သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးအစည္းအေဝးကိစၥ အဖြဲ႕ဝင္ႏိုင္ငံတခ်ိဳ႕နဲ႔ ႏိုင္ငံႀကီးတခ်ိဳ႕ကို စစ္ေကာင္စီျပစ္တင္ေဝဖန္


ASEAN Logo

[[Zawgyi/Unicode]]

အာဆီယံ ႏိုင္္ငံျခားေရးဝန္ႀကီးအစည္းအေဝးကိစၥ အဖြဲ႔ဝင္ႏုိင္ငံတခ်ဳိ႕နဲ႔ ႏုိင္ငံႀကီးတခ်ဳိ႕ကို စစ္ေကာင္စီျပစ္တင္ေဝဖန္

ကေမာၻဒီးယားႏိုင္ငံမွာ အခုလ ၁၆ ရက္ေကန ၁၇ ရက္ေန႔အထိ က်င္းပမယ့္ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးကို ဖိတ္ၾကားျခင္း မရွိတာဟာ အဖြဲ႕ဝင္ႏိုင္ငံတခ်ိဳ႕နဲ႔ ႏိုင္ငံႀကီးတခ်ိဳ႕ရဲ႕ ဖိအားေပးမႈေၾကာင့္ ျဖစ္ၿပီး ဒီလို မဖိတ္ၾကားတဲ့အတြက္ ျမန္မာႏိုင္ငံနဲ႔ ကေမာၻဒီးယား ႏွစ္ႏိုင္ငံရဲ႕ ဆက္ဆံေရးကို ထိခိုက္ေစမွာ မဟုတ္တဲ့အေၾကာင္း စစ္ေကာင္စီဘက္က တုံ႔ျပန္ေျပာဆိုလိုက္ပါတယ္။

“က်ေနာ္တို႔အေနနဲ႔ကလည္း အဲဒီ ...အတုိင္း အတတ္ႏိုင္ဆံုး ႏိုင္ငံေရးကိုယ္စားျပဳတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးကိုပဲ ဖိတ္ေပးဖို႔ဆိုၿပီး ေမတၱာရပ္ခံခဲ့တာရွိပါတယ္။ ကေမၻာဒီးယား ျမန္မာ ႏွစ္ႏုိင္ငံဆက္ဆံေရးကေတာ့ ဒိအတြက္ ပ်က္ျပားစရာအေၾကာင္းလည္း မရွိပါဘူး။ အာဆီယံနဲ႔ဆက္ဆံေရးကေတာ့ က်ေနာ္တို႔အေပၚမွာ ဒီလို တန္းတူရည္တူသေဘာမထားတဲ့ ႏိုင္ငံေတြမွပါ...က်န္တဲ့ႏုိင္ငံေတြနဲ႔ဆက္ဆံေရးလည္း က်ေနာ္တို႔ ေကာင္းမြန္ပါတယ္။”

အာဆီယံမူေဘာင္ ၅ ခ်က္ကို ေအကာင္အထည္ေဖာ္ေဆာင္မႈမွာ တိုးတက္မႈ အနည္းငယ္သာ ေတြ႕ရတဲ့အတြက္ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံေတြအၾကား စစ္ေကာင္စီကို ဖိတ္ၾကားဖို႔ အားလုံးရဲ႕ ေသဘာတူညီခ်က္ကို မရႏိုင္တာေၾကာင့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ စည္းေဝးပြဲကို ျမန္မာစစ္ေကာင္စီ တက္ေရာက္ခြင့္ရမွာ မဟုတ္ဘူးလို႔ ေကမာၻဒီးယား ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Chum Sounry က ေမန႔ ေေဖဖာ္ဝါရီလ ၂ ရက္ေန႔မွာ ေျပာၾကားလိုက္တဲ့ေအပၚ စစ္ေကာင္စီ ေျပာခြင့္ရက အခုလို တုန္႔ျပန္ ေျပာဆိုတာ ျဖစ္ပါတယ္။

