သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာ့အေရး အာဆီယံခ်ဥ္းကပ္ပုံအေပၚ ကေမာၻဒီးယားသတင္းသမားအျမင္


ျမန္မာ့အေရး အာဆီယံခ်ဥ္းကပ္ပုံအေပၚ ကေမာၻဒီးယားသတင္းသမားအျမင္

ျမန္မာ့အေရး အာဆီယံခ်ဥ္းကပ္ပုံအေပၚ ကေမာၻဒီးယားသတင္းသမားအျမင္

{{Zawgyi/Unicode}}
ဦးေက်ာ္ဇံသာ ။. ။ ဒီကေန႔မွာပဲ အာဆီယံအလွည့္က် ဥကၠဌျဖစ္တဲ့ ကေမၻာဒီယားႏိုင္ငံ မွာ ျပဳ႔လုပ္မဲ့ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား ရဲ႕ Retreat ေခၚတဲ့ အစည္းအေဝးမွာ ျမန္မာႏိုင္ငံ ကိုယ္စားလွယ္ မပါပဲနဲ႔ ဒီကိစၥကို ဘယ္လိုကိုင္တြယ္ ေဆြးေႏြးၾကမလဲဆိုတာ နဲ႔ ပတ္သက္ၿပီးေတာ့ အာဆီယံအေရးကို ႏွစ္ေပါင္းမ်ားစြာ ေစာင့္ၾကည့္ေလ့လာခဲ့တဲ့ ဗြီအိုေအ ခမာဌာနက အယ္ဒီတာ Kimseng Men ကေတာ့ သူရဲ႕အျမင္ကို အခုလိုေျပာပါတယ္ ။

Kimseng Men (အယ္ဒီတာ ၊ ဗြီအိုေအ ခမာဌာန) ။. ။ မႏွစ္က အာဆီယံေခါင္းေဆာင္ေတြ အစည္းအေဝးပြဲမွာ စစ္ေကာင္စီေခါင္းေဆာင္ကို ဖိတ္ေခၚၿပီး ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို ခ်မွတ္ခဲ့တာေတြရွိပါတယ္။ အခုႏိုင္ငံျခားေရးဝန္ႀကီးေတြ အစည္းအေဝးမွာလည္း ပဋိပကၡေတြ အဆုံးသတ္ေရး ဘယ္လိုလုပ္ၾကမလဲဆိုတာ ညိွႏိႈင္းၾကပါလိမ့္မယ္။

ဦးေက်ာ္ဇံသာ ။. ။ ဒါေပမယ့္ ျမန္မာျပည္သူေတြကေရာ ႏိုင္ငံတကာ ကပါေျပာေနၾကတာက ဒီကိစၥေျပလည္ေရး အဓိကေတြ႔ဆုံရမယ့္ ပုဂၢိဳလ္က ေဒၚေအာင္ဆန္းစုၾကည္ျဖစ္တယ္လို႔ ဆိုေနၾကတယ္။ ဒါေၾကာင့္ သူနဲ႔ေတြ႔ဖို႔လိုတယ္။ ဒါေပမယ့္ အဲဒီလို ေတြ႔ဆုံဖို႔ဆိုတာေကာ ျဖစ္ႏိုင္ပါမလား။ အခုဒီခရီးစဥ္မွာ ။

Kimseng Men (အယ္ဒီတာ ၊ ဗြီအိုေအ ခမာဌာန) ။. ။ ဟုတ္ပါတယ္။ က်ေနာ္တို႔ သိရသေလာက္ဆိုရင္ စစ္ေကာင္စီ အႀကီးအကဲကလည္း အာဆီယံဥကၠဌ ရဲ႕ အထူးသံကို ႀကိဳဆိုဖို႔ သေဘာတူထားၿပီးျဖစ္ပါတယ္။ သူကို ျမန္မာႏိုင္ငံမွာ တျခားအုပ္စုေတြနဲ႔ ေတြ႔ဖို႔ သေဘာတူထားၿပီလို႔သိရပါတယ္။

ဦးေက်ာ္ဇံသာ ။. ။ သူနဲ႔ ေတြ႔ခြင့္မရလည္း အာဆီယံ ကိုယ္စားလွယ္ ကိုေတာ့ ေစလႊတ္မွာပဲလို႔ ယူဆပါသလား။

