သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္း စားနပ္ရိကၡာရွားပါးမႈ အေျခအေန ဆိုးသထက္ဆိုး - WFP


Mariupol ၿမိဳ႕စြန္မွာ ေရနဲ႔ အစားအေသာက္ေတြ သယ္ယူလာတဲ့ ေဒသခံမ်ား။ (မတ္ ၁၈၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားဝင္ေရာက္က်ဴးေက်ာ္ တိုက္ခိုက္တာ ခံေနရတဲ့ ယူကရိန္းမွာ တိုက္ပြဲေတြ ဆက္ျဖစ္ပြားေနတာနဲ႔အတူ စားနပ္ရိကၡာရဖို႔လည္း တျဖည္းျဖည္း ခက္ခဲလာေနတယ္လို႔ ကုလသမဂၢ စားနပ္ရိကၡာအစီအစဥ္ (WFP) က သတိေပးလိုက္ပါတယ္။ တိုက္ပြဲေတြၾကား ေနထိုင္ရတဲ့ ယူကရိန္းျပည္သူေတြကလည္း မတတ္သာတဲ့အဆံုး အစားအေသာက္အတြက္ အလြန္အမင္း ၿခိဳးၿခံေခၽြတာေနၾကတာပါ။ ဒီအေၾကာင္း ဂ်ီနီဗာ ကုလသမဂၢ႐ုံးက ဗြီအိုေအသတင္းေထာက္ Lisa Schlein ေပးပို႔ထားတဲ့သတင္းကို ေဒၚခင္မ်ဳိးသက္ တင္ျပေပးထားပါတယ္။

လူဦးေရ ၄၄ သန္းရွိတဲ့ ယူကရိန္းႏိုင္ငံမွာ စားနပ္ရိကၡာ ျပတ္လပ္လာၿပီ ျဖစ္ပါတယ္။ WFP ကမၻာ့စားနပ္ရိကၡာဆိုင္ရာ အဖြဲ႔ကေတာ့ ယူကရိန္းႏိုင္ငံတြင္း စားနပ္ရိကၡာ လည္ပတ္မႈ အေျခေနဟာ ပ်က္ယြင္းေနၿပီျဖစ္သလို အစားအစာ လံုလံုေလာက္ေလာက္ မရမွာကိုလည္း ယူကရိန္းျပည္သူ ၄၅ ရာခုိင္ႏႈန္းေလာက္က စိုးရိမ္ေနၾကတယ္လို႔ ခန္႔မွန္းထားပါတယ္။

ယူကရိန္းႏိုင္ငံထဲ စစ္ပြဲေၾကာင့္ ပိတ္မိေနတဲ့ သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြအတြက္ အစိုးရရဲ႕ စားနပ္ရိကၡာ ျဖည့္တင္းေပးမယ့္ စနစ္ကလည္း ပ်က္ေနၿပီလို႔ WFP ႐ုံး ေျပာခြင့္ရ Tomson Phiri က ေျပာပါတယ္။

“ယူကရိန္းမွာ အခုဆို လူ ၅ ဦးမွာ တဦးက အစားအေသာက္အတြက္ ၿခိဳးၿခံတဲ့နည္းကို သံုးေနၾကၿပီလို႔ WFP က ခန္႔မွန္းထားပါတယ္။ အေျခေနကလည္း တျဖည္းျဖည္း ပိုဆိုးလာေနပါတယ္။ ဒီလို စိုးရိမ္စရာေကာင္းတဲ့ အခ်ိန္မ်ိဳး ျဖစ္တဲ့အတြက္ လူေတြက သူတို႔စားေနက်ထက္ ေလွ်ာ့စားလာၾကသလို စားတဲ့အႀကိမ္ေရကိုပါ ေလွ်ာ့ပစ္ခဲ့ၾကတာပါ။ လူႀကီးေတြကလည္း သူတို႔ကိုယ္တိုင္ မစားမေသာက္ အငတ္ခံၿပီး ကေလးေတြစားဖို႔ လုပ္ေပးေနၾကပါတယ္။”

ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႔ (UNICEF) ကေတာ့ ယူကရိန္းႏိုင္ငံက ကေလးအားလံုးရဲ႕ ထက္ဝက္ေက်ာ္ျဖစ္တဲ့ ကေလးငယ္ ၄ ဒသမ ၃ သန္းဟာ ႐ုရွားေတြ ဝင္ေရာက္က်ဴးေက်ာ္ခ်ိန္ကစၿပီး အိုးအိမ္စြန္႔ခြါ ထြက္ေျပးခဲ့ရတယ္လို႔ ေျပာပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး႐ုံးက ထုတ္ျပန္တဲ့ စာရင္းမွာေတာ့ အခုျဖစ္ပြားေနတဲ့ စစ္ေၾကာင့္ ေသဆံုးခဲ့ရသူ ၁,၀၈၀ ေက်ာ္ထဲမွာ ကေလးငယ္ ၇၈ ေယာက္ ပါေနတယ္လို႔ ေဖာ္ျပထားပါတယ္။