မၾကာခင္ က်င္းပဖို႔ စီစဥ္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ စစ္ေကာင္စီ ေတြ႕ဆုံပြဲမွာ အာဆီယံဥကၠ႒ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ တက္ေရာက္ဖို႔ ဖိတ္ၾကားထားတယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို ေျပာပါတယ္။

အာဆီယံအဖြဲ႕က ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ခ်က္နဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို မထိခိုက္ဘူးဆိုရင္ အတတ္ႏိုင္ဆုံး ပူးေပါင္းေဆာင္႐ြက္သြားမယ့္အေၾကာင္းလည္း သူက ေျပာပါတယ္။ ဒါေပမဲ့လည္း ျမန္မာ့အေရး ပါဝင္ပတ္သက္သူအားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ဆိုတာမွာ လူပုဂၢိဳလ္တဦးတေယာက္ကို ဦးတည္ၿပီး ေျပာတာမ်ိဳးကိုေတာ့ လက္မခံဘူးလို႔ ပယ္ခ်ပါတယ္။

==========

[[Unicode]]

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကိစ္စ အဖွဲ့ဝင်နိုင်ငံတချို့နဲ့ နိုင်ငံကြီးတချို့ကို စစ်ကောင်စီပြစ်တင်ဝေဖန်

ကမ္ဘောဒီးယားနိုင်ငံမှာ အခုလ ၁၆ ရက်ကေန ၁၇ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ကြားခြင်း မရှိတာဟာ အဖွဲ့ဝင်နိုင်ငံတချို့နဲ့ နိုင်ငံကြီးတချို့ရဲ့ ဖိအားပေးမှုကြောင့် ဖြစ်ပြီး ဒီလို မဖိတ်ကြားတဲ့အတွက် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်တဲ့အကြောင်း စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ကလည်း အဲဒီ ...အတိုင်း အတတ်နိုင်ဆုံး နိုင်ငံရေးကိုယ်စားပြုတဲ့ နိုင်ငံခြားရေးဝန်ကြီးကိုပဲ ဖိတ်ပေးဖို့ဆိုပြီး မေတ္တာရပ်ခံခဲ့တာရှိပါတယ်။ ကမ္ဘောဒီးယား မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကတော့ ဒိအတွက် ပျက်ပြားစရာအကြောင်းလည်း မရှိပါဘူး။ အာဆီယံနဲ့ဆက်ဆံရေးကတော့ ကျနော်တို့အပေါ်မှာ ဒီလို တန်းတူရည်တူသဘောမထားတဲ့ နိုင်ငံတွေမှပါ...ကျန်တဲ့နိုင်ငံတွေနဲ့ဆက်ဆံရေးလည်း ကျနော်တို့ ကောင်းမွန်ပါတယ်။”

အာဆီယံမူဘောင် ၅ ချက်ကို အေကာင်အထည်ဖော်ဆောင်မှုမှာ တိုးတက်မှု အနည်းငယ်သာ တွေ့ရတဲ့အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြား စစ်ကောင်စီကို ဖိတ်ကြားဖို့ အားလုံးရဲ့ သေဘာတူညီချက်ကို မရနိုင်တာကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို မြန်မာစစ်ကောင်စီ တက်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ ကေမ္ဘာဒီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Chum Sounry က မေန့ ေဖေဖာ်ဝါရီလ ၂ ရက်နေ့မှာ ပြောကြားလိုက်တဲ့အေပါ် စစ်ကောင်စီ ပြောခွင့်ရက အခုလို တုန့်ပြန် ပြောဆိုတာ ဖြစ်ပါတယ်။

မကြာခင် ကျင်းပဖို့ စီစဉ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ တွေ့ဆုံပွဲမှာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။

အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိခိုက်ဘူးဆိုရင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်းလည်း သူက ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာ့အရေး ပါဝင်ပတ်သက်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာမှာ လူပုဂ္ဂိုလ်တဦးတယောက်ကို ဦးတည်ပြီး ပြောတာမျိုးကိုတော့ လက်မခံဘူးလို့ ပယ်ချပါတယ်။
==========

XS
SM
MD
LG