သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Mariupol မွာ ယာယီအပစ္ရပ္ၿပီး အရပ္သားေတြကို ၾကက္ေျခနီကယ္ထုတ္မည္


UKRAINE-CRISIS/

ယူကရိန္းႏိုင္ငံက အခ်က္အျခာ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Mariupol မွာ၊ ေဒသႏၲရအဆင့္ ယာယီအပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ ရရွိခဲ့ၿပီးေနာက္ အရပ္သားေတြကို ေဘးလြတ္ရာ ကယ္ထုတ္ႏိုင္ဖို႔ စီစဥ္ေနေၾကာင္း ႏိုင္ငံတကာ ၾကက္ေျခနီအဖဲြ႕ ICRC က ေျပာပါတယ္။

Mariupol မွာ ယာယီအပစ္ရပ္ၿပီး အရပ္သားေတြကို ၾကက္ေျခနီကယ္ထုတ္မည္

{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံက အခ်က္အျခာ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Mariupol မွာ၊ ေဒသႏၲရအဆင့္ ယာယီအပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ ရရွိခဲ့ၿပီးေနာက္ အရပ္သားေတြကို ေဘးလြတ္ရာ ကယ္ထုတ္ႏိုင္ဖို႔ စီစဥ္ေနေၾကာင္း ႏိုင္ငံတကာ ၾကက္ေျခနီအဖဲြ႕ ICRC က ေျပာပါတယ္။

သယ္ယူပို႔ေဆာင္ေရးနဲ႔ လုံျခံဳေရးအေျခအေနအရ ေဘးလြတ္ရာ ကယ္ထုတ္မယ့္ အစီအစဥ္ကို ICRC က ဦးေဆာင္ၿပီး ေသာၾကာေန႔မွာ စတင္မွာျဖစ္ေၾကာင္းနဲ႔ သြားမယ့္လမ္းေၾကာင္း၊ အခ်ိန္ကာလ အပါအ၀င္ သေဘာတူညီခ်က္ရထားတဲ့ စည္းကမ္းသတ္မွတ္ခ်က္ အတိအက်ကိုလည္း သက္ဆိုင္ရာ အဖဲြ႕အစည္းေတြကို ေပးအပ္ထားေၾကာင္း ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။

႐ုရွားတပ္ေတြ ဝိုင္းထားတဲ့ၿမိဳ႕က အရပ္သားေတြကို ဒါဇင္နဲ႔ခ်ီတဲ့ ဘတ္စ္ကားေတြနဲ႔ ကယ္ထုတ္မွာျဖစ္ေၾကာင္း ယူကရိန္း ဒု၀န္ႀကီးခ်ဳပ္ Iryna Vereshchuk ကလည္း ၾကာသပေတးေန႔မွာပဲ ေျပာဆိုထားပါတယ္။

ေသာၾကာေန႔ မနက္ကစၿပီး ေတာင္ပိုင္း ပင္လယ္နက္ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Mariupol ကေန ယူကရိန္းက ထိန္းခ်ဳပ္ထားတဲ့ Zaporizhzhia ၿမိဳ႕အထိ အပစ္ရပ္ထားမယ့္အေၾကာင္း ႐ုရွားစစ္တပ္ကလည္း ကတိေပးထားတာပါ။

အရပ္သားေတြ ေဘးလြတ္ရာ ထြက္ခြာဖို႔ လမ္းေၾကာင္း ၃ ခုကို ၂ ဖက္သေဘာတူထားၿပီး၊ ဒီအထဲက တခုကို Mariupol ၿမိဳ႕က တိမ္းေရွာင္မယ့္သူေတြနဲ႔ ၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဖက္ ၈၅ မိုင္ အကြာမွာရွိတဲ့ Berdyansk ၿမိဳ႕ကို စာနာမႈ အကူအညီေတြ ေပးအပ္ဖို႔ အသုံးျပဳမွာ ျဖစ္ေၾကာင္းလည္း ယူကရိန္း ဒု၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ႏိုင္ငံတကာ ၾကက္ေျခနီအဖဲြ႕ ICRC ကေတာ့ ကယ္ဆယ္ေရး အစီအစဥ္ အထေျမာက္ဖို႔ အေရးတႀကီး လိုအပ္ေနၿပီး Mariupol ၿမိဳ႕က ေထာင္ေသာင္းခ်ီတဲ့ လူေတြရဲ႕ အသက္ေတြဟာလည္း ဒီအစီအစဥ္ေပၚမွာ မူတည္ေနေၾကာင္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................................

Mariupol မှာ ယာယီအပစ်ရပ်ပြီး အရပ်သားတွေကို ကြက်ခြေနီကယ်ထုတ်မည်

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံက အချက်အခြာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol မှာ၊ ဒေသန္တရအဆင့် ယာယီအပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အရပ်သားတွေကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်ဖို့ စီစဉ်နေကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က ပြောပါတယ်။

သယ်ယူပို့ဆောင်ရေးနဲ့ လုံခြုံရေးအခြေအနေအရ ဘေးလွတ်ရာ ကယ်ထုတ်မယ့် အစီအစဉ်ကို ICRC က ဦးဆောင်ပြီး သောကြာနေ့မှာ စတင်မှာဖြစ်ကြောင်းနဲ့ သွားမယ့်လမ်းကြောင်း၊ အချိန်ကာလ အပါအဝင် သဘောတူညီချက်ရထားတဲ့ စည်းကမ်းသတ်မှတ်ချက် အတိအကျကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးအပ်ထားကြောင်း ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ရုရှားတပ်တွေ ဝိုင်းထားတဲ့မြို့က အရပ်သားတွေကို ဒါဇင်နဲ့ချီတဲ့ ဘတ်စ်ကားတွေနဲ့ ကယ်ထုတ်မှာဖြစ်ကြောင်း ယူကရိန်း ဒုဝန်ကြီးချုပ် Iryna Vereshchuk ကလည်း ကြာသပတေးနေ့မှာပဲ ပြောဆိုထားပါတယ်။

သောကြာနေ့ မနက်ကစပြီး တောင်ပိုင်း ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol ကနေ ယူကရိန်းက ထိန်းချုပ်ထားတဲ့ Zaporizhzhia မြို့အထိ အပစ်ရပ်ထားမယ့်အကြောင်း ရုရှားစစ်တပ်ကလည်း ကတိပေးထားတာပါ။

အရပ်သားတွေ ဘေးလွတ်ရာ ထွက်ခွာဖို့ လမ်းကြောင်း ၃ ခုကို ၂ ဖက်သဘောတူထားပြီး၊ ဒီအထဲက တခုကို Mariupol မြို့က တိမ်းရှောင်မယ့်သူတွေနဲ့ မြို့ရဲ့ အနောက်မြောက်ဖက် ၈၅ မိုင် အကွာမှာရှိတဲ့ Berdyansk မြို့ကို စာနာမှု အကူအညီတွေ ပေးအပ်ဖို့ အသုံးပြုမှာ ဖြစ်ကြောင်းလည်း ယူကရိန်း ဒုဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကတော့ ကယ်ဆယ်ရေး အစီအစဉ် အထမြောက်ဖို့ အရေးတကြီး လိုအပ်နေပြီး Mariupol မြို့က ထောင်သောင်းချီတဲ့ လူတွေရဲ့ အသက်တွေဟာလည်း ဒီအစီအစဉ်ပေါ်မှာ မူတည်နေကြောင်း သတိပေးထားပါတယ်။

XS
SM
MD
LG