႐ုရွားတပ္ေတြရဲ႕ မရပ္မနား ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ လူေနရပ္ကြက္ေတြ၊ ေလဆိပ္ေတြ၊ တံတားေတြ၊ အရပ္ဘက္ အေဆာက္အအံုေတြနဲ႔အတူ ေဆး႐ုံေဆးခန္းေပါင္း ၇၀ ေက်ာ္လည္း ပ်က္စီးခဲ့ရတယ္လို႔ ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြက ေျပာပါတယ္။

စူပါမားကက္ေတြမွာ ဘာမွမရွိေတာ့သလို ကုန္ေလွာင္႐ုံေတြမွာလည္း စားနပ္ရိကၡာေတြ တျဖည္းျဖည္း ကုန္ခန္းလာေနတယ္လို႔ Phiri က ေျပာပါတယ္။ ဒါ့အျပင္ တိုက္ပြဲျဖစ္ပြားေနတဲ့ေဒသေတြ အထူးသျဖင့္ လံုးဝနီးပါး အဖ်က္ဆီးခံခဲ့ရတဲ့ ယူကရိန္းေရွ႕ပိုင္းက Mariupol လို ေနရာမ်ိဳးမွာ ေနထိုင္တဲ့ မိသားစုေတြအတြက္ ႀကီးမားတဲ့ ျပႆနာက အစားအစာရဖို႔ျဖစ္ေၾကာင္း ေျပာပါတယ္။

“တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသေတြကို မသြားေရာက္ႏိုင္သလို ႏိုင္ငံတြင္းမွာလည္း လူသားစာနာမႈ လက္တြဲလုပ္ကိုင္ေနတဲ့ အဖြဲ႔ေတြ မရွိတာဟာ ယူကရိန္းႏိုင္ငံထဲက မိသားစုေတြ ရွင္သန္ရပ္တည္ေရးကို အကူအညီ ေပးဖို႔အတြက္ အႀကီးမားဆံုး အတားအဆီး ျဖစ္ေနပါတယ္။ ႐ုရွားတပ္ေတြ အဝိုင္းခံေနရတဲ့ Mariupol ၿမိဳ႕မွာ ေနာက္ဆံုးလက္က်န္ ေရနဲ႔ အစားအစာေတြလည္း ျပတ္ေနသလို ေဖေဖာ္ဝါရီ ၂၄ ႐ုရွားဝင္တိုက္ခ်ိန္ကတည္းက လူသားစာနာမႈ အကူအညီေတြလည္း အပိတ္ပင္ခံေနရတာပါ။”

WFP ဟာ ယူကရိန္းႏိုင္ငံထဲက ျပည္သူ ၃ သန္းအတြက္ လံုေလာက္တဲ့ စားနပ္ရိကၡာေတြ ပို႔ေပးခဲ့တယ္လို႔လည္း Phiri က ေျပာပါတယ္။ ဒါ့အျပင္ တိုက္ပြဲေတြ ျပင္းထန္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရတဲ့ တခ်ိဳ႕ၿမိဳ႕ႀကီးေတြက ေနရာအမ်ားအျပားမွာလည္း WFP က စားနပ္ရိကၡာေတြ သိုေလွာင္ေပးေနတယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ယူကရိန်း စားနပ်ရိက္ခာရှားပါးမှု အခြေအနေ ဆိုးသထက်ဆိုး - WFP

ရုရှားဝင်ရောက်ကျူးကျော် တိုက်ခိုက်တာ ခံနေရတဲ့ ယူကရိန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာနဲ့အတူ စားနပ်ရိက္ခာရဖို့လည်း တဖြည်းဖြည်း ခက်ခဲလာနေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်ပါတယ်။ တိုက်ပွဲတွေကြား နေထိုင်ရတဲ့ ယူကရိန်းပြည်သူတွေကလည်း မတတ်သာတဲ့အဆုံး အစားအသောက်အတွက် အလွန်အမင်း ခြိုးခြံချွေတာနေကြတာပါ။ ဒီအကြောင်း ဂျီနီဗာ ကုလသမဂ္ဂရုံးက ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့ထားတဲ့သတင်းကို ဒေါ်ခင်မျိုးသက် တင်ပြပေးထားပါတယ်။

လူဦးရေ ၄၄ သန်းရှိတဲ့ ယူကရိန်းနိုင်ငံမှာ စားနပ်ရိက္ခာ ပြတ်လပ်လာပြီ ဖြစ်ပါတယ်။ WFP ကမ္ဘာ့စားနပ်ရိက္ခာဆိုင်ရာ အဖွဲ့ကတော့ ယူကရိန်းနိုင်ငံတွင်း စားနပ်ရိက္ခာ လည်ပတ်မှု အခြေနေဟာ ပျက်ယွင်းနေပြီဖြစ်သလို အစားအစာ လုံလုံလောက်လောက် မရမှာကိုလည်း ယူကရိန်းပြည်သူ ၄၅ ရာခိုင်နှုန်းလောက်က စိုးရိမ်နေကြတယ်လို့ ခန့်မှန်းထားပါတယ်။