Kimseng Men (အယ္ဒီတာ ၊ ဗြီအိုေအ ခမာဌာန) ။. ။ ဒါနဲ႔ပတ္သက္လို႔ကေတာ့ အာဆီယံ ကိုယ္စားလွယ္ဟာ စစ္ေကာင္စီကို ဘယ္အထိ စြဲေဆာင္ႏိုင္မလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာပါ။ ခုခ်ိန္အထိေတာ့ စစ္ေကာင္စီအေနနဲ႔ ဒါကို သေဘာတူမထားဘူးဆိုတာကိုပဲ သိထားပါတယ္။

ဦးေက်ာ္ဇံသာ ။. ။ အဲဒီအထူးကုိယ္စားလွယ္ေစလႊတ္မယ့္ကိစၥက အခုဝန္ႀကီးမ်ားအစည္းအေဝးအဆင့္ မွာၿပီးသြားမွာလား။ ဒါမွမဟုတ္ မၾကာခင္ က်င္းပမယ့္ ထိပ္သီးစည္းေဝးကမ်ား ဆုံးျဖတ္ၾကဖို႔ရွိမလား။

Kimseng Men (အယ္ဒီတာ ၊ ဗြီအိုေအ ခမာဌာန) ။. ။ က်ေနာ္စကားေျပာျဖစ္ခဲ့တဲ့ ကြ်မ္းက်င္သူေတြရဲ႕ အျမင္ကေတာ့ ဒီဝန္ႀကီးအစည္းအေဝးဟာ ကိုဗစ္ကိစၥအပါအဝင္ ေဒသတြင္း စီးပြားေရး နလန္ထူေရး ကိစၥေတြကို ေဆြးေႏြးၾကမယ္လို႔သိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ပတ္သက္လို႔ကေတာ့ တရားရုံးမွာ အမႈရင္ဆိုင္ေနတဲ့သူနဲ႔ ေတြ႔ခြင့္မေပးႏိုင္ဘူးလို႔ စစ္ေကာင္စီ က ေျပာထားတာပါ။ အာဆီယံကိုယ္စားလွယ္က ဘယ္ေလာက္ဆြဲေဆာင္ႏိုင္မလဲဆိုတာကိုပဲ ၾကည့္ရမွာပါ။ က်ေနာ္အျမင္ေတာ့ ကေမၻာဒီယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္း ဟာ သူအေခၚ Soft Approch ေခၚတဲ့ အႏုနည္းခ်ဥ္းကပ္မႈကို ဆက္လုပ္လိမ့္မယ္ထင္ပါတယ္။ ဒီအတြက္ သူဟာ စစ္ေကာင္စီအႀကီးအကဲနဲ႔ အရင္ေတြ႔ဆုံၿပီး သူတို႔အေနနဲ႔ ကေမၻာဒီးယားကို ဘယ္အထိလုပ္ခြင့္ေပးမလဲဆိုတာကို စကားေျပာရပါလိမ့္မယ္။

ဦးေက်ာ္ဇံသာ ။. ။ Kimseng ခင္ဗ်ားဟာ ဒီအေရးကို ေစာင့္ၾကည့္ေလ့လာလာတဲ့ ဝါရင့္ ခမာဌာနက အယ္ဒီတာ တဦးျဖစ္တယ္။ အဲဒီေတာ့ ခင္ဗ်ားရဲ႕ ပုဂၢိဳလ္ေရးအျမင္ေကာ ဘယ္လိုရွိပါသလဲ။ ကေမၻာဒီယားႏိုင္ငံဟာ ဒီကိစၥ ေအာင္ေအာင္ျမင္ျမင္နဲ႔ ေစ့စပ္ေဆာင္ရြက္ေပးႏိုင္မယ္ထင္ပါသလား။

