတဲ့ အစည်းအေဝးတခုဖြစ်ပါတယ်။

ဒီစည်းဝေးပွဲမှာ မြန်မာ့အရေးအပါအဝင် အဓိက အကြောင်းအရာ (၅) ခုကို ဦးစားပေး ဆွေးနွေးကြဖို့ရှိတယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မန်နေဂျာလည်းဖြစ်၊ အရှေ့တောင်အာရှ ပင်မကျွန်းစု ၅ နိုင်ငံဆိုင်ရာ အကြီးတန်း မန်နေဂျာလည်းဖြစ်တဲ့ ကိုလှဘုန်းမြင့်က ပြောပါတယ်။

“အရေးကြီးကိစ္စ (၅) ခုကို ဗဟိုထားပြီးတော့ ဆွေးနွေးမယ်လို့ ကျနော်တို့ သိရတယ်။ နံပါတ်တစ်အနေနဲ့ကတော့ တောင်တရုတ်ပင်လယ်ကိစ္စပေါ့။ တောင်တရုတ်ပင်လယ်မှာ အာဆီယံအတွင်း အဖွဲ့ဝင်နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံနဲ့ ဒီလုံခြုံရေးအရ ဖြစ်နေတဲ့ ပြဿနာကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ ကြားရတယ်။ နောက်တခုကေတာ့ Quad မဟာမိတ်လို့ခေါ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ ဂျပန်တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ လုံခြုံရေး မဟာမိတ်ပေါ့နော်။ အဲဒီအဖွဲ့အစည်းရဲ့ အခန်းကဏ္ဍနဲ့ ပါဝင်ပတ်သက်မှုကို ဆွေးနွေးမယ်လို့လည်း ကျနော်တို့ ကြားရပါတယ်။ နောက်တခုကေတာ့ ကိုဗစ်-၁၉ အလွန် စီးပွားရေး ပြန်လည် နာလန်ထူမှု ကိစ္စပေါ့နော်။ နောက်တခုကေတာ့ Timor Leste ပေါ့၊ တချို့ ကတော့ East Timor လို့ ခေါ်တယ်။ အဲဒီနိုင်ငံရဲ့ အာဆီယံအဖွဲ့ဝင် ဖြစ်သင့် မဖြစ်သင့်၊ ဖြစ်ရေးပေါ့လေ၊ အဲဒါကို ဆွေးနွေးမယ်လို့လည်း ကျနော်တို့ သိထားရတယ်။ နောက်ဆုံးတခုနဲ့ အရေးအကြီးဆုံး တခုကတော့ အခု လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအေနေပါ့။ မြန်မာနိုင်ငံ အခြေအနေမှာ အာဏာသိမ်းပြီး ဆက်လက် ဖြစ်နေတဲ့ လူသားတွေအေပါ် ရက်စက် ကြမ်းကြုတ်မှုနဲ့ လက်နက်မဲ့ ပြည်သူတွေအေပါ်ကို စစ်တပ်က ဆက်လက်ပြီးတော့ အနိုင်ကျင့် လွှမ်းမိုးနေတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီးတော့ အာဆီယံဘက်က ဘယ်လို တုံ့ပြန်မလဲ၊ အခု စစ်ကောင်စီ လွှမ်းမိုးနေတဲ့ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေကို ဘယ်လိုမျိုး လက်ခံမယ်၊ လက်မခံဘူး ဒါမျိုးကိစ္စတွေပါ ဆွေးနွေးမယ်လို့ ကျနော်တို့ သိထားရပါတယ်။”

ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အပေါ် စစ်ကောင်စီဘက်က အကောင်အထည်ဖော်ဆောင်မှု အခြေအနေ၊ အာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံကိုသွားရောက်ရေးကိစ္စနဲ့ အာဆီယံက မြန်မာနိုင်ငံကိုပေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီကိစ္စရပ်တွေလည်း ပါဝင်မယ်လို့ အာဆီယံအရေး အနီးကပ် စောင့်ကြည့်နေသူတွေက ပြောပါတယ်။

အာဆီယံအရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာကေတာ့ အာဆီယံက မြန်မာနိုင်ငံကိုပေးမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် ကနဦးအဆင့်ကို စတင်နေပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အကူအညီတွေ ဖြန့်ဖြူးရေးအတွက် အာဆီယံတဖွဲ့တည်း လုပ်ဆောင်နိုင်တဲ့ အနေအထား မရှိတဲ့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုရှိတဲ့ အဖွဲ့အစည်း၊ ဒါမှမဟုတ် စစ်တပ်လက်အောက်ခံဌာနတခုခုကတဆင့် အကူအညီတွေကို ပေးမယ်ဆိုရင် တကယ် အကူအညီလိုအပ်နေသူတွေလက်ထဲ မရောက်မှာ စိုးရိမ်ရတဲ့အတွက် နယ်စပ်ဖြတ်ကျော် အကူအညီပေးတဲ့ နည်းလမ်းမျိုးက သင့်တော်မယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်က ပြောပါတယ်။

