သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားထိုးစစ္ ယူကရိန္းအေရွ႕ပိုင္း Donbas မွာ အရွိန္ႁမွင္႔


A Ukrainian serviceman stands near the wreck of a Russian tank on the front line in the Kyiv region, Ukraine, March 28, 2022.

ယူကရိန္းမွာ ဝင္ေရာက္တိုက္ခိုက္ေနတဲ့ ႐ုရွားတပ္ေတြဟာ ယူကရိန္းအေရွ႕ပိုင္းကေဒသေတြကို ဦးစားေပးတိုက္ခိုက္တဲ့ အေနထားေတြ႕ေနရၿပီး ၿမိဳ႕ေတာ္ Kyiv ကိုဦးတည္တဲ့ ေျမျပင္ထိုးစစ္ဆင္မႈေတြ ကေတာ့ ရပ္တံ့ေနတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိတဦးက ေျပာပါတယ္။

လက္ရွိမွာ Kyiv ကိုဝင္တိုက္တာမရွိေတာ့ပဲ ယူကရိန္းအေရွ႕ပိုင္းက Donbas ေဒသမွာ ဆက္တိုက္ေနတာ ေတြ႕ရတယ္လို႔ အမည္မေဖၚလိုတဲ့ အရာရွိက တနလၤာေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။ ႐ုရွားတပ္ေတြက အေရွ႕ပိုင္းေဒသက ယူကရိန္းတပ္ေတြကို အဆက္အသြယ္ျဖတ္ေတာက္ဖို႔ ႀကိဳးစားတဲ့ ပုံေတြ႕ေနရၿပီး ဒါဟာ ယူကရိန္းနဲ႔ အေပးအယူလုပ္ ညႇိႏႈိင္းရာမွာ အသာစီးရဖို႔ လုပ္တာမ်ိဳး ျဖစ္ႏိုင္တယ္လို႔လည္း ေျပာပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားကိုယ္စားလွယ္ေတြဟာ စစ္ပြဲအဆုံးသတ္ေရး အတြက္ ညႇိႏႈိင္းေဆြးေႏြး ေနၾကဆဲျဖစ္ပါတယ္။ ႐ုရွားဟာ ၂၀၁၄ မွာ ယူကရိန္းရဲ႕ Crimea ကြၽန္းဆြယ္ကို သိမ္းပိုက္ခဲ့ၿပီး ယူကရိန္းအေရွ႕ပိုင္း Donbas ေဒသက ခြဲထြက္ေရးသမားေတြကို ပံ့ပိုးေထာက္ခံေပးခဲ့တာ ျဖစ္ပါတယ္။

ယူကရိန္းမွာ တျခားၿမိဳ႕ႀကီးအေတာ္မ်ားမ်ားကို ႐ုရွားတပ္ေတြ မသိမ္းႏိုင္ေအာင္ ယူကရိန္းတပ္ေတြက လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ယူကရိန္းကို ႐ုရွားဝင္ေရာက္က်ဴးေက်ာ္ခ်ိန္ကစၿပီး ေတာင္ပိုင္း Mariupol ၿမိဳ႕ကို ႐ုရွားတပ္ေတြက ျပင္းျပင္းထန္ထန္ ပစ္ခတ္တိုက္ခိုက္ခဲ့ တာေၾကာင့္ အခုဆို ကေလးငယ္ ၂၀၀ ေက်ာ္အပါအဝင္ ေဒသခံ ၅၀၀၀ ေလာက္ ေသဆုံးခဲ့ရတယ္လို႔ ၿမိဳ႕ေတာ္ဝန္႐ုံးက ေျပာပါတယ္။ ၿမိဳ႕ထဲမွာရွိေနတဲ့ ၿမိဳ႕ခံ ၁၆၀ ၀၀၀ ကို ေဘးလြတ္ရာ ပို႔ေဆာင္ေပးဖို႔ Mariupol ၿမိဳ႕ေတာ္ဝန္က တနလၤာေန႔မွာ ပန္ၾကားခဲ့ပါတယ္။ ဒါေပမယ့္ ၿမိဳ႕ကေန ထြက္ခြါမယ့္လမ္းေၾကာင္းေတြမွာ ႐ုရွားတပ္ေတြရဲ႕ တိုက္ခိုက္မႈခံရႏိုင္တယ္ဆိုတဲ့ ေထာက္လွန္းေရးသတင္းေတြေၾကာင့္ လူသားစာနာမႈ လမ္းေၾကာင္းကို ဖြင့္ေပးဖို႔ မျဖစ္ႏိုင္ ေသးဘူးလို႔ ယူကရိန္းဒုတိယဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

===================

ရုရှားထိုးစစ် ယူကရိန်းအရှေ့ပိုင်း Donbas မှာ အရှိန်မြှင့်

ယူကရိန်းမှာ ဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းကဒေသတွေကို ဦးစားပေးတိုက်ခိုက်တဲ့ အနေထားတွေ့နေရပြီး မြို့တော် Kyiv ကိုဦးတည်တဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ကတော့ ရပ်တံ့နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

လက်ရှိမှာ Kyiv ကိုဝင်တိုက်တာမရှိတော့ပဲ ယူကရိန်းအရှေ့ပိုင်းက Donbas ဒေသမှာ ဆက်တိုက်နေတာ တွေ့ရတယ်လို့ အမည်မဖေါ်လိုတဲ့ အရာရှိက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားတပ်တွေက အရှေ့ပိုင်းဒေသက ယူကရိန်းတပ်တွေကို အဆက်အသွယ်ဖြတ်တောက်ဖို့ ကြိုးစားတဲ့ ပုံတွေ့နေရပြီး ဒါဟာ ယူကရိန်းနဲ့ အပေးအယူလုပ် ညှိနှိုင်းရာမှာ အသာစီးရဖို့ လုပ်တာမျိုး ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေဟာ စစ်ပွဲအဆုံးသတ်ရေး အတွက် ညှိနှိုင်းဆွေးနွေး နေကြဆဲဖြစ်ပါတယ်။ ရုရှားဟာ ၂၀၁၄ မှာ ယူကရိန်းရဲ့ Crimea ကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်း Donbas ဒေသက ခွဲထွက်ရေးသမားတွေကို ပံ့ပိုးထောက်ခံပေးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းမှာ တခြားမြို့ကြီးအတော်များများကို ရုရှားတပ်တွေ မသိမ်းနိုင်အောင် ယူကရိန်းတပ်တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်ချိန်ကစပြီး တောင်ပိုင်း Mariupol မြို့ကို ရုရှားတပ်တွေက ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် အခုဆို ကလေးငယ် ၂၀၀ ကျော်အပါအဝင် ဒေသခံ ၅၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ မြို့တော်ဝန်ရုံးက ပြောပါတယ်။ မြို့ထဲမှာရှိနေတဲ့ မြို့ခံ ၁၆၀ ၀၀၀ ကို ဘေးလွတ်ရာ ပို့ဆောင်ပေးဖို့ Mariupol မြို့တော်ဝန်က တနင်္လာနေ့မှာ ပန်ကြားခဲ့ပါတယ်။ ဒါပေမယ့် မြို့ကနေ ထွက်ခွါမယ့်လမ်းကြောင်းတွေမှာ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုခံရနိုင်တယ်ဆိုတဲ့ ထောက်လှန်းရေးသတင်းတွေကြောင့် လူသားစာနာမှု လမ်းကြောင်းကို ဖွင့်ပေးဖို့ မဖြစ်နိုင် သေးဘူးလို့ ယူကရိန်းဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။

XS
SM
MD
LG