[[ ZAWGYI ]]
အာဆီယံခေါင္းေဆာင္ေတြကို ဝါရွင္တန္ၿမိဳ႕ေတာ္ဆီ သမၼတ Biden ဖိတ္ေခၚေဆြးေႏြးမည္
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း ASEAN ေခါင္းေဆာင္ေတြကို လာမယ့္လေတြ အတြင္း ဝါရွင္တန္ဒီစီကို ဖိတ္္ၿပီး အေမရိကန္ - အာဆီယံ အထူးထိပ္သီးအစည္းေဝး က်င္းပဖို႔ရွိေၾကာင္း သမၼတအိမ္ျဖဴ ဒုတိယေျပာခြင့္ရ Karine Jean Pierre က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
အေမရိကန္အစိုးရအေနနဲ႔ အာဆီယံအဖြဲ႔ႀကီးနဲ႔ မိတ္ဖက္အျဖစ္ ဆက္ဆံေရး ခုိင္မာေအာင္ လုပ္ေဆာင္ဖုိ႔ သံဓိဌာန္ ခ်ထားေၾကာင္းနဲ႔ အေမရိကန္ဟာ အာဆီယံနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးကို နက္နက္ရႈိင္းရိႈင္း လုပ္ေဆာင္ေနသလို အင္ဒိုပစိဖိတ္ေဒသတြင္း လြတ္လပ္္မႈနဲ႔ ပြင့္လင္းမႈတိုးတက္လာေအာင္ လုပ္ေဆာင္ေနေၾကာင္းလည္း ေျပာပါတယ္။
မႏွစ္က က်င္းပတဲ့ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးမွာလည္း သမၼတ Joe Biden ပါဝင္တက္ေရာက္ခဲ့ၿပီး အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ ထိေတြ႔ဆက္ဆံမႈကို အရွိန္ျမႇင့္ လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳခဲ့တာျဖစ္ပါတယ္။
အစည္းေဝးအၿပီး အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲနဲ႔ပတ္သက္လို႔ အေမရိကန္သမၼတအိမ္ျဖဴေတာ္ရဲ႕ သီးျခား ထုတ္ျပန္ခ်က္မွာေတာ့ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈႏွင့္အၾကမ္းဖက္ ႏွိပ္ကြပ္မႈမ်ားႏွင့္ပတ္သက္လို႔အလြန္အမင္း စိုးရိမ္ေၾကာင္းနဲ႔ အၾကမ္းဖက္မႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ၿပီး မတရားဖမ္းဆီးထားသူမ်ားကို လႊတ္ေပးဖို႔ေတာင္းဆိုထားတာပါ။
ဒါ့အျပင္ အာဆီယံသေဘာတူညီခ်က္ ငါးခ်က္အရ ျမန္မာစစ္အစိုးရကတာဝန္ယူေရး အာဆီယံရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကို ေထာက္ခံေၾကာင္းလည္း သမၼတ အိမ္ျဖဴေတာ္ရဲ႕ ေၾကညာခ်က္မွာေဖၚျပထားပါတယ္။
= = = = =
{{ UNICODE }}
အာဆီယံခေါင်းဆောင်တွေကို ဝါရှင်တန်မြို့တော်ဆီ သမ္မတ Biden ဖိတ်ခေါ်ဆွေးနွေးမည်
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ခေါင်းဆောင်တွေကို လာမယ့်လတွေ အတွင်း ဝါရှင်တန်ဒီစီကို ဖိတ်ပြီး အမေရိကန် - အာဆီယံ အထူးထိပ်သီးအစည်းဝေး ကျင်းပဖို့ရှိကြောင်း သမ္မတအိမ်ဖြူ ဒုတိယပြောခွင့်ရ Karine Jean Pierre က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ အာဆီယံအဖွဲ့ကြီးနဲ့ မိတ်ဖက်အဖြစ် ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်ဖို့ သံဓိဌာန် ချထားကြောင်းနဲ့ အမေရိကန်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နေသလို အင်ဒိုပစိဖိတ်ဒေသတွင်း လွတ်လပ်မှုနဲ့ ပွင့်လင်းမှုတိုးတက်လာအောင် လုပ်ဆောင်နေကြောင်းလည်း ပြောပါတယ်။
မနှစ်က ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း သမ္မတ Joe Biden ပါဝင်တက်ရောက်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။
အစည်းဝေးအပြီး အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ သီးခြား ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနှင့်အကြမ်းဖက် နှိပ်ကွပ်မှုများနှင့်ပတ်သက်လို့အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပြီး မတရားဖမ်းဆီးထားသူများကို လွှတ်ပေးဖို့တောင်းဆိုထားတာပါ။
ဒါ့အပြင် အာဆီယံသဘောတူညီချက် ငါးချက်အရ မြန်မာစစ်အစိုးရကတာဝန်ယူရေး အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံကြောင်းလည်း သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။