Kimseng Men (အယ္ဒီတာ ၊ ဗြီအိုေအ ခမာဌာန) ။. ။ ဒီအေရးကို ႏွစ္ေပါင္းမ်ားစြာ ေစာင့္ၾကည့္လာခဲ့တဲ့ ဂ်ာနယ္လစ္တေယာက္အေနနဲ႔ ဒီျပသာနာအတြက္ ဘာလုပ္မယ္ဆိုတဲ့ အစီအစဥ္ေတြကေတာ့ စစ္ေကာင္စီရဲ႕ သေဘာအတုိင္းဆိုတာ ေတြ႔မိပါတယ္။ အထူးသံတမန္ကို ဘယ္သူနဲ႔ ေတြ႔ခြင့္ေပးမယ္ဆိုတာကလည္း သူတို႔အေပၚမူတည္ေနပါတယ္။ ေနာက္ၿပီး စစ္ေကာင္စီက သူတို႔လုပ္ေနတဲ့ နည္းလမ္းဟာ ကေမၻာဒီယားႏိုင္ငံရဲ႕ အတိတ္က အေတြ႔အႀကဳံအတိုင္းပဲျဖစ္တယ္ ။ အဓိပၸါယ္ကေတာ့ (၁) ဒါဟာအခ်ိန္ယူရမယ္ ့ ကိစၥျဖစ္တယ္။ (၂) ဟြန္ဆန္ေျပာေျပာေနတဲ့ အႏုနည္း ခ်ဥ္းကပ္မႈကို လက္ခံတယ္ဆိုတာပါပဲ။

တိုက္႐ိုက္ လင့္ခ္
ျမန္မာ့အေရး အာဆီယံခ်ဥ္းကပ္ပုံအေပၚ ကေမာၻဒီးယားသတင္းသမားအျမင္
ျမန္မာ့အေရး အာဆီယံခ်ဥ္းကပ္ပုံအေပၚ ကေမာၻဒီးယားသတင္းသမားအျမင္

.............................................

မြန်မာ့အရေး အာဆီယံချဉ်းကပ်ပုံအပေါ် ကမ္ဘောဒီးယားသတင်းသမားအမြင်

{{Zawgyi/Unicode}}
ဦးကျော်ဇံသာ ။. ။ ဒီကနေ့မှာပဲ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီယားနိုင်ငံ မှာ ပြု့လုပ်မဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရဲ့ Retreat ခေါ်တဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ် မပါပဲနဲ့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ဆွေးနွေးကြမလဲဆိုတာ နဲ့ ပတ်သက်ပြီးတော့ အာဆီယံအရေးကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့တဲ့ ဗွီအိုအေ ခမာဌာနက အယ်ဒီတာ Kimseng Men ကတော့ သူရဲ့အမြင်ကို အခုလိုပြောပါတယ် ။

Kimseng Men (အယ်ဒီတာ ၊ ဗွီအိုအေ ခမာဌာန) ။. ။ မနှစ်က အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးပွဲမှာ စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ခေါ်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့တာတွေရှိပါတယ်။ အခုနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာလည်း ပဋိပက္ခတွေ အဆုံးသတ်ရေး ဘယ်လိုလုပ်ကြမလဲဆိုတာ ညှိနှိုင်းကြပါလိမ့်မယ်။

ဦးကျော်ဇံသာ ။. ။ ဒါပေမယ့် မြန်မာပြည်သူတွေကရော နိုင်ငံတကာ ကပါပြောနေကြတာက ဒီကိစ္စပြေလည်ရေး အဓိကတွေ့ဆုံရမယ့် ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်လို့ ဆိုနေကြတယ်။ ဒါကြောင့် သူနဲ့တွေ့ဖို့လိုတယ်။ ဒါပေမယ့် အဲဒီလို တွေ့ဆုံဖို့ဆိုတာကော ဖြစ်နိုင်ပါမလား။ အခုဒီခရီးစဉ်မှာ ။

Kimseng Men (အယ်ဒီတာ ၊ ဗွီအိုအေ ခမာဌာန) ။. ။ ဟုတ်ပါတယ်။ ကျနော်တို့ သိရသလောက်ဆိုရင် စစ်ကောင်စီ အကြီးအကဲကလည်း အာဆီယံဥက္ကဌ ရဲ့ အထူးသံကို ကြိုဆိုဖို့ သဘောတူထားပြီးဖြစ်ပါတယ်။ သူကို မြန်မာနိုင်ငံမှာ တခြားအုပ်စုတွေနဲ့ တွေ့ဖို့ သဘောတူထားပြီလို့သိရပါတယ်။

ဦးကျော်ဇံသာ ။. ။ သူနဲ့ တွေ့ခွင့်မရလည်း အာဆီယံ ကိုယ်စားလှယ် ကိုတော့ စေလွှတ်မှာပဲလို့ ယူဆပါသလား။

