(Zawgyi / Unicode)
႐ုရွားက ယူကရိန္းကုိ က်ဴးေက်ာ္တုိက္ခုိက္တဲ့ လုပ္ရပ္ဟာ ႏိုင္ငံငယ္တခုအတြက္ အလြန္ႀကီးမားတဲ့ ေၾကကဲြစရာလုပ္ရပ္အျဖစ္ ပါကစၥတန္စစ္တပ္ အႀကီးအကဲက ျပစ္တင္႐ႈတ္ခ်လိုက္ၿပီး အျမန္ဆုံး အပစ္အခတ္ ရပ္စဲဖို႔လည္း တုိက္တြန္း ေျပာဆုိလုိက္ပါတယ္။
ဗုိလ္ခ်ဳပ္ႀကီး Qamar Javed Bajwa ရဲ႕ စေနေန႔က ထူးထူးျခားျခား ေဝဖန္လိုက္တဲ့ သေဘာထားဟာ ႐ုရွားသမၼတ Vladimir Putin ရဲ႕ လုပ္ရပ္ေတြကို ေဝဖန္တာေတြ မလုပ္ဘဲ ၾကားေနဖို႔ ႀကိဳးပမ္းေနတဲ့ ဝန္ႀကီးခ်ဳပ္ Imran Khan ရဲ႕ ရပ္တည္ခ်က္နဲ႔ သိသိသာသာ ကဲြလဲြေနပါတယ္။
႐ုရွားရဲ႕ က်ဴးေက်ာ္မႈေၾကာင့္ ယူကရိန္းမွာ လူေပါင္းေထာင္ခ်ီေသဆုံးၿပီး သန္းနဲ႔ခ်ီ ဒုကၡသည္ျဖစ္ၾကရ၊ ႏိုင္ငံတဝက္ေလာက္ ထိခိုက္ပ်က္စီးရတာဟာ စိတ္မေကာင္းစရာအျဖစ္ ဗုိလ္ခ်ဳပ္ႀကီး Bajwa က ၿမိဳ႕ေတာ္ အစၥလာမ္မာဘတ္မွာ က်င္းပတဲ့ ႏုိင္ငံတကာ လုံၿခဳံေရးဆုိင္ရာ ညီလာခံမွာ ႐ုပ္သံကေနတဆင့္ ေျပာဆုိခဲ့ပါတယ္။
ပဋိပကၡကုိ ေျဖရွင္းႏုိင္ဖုိ႔ အျမန္ဆုံး ေတြ့ဆုံေဆြးေႏြးၾကဖုိ႔ တုိက္တြန္းလုိက္ၿပီး ယူကရိန္းရဲ႕ ထူးခၽြန္စြာ ခုခံတုိက္ခုိက္ႏုိင္တာကုိလည္း ဗုိလ္ခ်ဳပ္ႀကီး Bajwa က ခ်ီးက်ဴး ေျပာဆုိလုိက္ပါတယ္။
ဝန္ႀကီးခ်ဳပ္ Imran Khan ကေတာ့ ႐ုရွားအေပၚ ျပစ္တင္႐ႈတ္ခ်ဖုိ႔ အေနာက္တုိင္းႏုိင္ငံေတြရဲ႕ ေတာင္းဆုိမႈကုိ ျငင္းဆန္ခဲ့သလုိ ႐ုရွားက ယူကရိန္းကုိ က်ဴးေက်ာ္ၿပီးေနာက္ ႐ုရွားသမၼတ Putin နဲ႔ သြားေရာက္ေတြ့ဆုံခဲ့တဲ့ ပထမဆုံး ႏိုင္ငံ့ေခါင္းေဆာင္တဦးလည္း ျဖစ္ပါတယ္။
စစ္ေအးကာလက ပါကစၥတန္အေနနဲ႔ အေနာက္တုိင္းႏုိင္ငံေတြနဲ႔ လက္တဲြခဲ့တာ မွားတယ္လုိ႔ အယူအဆရွိတဲ့ ဝန္ႀကီးခ်ဳပ္ Khan ဟာ ပါကစၥတန္လႊတ္ေတာ္မွာ အတုိက္အခံေတြရဲ႕ အယုံအၾကည္မရွိအဆုိ တင္သြင္းဖုိ႔ တနဂၤေႏြေန႔မွာ မဲခဲြဆုံးျဖတ္မယ့္အေရးနဲ႔ ရင္ဆုိင္ေနရပါတယ္။
-------------------------------
(Unicode)
ယူကရိန်းအပေါ် ကျူးကျော်မှုအတွက် ရုရှားကို ပါကစ္စတန်စစ်တပ် အကြီးအကဲ ဝေဖန်
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ နိုင်ငံငယ်တခုအတွက် အလွန်ကြီးမားတဲ့ ကြေကွဲစရာလုပ်ရပ်အဖြစ် ပါကစ္စတန်စစ်တပ် အကြီးအကဲက ပြစ်တင်ရှုတ်ချလိုက်ပြီး အမြန်ဆုံး အပစ်အခတ် ရပ်စဲဖို့လည်း တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်ကြီး Qamar Javed Bajwa ရဲ့ စနေနေ့က ထူးထူးခြားခြား ဝေဖန်လိုက်တဲ့ သဘောထားဟာ ရုရှားသမ္မတ Vladimir Putin ရဲ့ လုပ်ရပ်တွေကို ဝေဖန်တာတွေ မလုပ်ဘဲ ကြားနေဖို့ ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ် Imran Khan ရဲ့ ရပ်တည်ချက်နဲ့ သိသိသာသာ ကွဲလွဲနေပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကြောင့် ယူကရိန်းမှာ လူပေါင်းထောင်ချီသေဆုံးပြီး သန်းနဲ့ချီ ဒုက္ခသည်ဖြစ်ကြရ၊ နိုင်ငံတဝက်လောက် ထိခိုက်ပျက်စီးရတာဟာ စိတ်မကောင်းစရာအဖြစ် ဗိုလ်ချုပ်ကြီး Bajwa က မြို့တော် အစ္စလာမ်မာဘတ်မှာ ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ ရုပ်သံကနေတဆင့် ပြောဆိုခဲ့ပါတယ်။
ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပြီး ယူကရိန်းရဲ့ ထူးချွန်စွာ ခုခံတိုက်ခိုက်နိုင်တာကိုလည်း ဗိုလ်ချုပ်ကြီး Bajwa က ချီးကျူး ပြောဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ် Imran Khan ကတော့ ရုရှားအပေါ် ပြစ်တင်ရှုတ်ချဖို့ အနောက်တိုင်းနိုင်ငံတွေရဲ့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သလို ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားသမ္မတ Putin နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပထမဆုံး နိုင်ငံ့ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။
စစ်အေးကာလက ပါကစ္စတန်အနေနဲ့ အနောက်တိုင်းနိုင်ငံတွေနဲ့ လက်တွဲခဲ့တာ မှားတယ်လို့ အယူအဆရှိတဲ့ ဝန်ကြီးချုပ် Khan ဟာ ပါကစ္စတန်လွှတ်တော်မှာ အတိုက်အခံတွေရဲ့ အယုံအကြည်မရှိအဆို တင်သွင်းဖို့ တနင်္ဂနွေနေ့မှာ မဲခွဲဆုံးဖြတ်မယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။