“နယ်စပ်ဒေသကို ဖြတ်ကျော်ပြီးတော့ ပေးတဲ့အကူအညီမျိုးဟာ ပိုပြီးတော့ လက်တွေ့ကျတယ်။ တကယ့်စစ်ဘေးရှောင် ဒုက္ခသည်တွေဆီကိုလည်းဘဲ တိုက်ရိုက် ရောက်ရှိနိုင်တဲ့ အစီအစဉ်မျိုး ဖြစ်တဲ့အတွက် ဒီလို Cross border humanitarian assistant ပေါ့နော်၊ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို နယ်စပ် ဖြတ်ကျော်ပြီးတော့ ပေးတဲ့ကိစ္စမျိုးကို လေးလေးနက်နက် ဝိုင်းဝန်း စဉ်းစားပေးဖို့ ကျနော်တို့ တိုက်တွန်းထားတာတွေလည်း ရှိပါတယ်။ ဒီလို ကိစ္စတွေကိုလည်းပဲ အလေးအနက် စဉ်းစားလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။”

အထူးသဖြင့်တော့ မြန်မာစစ်ကောင်စီအေပါ် ထိရောက်တဲ့ အရေးယူမှု မလုပ်ဘဲ ဆက်လက် ထိတွေ့ ဆက်ဆံနေမယ်ဆိုရင် အာဆီယံရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်စေနိုင်တယ်လို့ ဦးဘိုလှတင့်က သုံးသပ်ပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွက်ရော အာဆီယံအတွက်ရော အကျိုးဖြစ်ထွန်းစေတဲ့ အဖွဲ့ဝင်မျိုး မဟုတ်ပါဘူး။ အာဆီယံအတွက် ဖြစ်ဖြစ်၊ မြန်မာနိုင်ငံအတွက်ဖြစ်ဖြစ် ပြဿနာတွေရဲ့ အခြေခံ၊ ပြဿနာတွေရဲ့ အစိတ်အပိုင်း၊ ပြဿနာတွေရဲ့ အဓိက အရင်းအမြစ်သာ ဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်နေသမျှတော့ ဒီ အာဆီယံဟာ ကိုယ့်ဂုဏ်သိက္ခာကိုလည်း ကြိုးပမ်းပြီးတော့ ထိန်းသိမ်းရဖို့ရှိတယ်။ ရှိပြီးသား ဂုဏ်သိက္ခာများလည်း ကျဆင်းသွားနိုင်တဲ့အတွက် ဒီအစည်းအေဝးကနေပြီးတော့ သော်လည်းကောင်း၊ ရှေ့လျှောက်သော်လည်းကောင်း အာဆီယံ ခေါင်းဆောင်မှုအနေနဲ့ မိမိတို့ရဲ့ ဂုဏ်သိက္ခာ၊ ဒေသတွင်းမှာ ရှိသင့်ရှိအပ်တဲ့ မူဝါဒအပေါ်မှာ မှန်မှန်ကန်ကန် ရပ်တည်တဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ မှန်မှန်ကန်ကန် ဦးဆောင်မှုတွေကို ပေးသွားနိုင်လိမ့်မယ်လို့ ကျနော်တို့ကတော့ ယုံကြည်ပါတယ်ဗျ။”

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ဒီကနေ့ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး (AMM) မစတင်ခင် မနေ့က အာဆီယံ အဆင့်မြင့်အရာရှိကြီးတွေရဲ့ အစည်းအဝေးပွဲ ကျင်းပတာမှာတော့ မြန်မာစစ်ကောင်စီရဲ့ အကြီးတန်း တာဝန်ရှိသူတဦး အွန်လိုင်းကတဆင့် တက်ရောက်ခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးဖြစ်သူ Sounry Chum က ဗွီအိုအေ ခမာဌာနကို ပြောကြားခဲ့ပါတယ်။

ဒီကနေ့ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကိုတော့ အဖွဲ့ဝင်နိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေ ဖနွမ်းပင်မြို့ကို သွားရောက်ပြီး လူကိုယ်တိုင် တက်ရောက်ကြတဲ့သူတွေရှိသလို အွန်လိုင်းကေန တက်ရောက်တဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ရှိပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

................................................................


{{Zawgyi/Unicode}}













XS
SM
MD
LG