Kimseng Men (အယ်ဒီတာ ၊ ဗွီအိုအေ ခမာဌာန) ။. ။ ဒါနဲ့ပတ်သက်လို့ကတော့ အာဆီယံ ကိုယ်စားလှယ်ဟာ စစ်ကောင်စီကို ဘယ်အထိ စွဲဆောင်နိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။ ခုချိန်အထိတော့ စစ်ကောင်စီအနေနဲ့ ဒါကို သဘောတူမထားဘူးဆိုတာကိုပဲ သိထားပါတယ်။

ဦးကျော်ဇံသာ ။. ။ အဲဒီအထူးကိုယ်စားလှယ်စေလွှတ်မယ့်ကိစ္စက အခုဝန်ကြီးများအစည်းအဝေးအဆင့် မှာပြီးသွားမှာလား။ ဒါမှမဟုတ် မကြာခင် ကျင်းပမယ့် ထိပ်သီးစည်းဝေးကများ ဆုံးဖြတ်ကြဖို့ရှိမလား။

Kimseng Men (အယ်ဒီတာ ၊ ဗွီအိုအေ ခမာဌာန) ။. ။ ကျနော်စကားပြောဖြစ်ခဲ့တဲ့ ကျွမ်းကျင်သူတွေရဲ့ အမြင်ကတော့ ဒီဝန်ကြီးအစည်းအဝေးဟာ ကိုဗစ်ကိစ္စအပါအဝင် ဒေသတွင်း စီးပွားရေး နလန်ထူရေး ကိစ္စတွေကို ဆွေးနွေးကြမယ်လို့သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်လို့ကတော့ တရားရုံးမှာ အမှုရင်ဆိုင်နေတဲ့သူနဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ စစ်ကောင်စီ က ပြောထားတာပါ။ အာဆီယံကိုယ်စားလှယ်က ဘယ်လောက်ဆွဲဆောင်နိုင်မလဲဆိုတာကိုပဲ ကြည့်ရမှာပါ။ ကျနော်အမြင်တော့ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်း ဟာ သူအခေါ် Soft Approch ခေါ်တဲ့ အနုနည်းချဉ်းကပ်မှုကို ဆက်လုပ်လိမ့်မယ်ထင်ပါတယ်။ ဒီအတွက် သူဟာ စစ်ကောင်စီအကြီးအကဲနဲ့ အရင်တွေ့ဆုံပြီး သူတို့အနေနဲ့ ကမ္ဘောဒီးယားကို ဘယ်အထိလုပ်ခွင့်ပေးမလဲဆိုတာကို စကားပြောရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။. ။ Kimseng ခင်ဗျားဟာ ဒီအရေးကို စောင့်ကြည့်လေ့လာလာတဲ့ ဝါရင့် ခမာဌာနက အယ်ဒီတာ တဦးဖြစ်တယ်။ အဲဒီတော့ ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကော ဘယ်လိုရှိပါသလဲ။ ကမ္ဘောဒီယားနိုင်ငံဟာ ဒီကိစ္စ အောင်အောင်မြင်မြင်နဲ့ စေ့စပ်ဆောင်ရွက်ပေးနိုင်မယ်ထင်ပါသလား။

Kimseng Men (အယ်ဒီတာ ၊ ဗွီအိုအေ ခမာဌာန) ။. ။ ဒီအရေးကို နှစ်ပေါင်းများစွာ စောင့်ကြည့်လာခဲ့တဲ့ ဂျာနယ်လစ်တယောက်အနေနဲ့ ဒီပြသာနာအတွက် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေကတော့ စစ်ကောင်စီရဲ့ သဘောအတိုင်းဆိုတာ တွေ့မိပါတယ်။ အထူးသံတမန်ကို ဘယ်သူနဲ့ တွေ့ခွင့်ပေးမယ်ဆိုတာကလည်း သူတို့အပေါ်မူတည်နေပါတယ်။ နောက်ပြီး စစ်ကောင်စီက သူတို့လုပ်နေတဲ့ နည်းလမ်းဟာ ကမ္ဘောဒီယားနိုင်ငံရဲ့ အတိတ်က အတွေ့အကြုံအတိုင်းပဲဖြစ်တယ် ။ အဓိပ္ပါယ်ကတော့ (၁) ဒါဟာအချိန်ယူရမယ့် ကိစ္စဖြစ်တယ်။ (၂) ဟွန်ဆန်ပြောပြောနေတဲ့ အနုနည်း ချဉ်းကပ်မှုကို လက်ခံတယ်ဆိုတာပါပဲ။

XS
SM
MD
LG