သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဝါရွင္တန္က ႐ုရွားက်ဴးေက်ာ္မႈ ဆန္႔က်င္ဆႏၵျပပဲြ ျမန္မာ့အေရး လႈပ္ရွားသူေတြ ပူးေပါင္းပါဝင္


ဝါရွင္တန္ဒီစီမွာ ျပဳလုပ္တဲ့ ႐ုရွားက်ဴးေက်ာ္စစ္ဆန္႔က်င္ၿပီး ယူကရိန္းျပည္သူေတြနဲ႔ အတူရပ္တည္ေၾကာင္း ျပသတဲ့ ဆႏၵျပပြဲ။ (မတ္ ၂၇၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီက သမၼတအိမ္ျဖဴအေရွ႕မွာေတာ့ အေမရိကန္ေရာက္ ျမန္မာနဲ႔ ယူကရိန္းႏိုင္ငံသားေတြက ယူကရိန္းကို ႐ုရွားက ဝင္ေရာက္က်ဴးေက်ာ္ တိုက္ခိုက္တာကို ကန္႔ကြက္တဲ့အေနနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။

ယူကရိန္းေတြ ခံစားရတာကို စာနာစိတ္နဲ႔ ျမန္မာေတြပါ လာေရာက္ဆႏၵျပၾကတာ ျဖစ္ေၾကာင္း Anti Dictatorship in Burma ျမန္မာႏိုင္ငံ- အာဏာရွင္ဆန္႔က်င္ေရးအဖြဲ႔က ဆႏၵျပသူတဦးက ေျပာပါတယ္။

“႐ုရွားသမၼတရဲ႕ အႏိုင္က်င့္မႈကို ခံေနရတဲ့ ယူကရိန္းျပည္သူေတြဟာ ဘာပဲေျပာေျပာ က်ေနာ္တို႔နဲ႔အတူတူ၊ အေျခေန ျဖစ္ရပ္ခ်င္းလည္း တိုက္ဆိုင္ေနတယ္။ အဲဒီအတြက္ သူတို႔မွာ ဆံုး႐ႈံးရသလို က်ေနာ္တို႔ရဲ႕ ဆံုး႐ံႈးရတာေတြ အားလံုးကလည္း ဒါ တန္းတူညီမွ် ရွိေနတယ္ဆိုတဲ့ အေျခအေနမွာ က်ေနာ္တို႔က စာနာစိတ္နဲ႔ လာေရာက္ပူးေပါင္းတာ ျဖစ္ပါတယ္။”

ဒါဇင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြဟာ ႐ုရွားအစိုးရရဲ႕ ယူကရိန္းကို က်ဴးေက်ာ္မႈကို ဆန္႔က်င္ ကန္႔ကြက္ခဲ့ၾကသလို ျမန္မာစစ္တပ္အတြက္ ႐ုရွားက စစ္လက္နက္ေတြ ရရွိေနတာ၊ ျမန္မာစစ္ေကာင္စီကေန ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈအတြက္ ေထာက္ခံေနတာကိုပါ ဆန္႔က်င္ေၾကာင္း ကန္႔ကြက္ ဆႏၵျပခဲ့ၾကတာပါ။

ျမန္မာဆႏၵျပသူေတြက ခြပ္ေဒါင္းအလံေတြ၊ ျမန္မာျပည္လြတ္ေျမာက္ေရး Free Burma ဆိုင္းဘုတ္ေတြ၊ အလံေတြကို ကိုင္ေဆာင္ၿပီး ျမန္မာႏိုင္ငံ အာဏာရွင္လက္ေအာက္က လြတ္ေျမာက္ဖို႔ပါ ေႂကြးေၾကာ္ ဆႏၵျပခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကလည္း အလားတူ ဆႏၵျပပြဲေတြကို အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီမွာေရာ နယ္သာလန္ႏိ္ုင္ငံ Amsterdam က Dan ရင္ျပင္မွာပါ ျမန္မာ့အေရး တက္ႂကြလႈပ္ရွားသူေတြက ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဝါရှင်တန်က ရုရှားကျူးကျော်မှု ဆန့်ကျင်ဆန္ဒပြပွဲ မြန်မာ့အရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူအရှေ့မှာတော့ အမေရိကန်ရောက် မြန်မာနဲ့ ယူကရိန်းနိုင်ငံသားတွေက ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော် တိုက်ခိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ယူကရိန်းတွေ ခံစားရတာကို စာနာစိတ်နဲ့ မြန်မာတွေပါ လာရောက်ဆန္ဒပြကြတာ ဖြစ်ကြောင်း Anti Dictatorship in Burma မြန်မာနိုင်ငံ- အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့က ဆန္ဒပြသူတဦးက ပြောပါတယ်။

“ရုရှားသမ္မတရဲ့ အနိုင်ကျင့်မှုကို ခံနေရတဲ့ ယူကရိန်းပြည်သူတွေဟာ ဘာပဲပြောပြော ကျနော်တို့နဲ့အတူတူ၊ အခြေနေ ဖြစ်ရပ်ချင်းလည်း တိုက်ဆိုင်နေတယ်။ အဲဒီအတွက် သူတို့မှာ ဆုံးရှုံးရသလို ကျနော်တို့ရဲ့ ဆုံးရှုံးရတာတွေ အားလုံးကလည်း ဒါ တန်းတူညီမျှ ရှိနေတယ်ဆိုတဲ့ အခြေအနေမှာ ကျနော်တို့က စာနာစိတ်နဲ့ လာရောက်ပူးပေါင်းတာ ဖြစ်ပါတယ်။”

ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ရုရှားအစိုးရရဲ့ ယူကရိန်းကို ကျူးကျော်မှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသလို မြန်မာစစ်တပ်အတွက် ရုရှားက စစ်လက်နက်တွေ ရရှိနေတာ၊ မြန်မာစစ်ကောင်စီကနေ ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် ထောက်ခံနေတာကိုပါ ဆန့်ကျင်ကြောင်း ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

မြန်မာဆန္ဒပြသူတွေက ခွပ်ဒေါင်းအလံတွေ၊ မြန်မာပြည်လွတ်မြောက်ရေး Free Burma ဆိုင်းဘုတ်တွေ၊ အလံတွေကို ကိုင်ဆောင်ပြီး မြန်မာနိုင်ငံ အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ပါ ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အလားတူ ဆန္ဒပြပွဲတွေကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရော နယ်သာလန်နိုင်ငံ Amsterdam က Dan ရင်ပြင်မှာပါ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG