သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကထြက္ေျပးရသူေတြအထဲ ကေလး ၂ သန္းေက်ာ္ပါဝင္


Ukrainian refugees depart from the border crossing in Medyka, southeastern Poland, March 30, 2022.

ယူကရိန္းကထြက္ေျပးရသူေတြအထဲ ကေလး ၂ သန္းေက်ာ္ပါဝင္

{{Zawgyi/Unicode}}
စစ္ပဲြေတြေၾကာင့္ ယူကရိန္းႏုိင္ငံကေန ထြက္ေျပးရသူ ကေလး ၂ သန္းေလာက္ ရွိေနၿပီး၊ ႏုိင္ငံထဲမွာပဲ ေနရပ္စြန္႔ခြာ ေနထုိင္ေနရသူ ၂ သန္းခဲြေလာက္ ရွိေနေၾကာင္း ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖဲြ႔ (UNICEF) ကေျပာပါတယ္။

ယူကရိန္းမွာ စစ္ေၾကာင့္ ထြက္ေျပးရတဲ့ ဒုကၡသည္ေတြရဲ႕ ထက္၀က္ေလာက္ဟာ ကေလးေတြ ျဖစ္ၾကေၾကာင္းလည္း UNICEF နဲ႔ လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNCHR) တုိ႔က ဗုဒၶဟူးေန႔မွာ ထုတ္ျပန္လုိက္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

အိမ္နီးခ်င္း ပုိလန္ႏုိင္ငံကုိ ထြက္ေျပးတဲ့ ကေလး ၁ သန္း ၁ သိန္းနဲ႔ ႐ုိေမးနီးယား၊ ေမာ္လ္ဒုိဗာ၊ ဟန္ေဂရီ၊ ဆလုိဗက္ကီးယားနဲ႔ ခ်က္သမၼတႏုိင္ငံေတြကုိ ထြက္ေျပးသူ ေထာင္ေသာင္းခ်ီ ရွိေၾကာင္းလည္း UNICEF ကေျပာပါတယ္။

စစ္ေၾကာင့္ ေသဆုံးရသူ ကေလး ၁၀၀ ေက်ာ္နဲ႔၊ ဒဏ္ရာရသူ ၁၃၄ ေယာက္ရွိေၾကာင္း အခ်က္အလက္ေတြ စုေဆာင္းရရွိထားေၾကာင္း UNCHR ကေျပာေပမဲ့ လက္ေတြ႔မွာ အေရအတြက္ဟာ ဒီထက္မ်ားႏုိင္တယ္လုိ႔လည္း ေျပာဆုိထားတာပါ။

ေနရပ္စြန္႔ခြာ ထြက္ေျပးရတဲ့ ကေလးေတြဟာ လူေမွာင္ခုိမႈေတြ၊ ေခါင္းပုံျဖတ္ခံရမႈေတြနဲ႔ ရင္ဆုိင္ရႏုိင္တယ္လုိ႔လည္း UNICEF နဲ႔ UNCHR တုိ႔ကေျပာပါတယ္။

ကေလးေတြ၊ လူငယ္ေတြ ရင္ဆုိင္ရမယ့္ အႏၱရာယ္ေတြ ေလ်ာ့ပါးေစဖုိ႔ ေမာ္လ္ဒုိဗာ၊ ႐ုိေမးနီးယား၊ ဆလုိဗက္ကီးယား အပါအ၀င္ ဒုကၡသည္ေတြကုိ ခုိလႈံခြင့္ေပးေနတဲ့ ႏုိင္ငံေတြမွာ အကူအညီေပးေရး လုပ္ငန္းေတြ အရွိန္ျမႇင့္ ေဆာင္ရြက္ဖုိ႔လည္း တုိက္တြန္းခဲ့ၾကတာပါ။

မိသားစုေတြနဲ႔ တကဲြတျပား ထြက္ေျပးလာရသူေတြ အပါအ၀င္ ကေလးေတြကုိ ကာကြယ္ေစာင့္ေရွာက္ဖုိ႔၊ နယ္စပ္ေတြမွာ စိစစ္လက္ခံဖုိ႔ ေဒသတြင္းက အစုိးရေတြ၊ အာဏာပုိင္ေတြနဲ႔ အေရးတႀကီး ဆက္သြယ္ ႀကိဳးပမ္းေနေၾကာင္းလည္း UNICEF ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာဆုိထားပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းကထွက်ပြေးရသူတွေအထဲ ကလေး ၂ သန်းကျော်ပါဝင်

{{Zawgyi/Unicode}}
စစ်ပွဲတွေကြောင့် ယူကရိန်းနိုင်ငံကနေ ထွက်ပြေးရသူ ကလေး ၂ သန်းလောက် ရှိနေပြီး၊ နိုင်ငံထဲမှာပဲ နေရပ်စွန့်ခွာ နေထိုင်နေရသူ ၂ သန်းခွဲလောက် ရှိနေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကပြောပါတယ်။

ယူကရိန်းမှာ စစ်ကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေရဲ့ ထက်ဝက်လောက်ဟာ ကလေးတွေ ဖြစ်ကြကြောင်းလည်း UNICEF နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNCHR) တို့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

အိမ်နီးချင်း ပိုလန်နိုင်ငံကို ထွက်ပြေးတဲ့ ကလေး ၁ သန်း ၁ သိန်းနဲ့ ရိုမေးနီးယား၊ မော်လ်ဒိုဗာ၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံတွေကို ထွက်ပြေးသူ ထောင်သောင်းချီ ရှိကြောင်းလည်း UNICEF ကပြောပါတယ်။

စစ်ကြောင့် သေဆုံးရသူ ကလေး ၁၀၀ ကျော်နဲ့၊ ဒဏ်ရာရသူ ၁၃၄ ယောက်ရှိကြောင်း အချက်အလက်တွေ စုဆောင်းရရှိထားကြောင်း UNCHR ကပြောပေမဲ့ လက်တွေ့မှာ အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့လည်း ပြောဆိုထားတာပါ။

နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ကလေးတွေဟာ လူမှောင်ခိုမှုတွေ၊ ခေါင်းပုံဖြတ်ခံရမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း UNICEF နဲ့ UNCHR တို့ကပြောပါတယ်။

ကလေးတွေ၊ လူငယ်တွေ ရင်ဆိုင်ရမယ့် အန္တရာယ်တွေ လျော့ပါးစေဖို့ မော်လ်ဒိုဗာ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား အပါအဝင် ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးနေတဲ့ နိုင်ငံတွေမှာ အကူအညီပေးရေး လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။

မိသားစုတွေနဲ့ တကွဲတပြား ထွက်ပြေးလာရသူတွေ အပါအဝင် ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ နယ်စပ်တွေမှာ စိစစ်လက်ခံဖို့ ဒေသတွင်းက အစိုးရတွေ၊ အာဏာပိုင်တွေနဲ့ အရေးတကြီး ဆက်သွယ် ကြိုးပမ်းနေကြောင်းလည်း UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG