သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-ယူကရိန်း ပဋိပက္ခကြားနေမှု ပါကစ္စတန် အကြောင်းပြချက်


ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi. (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂)
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi. (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂)

(Zawgyi / Unicode)

ရုရှား-ယူကရိန်း ပဋိပက္ခမှာ သူတို့နိုင်ငံရဲ့ ကြားနေရပ်တည်မှုဟာ အမေရိကန် ဒါမှမဟုတ် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တင်းမာစေတယ်ဆိုတဲ့ ထင်မြင်ချက်ကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi က ဗွီအိုအေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ပယ်ချလိုက်ပါတယ်။

တောင်အာရှက နျူကလီးယားလက်နက်ပိုင်ရှင် ပါကစ္စတန်နိုင်ငံဟာ ယူကရိန်းအပေါ် ရုရှား ကျူးကျော်မှုကို ရှုတ်ချဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားကို ငြင်းဆန်ပြီး ပြဿနာ ပြေလည်ရေးအတွက် ဆွေးနွေးညှိနှိုင်းရေးနဲ့ သံတမန်ရေးနည်းကိုသာသုံးဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ရုရှားအပါအဝင် နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့နဲ့ ပြည်တွင်းစီးပွားရေး စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖို့အတွက် ကမ္ဘာပေါ်က အုပ်စုနိုင်ငံရေးကိစ္စက နောက်ဆုတ်ဖို့ လိုအပ်တယ်လို့လည်း အကြောင်းပြပါတယ်။

အုပ်စုဖွဲ့စည်းရာမှာ ပါဝင်တဲ့အတွက် ပေးဆပ်ခဲ့ရဖူးပြီလို့လည်း နိုင်ငံခြားရေးဝန်ကြီး Qureshi က ဆိုပါတယ်။

NATO အဖွဲ့ဝင်မဟုတ်တဲ့ ပါကစ္စတန်ဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို ရှုတ်ချမယ့်အဆိုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာရော အထွေထွေညီလာခံမှာပါ မဲမပေးဘဲ လက်ရှောင်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

အိန္ဒိယ၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် နောက်ထပ် နိုင်ငံ ၃၄ နိုင်ငံကလည်း ကြားနေခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)








XS
SM
MD
LG