သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းလုံၿခဳံေရး အကူအညီ ေဒၚလာသန္း ၃၀၀ ကန္လ်ာထားသတ္မွတ္


Kyiv ၿမိဳ႕အနီး ႐ုရွားတပ္ေတြနဲ႔ တုိက္ပြဲအတြင္း ပ်က္စီးသြားတဲ့ ယူကရိန္းစစ္ဘက္သုံးယာဥ္မွာ အမွတ္တရခ်ထားတဲ့ ပန္းစည္းနဲ႔ ပန္းျခင္း။ (ဧၿပီ ၁၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံရဲ႕ ကာကြယ္ေရးစြမ္းရည္ကို အားျဖည့္ဖို႔အတြက္ "လုံၿခဳံေရးဆိုင္ရာ အကူအညီ" ေဒၚလာ သန္း ၃၀၀ လ်ာထားတဲ့အေၾကာင္း အေမရိကန္ ကာကြယ္ေရးဌာနက ေသာၾကာေန႔မွာ ေၾကညာခဲ့ပါတယ္။

ေဖေဖာ္ဝါရီလေႏွာင္းပိုင္းမွာ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ခ်ိန္ ကတည္းကဆိုရင္ အေမရိကန္က ယူကရိန္းကို အကူအညီေပးေနတာ ေဒၚလာသန္းေပါင္း ၁,၆၀၀ ရွိၿပီျဖစ္ၿပီး အခု ထပ္ၿပီး တိုးေပးတာပါ။

အခုေပးမယ့္ အကူအညီထဲမွာ ေလဆာေရာင္ျခည္သုံး ပဲ့ထိန္းဒုံးက်ည္စနစ္ေတြ၊ အေဝးထိန္း ဒ႐ုန္းယာဥ္ေတြ၊ ခဲယမ္းမီးေက်ာက္ေတြ၊ ညၾကည့္ပစၥည္းကိရိယာေတြ၊ နည္းဗ်ဴဟာေျမာက္ လုံၿခဳံစိတ္ခ်ရတဲ့ ဆက္သြယ္ေရးစနစ္ေတြ၊ ေဆးဘက္ဆိုင္ရာ အေထာက္အပံ့ေတြနဲ႔ သံခ်ပ္ကာယာဥ္ေတြ ပါဝင္ပါတယ္။

"႐ုရွားေ႐ြးခ်ယ္တဲ့ စစ္ပြဲလမ္းေၾကာင္းကို တြန္းလွန္ဖို႔ ရဲရင့္တဲ့ လုပ္ေဆာင္ခ်က္ေတြကို ေထာက္ခံၿပီးေတာ့ ယူကရိန္းႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမတည္တံ့ခိုင္ၿမဲေရး တို႔အတြက္ အေမရိကန္ရဲ႕ မဆုတ္နစ္တဲ့ သႏၷိ႒ာန္ကို ဒီဆုံးျဖတ္ခ်က္က အခိုင္အမာ ျပေနပါတယ္" လို႔ ပန္တဂြန္စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ John Kirby က ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

ယူကရိန္းစစ္ဘက္ကို ကူညီဖို႔ "ေနာက္ထပ္စြမ္းအားေတြ" နဲ႔ ပတ္သက္ၿပီး သမၼတ Joe Biden နဲ႔ ယူကရိန္းသမၼတ Volodymyr Zelenskyy တို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ သမၼတအိမ္ျဖဴေတာ္ကလည္း ဗုဒၶဟူးေန႔မွာ ထုတ္ျပန္ထားပါတယ္။

ပန္တဂြန္စစ္ဌာနခ်ဳပ္က အခုေပးမယ့္ အကူအညီေတြထဲမွာ တခုကေတာ့ Switchblade ဆိုတဲ့ နည္းဗ်ဴဟာေျမာက္ အေဝးထိန္း ဒ႐ုန္းယာဥ္ေတြ ျဖစ္ပါတယ္။

"Kamikaze drones" လို႔ တင္စားေခၚဆိုၾကတဲ့ အဲဒီ Switchblades ဒ႐ုန္းယာဥ္ေတြကို အေဝးထိန္းေမာင္းႏွင္ၿပီး ပစ္မွတ္ကို ရွာေဖြေတြ႔ရွိတဲ့အခ်ိန္မွာ ထိုးဆင္းၿပီးေတာ့ ေဖာက္ခြဲဖ်က္ဆီးႏိုင္တဲ့ ဒ႐ုန္းယာဥ္မ်ိဳး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ယူကရိန်းလုံခြုံရေး အကူအညီ ဒေါ်လာသန်း ၃၀၀ ကန်လျာထားသတ်မှတ်

ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်ဖို့အတွက် "လုံခြုံရေးဆိုင်ရာ အကူအညီ" ဒေါ်လာ သန်း ၃၀၀ လျာထားတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဌာနက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ချိန် ကတည်းကဆိုရင် အမေရိကန်က ယူကရိန်းကို အကူအညီပေးနေတာ ဒေါ်လာသန်းပေါင်း ၁,၆၀၀ ရှိပြီဖြစ်ပြီး အခု ထပ်ပြီး တိုးပေးတာပါ။

အခုပေးမယ့် အကူအညီထဲမှာ လေဆာရောင်ခြည်သုံး ပဲ့ထိန်းဒုံးကျည်စနစ်တွေ၊ အဝေးထိန်း ဒရုန်းယာဉ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ညကြည့်ပစ္စည်းကိရိယာတွေ၊ နည်းဗျူဟာမြောက် လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးစနစ်တွေ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ သံချပ်ကာယာဉ်တွေ ပါဝင်ပါတယ်။

"ရုရှားရွေးချယ်တဲ့ စစ်ပွဲလမ်းကြောင်းကို တွန်းလှန်ဖို့ ရဲရင့်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံပြီးတော့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး တို့အတွက် အမေရိကန်ရဲ့ မဆုတ်နစ်တဲ့ သန္နိဋ္ဌာန်ကို ဒီဆုံးဖြတ်ချက်က အခိုင်အမာ ပြနေပါတယ်" လို့ ပန်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ John Kirby က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ယူကရိန်းစစ်ဘက်ကို ကူညီဖို့ "နောက်ထပ်စွမ်းအားတွေ" နဲ့ ပတ်သက်ပြီး သမ္မတ Joe Biden နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူတော်ကလည်း ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပန်တဂွန်စစ်ဌာနချုပ်က အခုပေးမယ့် အကူအညီတွေထဲမှာ တခုကတော့ Switchblade ဆိုတဲ့ နည်းဗျူဟာမြောက် အဝေးထိန်း ဒရုန်းယာဉ်တွေ ဖြစ်ပါတယ်။

"Kamikaze drones" လို့ တင်စားခေါ်ဆိုကြတဲ့ အဲဒီ Switchblades ဒရုန်းယာဉ်တွေကို အဝေးထိန်းမောင်းနှင်ပြီး ပစ်မှတ်ကို ရှာဖွေတွေ့ရှိတဲ့အချိန်မှာ ထိုးဆင်းပြီးတော့ ဖောက်ခွဲဖျက်ဆီးနိုင်တဲ့ ဒရုန်းယာဉ်မျိုး ဖြစ်ပါတယ်။

XS
SM
MD
LG