ယူကရိန်းနိုင်ငံထဲ စစ်ပွဲကြောင့် ပိတ်မိနေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် အစိုးရရဲ့ စားနပ်ရိက္ခာ ဖြည့်တင်းပေးမယ့် စနစ်ကလည်း ပျက်နေပြီလို့ WFP ရုံး ပြောခွင့်ရ Tomson Phiri က ပြောပါတယ်။

“ယူကရိန်းမှာ အခုဆို လူ ၅ ဦးမှာ တဦးက အစားအသောက်အတွက် ခြိုးခြံတဲ့နည်းကို သုံးနေကြပြီလို့ WFP က ခန့်မှန်းထားပါတယ်။ အခြေနေကလည်း တဖြည်းဖြည်း ပိုဆိုးလာနေပါတယ်။ ဒီလို စိုးရိမ်စရာကောင်းတဲ့ အချိန်မျိုး ဖြစ်တဲ့အတွက် လူတွေက သူတို့စားနေကျထက် လျှော့စားလာကြသလို စားတဲ့အကြိမ်ရေကိုပါ လျှော့ပစ်ခဲ့ကြတာပါ။ လူကြီးတွေကလည်း သူတို့ကိုယ်တိုင် မစားမသောက် အငတ်ခံပြီး ကလေးတွေစားဖို့ လုပ်ပေးနေကြပါတယ်။”

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကတော့ ယူကရိန်းနိုင်ငံက ကလေးအားလုံးရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ကလေးငယ် ၄ ဒသမ ၃ သန်းဟာ ရုရှားတွေ ဝင်ရောက်ကျူးကျော်ချိန်ကစပြီး အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ စာရင်းမှာတော့ အခုဖြစ်ပွားနေတဲ့ စစ်ကြောင့် သေဆုံးခဲ့ရသူ ၁,၀၈၀ ကျော်ထဲမှာ ကလေးငယ် ၇၈ ယောက် ပါနေတယ်လို့ ဖော်ပြထားပါတယ်။

ရုရှားတပ်တွေရဲ့ မရပ်မနား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူနေရပ်ကွက်တွေ၊ လေဆိပ်တွေ၊ တံတားတွေ၊ အရပ်ဘက် အဆောက်အအုံတွေနဲ့အတူ ဆေးရုံဆေးခန်းပေါင်း ၇၀ ကျော်လည်း ပျက်စီးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စူပါမားကက်တွေမှာ ဘာမှမရှိတော့သလို ကုန်လှောင်ရုံတွေမှာလည်း စားနပ်ရိက္ခာတွေ တဖြည်းဖြည်း ကုန်ခန်းလာနေတယ်လို့ Phiri က ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေ အထူးသဖြင့် လုံးဝနီးပါး အဖျက်ဆီးခံခဲ့ရတဲ့ ယူကရိန်းရှေ့ပိုင်းက Mariupol လို နေရာမျိုးမှာ နေထိုင်တဲ့ မိသားစုတွေအတွက် ကြီးမားတဲ့ ပြဿနာက အစားအစာရဖို့ဖြစ်ကြောင်း ပြောပါတယ်။

“တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို မသွားရောက်နိုင်သလို နိုင်ငံတွင်းမှာလည်း လူသားစာနာမှု လက်တွဲလုပ်ကိုင်နေတဲ့ အဖွဲ့တွေ မရှိတာဟာ ယူကရိန်းနိုင်ငံထဲက မိသားစုတွေ ရှင်သန်ရပ်တည်ရေးကို အကူအညီ ပေးဖို့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်နေပါတယ်။ ရုရှားတပ်တွေ အဝိုင်းခံနေရတဲ့ Mariupol မြို့မှာ နောက်ဆုံးလက်ကျန် ရေနဲ့ အစားအစာတွေလည်း ပြတ်နေသလို ဖေဖော်ဝါရီ ၂၄ ရုရှားဝင်တိုက်ချိန်ကတည်းက လူသားစာနာမှု အကူအညီတွေလည်း အပိတ်ပင်ခံနေရတာပါ။”

WFP ဟာ ယူကရိန်းနိုင်ငံထဲက ပြည်သူ ၃ သန်းအတွက် လုံလောက်တဲ့ စားနပ်ရိက္ခာတွေ ပို့ပေးခဲ့တယ်လို့လည်း Phiri က ပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ မျှော်လင့်ရတဲ့ တချို့မြို့ကြီးတွေက နေရာအများအပြားမှာလည်း WFP က စားနပ်ရိက္ခာတွေ သိုလှောင်ပေးနေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG