သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျူးကျော်စစ် ယူကရိန်း ခုခံကာကွယ်မှု အရေးပါတဲ့ အလှည့်အပြောင်းရောက်နေ - ယူကရိန်းသမ္မတ 


UKRAINE-CRISIS/KYIV-DEFENCE
UKRAINE-CRISIS/KYIV-DEFENCE

[[Zawgyi/Unicode]]


ရုရှားက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အပေါ် ယူကရိန်းရဲ့ခုခံကာကွယ်မှုဟာ အရေးပါတဲ့ အလှည့်အပြောင်းတခုကို ရောက်နေပြီလို့ ယူကရိန်းသမ္မတက ပြောပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းက စစ်ဆင်ရေးတချို့ကို လျှော့ချမယ်လို့ ရုရှားဘက်က ပြောဆိုပြီး နာရီပိုင်းအကြာမှာ သူတို့ကို အကူအညီတွေထပ်ပေးဖို့ အမေရိကန်ကို တောင်းဆိုလိုက်ပါတယ်။

ရုရှားက Kyiv မြို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ပြီး ယူကရိန်းမြောက်ပိုင်း Chernihiv မြို့အပါအဝင် တခြား ဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတာကြောင့် ဒီပဋိပက္ခပြေလည်ရေးအတွက် မျှော်လင့်ချက်တွေလည်း မှေးမှိန်လာနေပါတယ်။ စစ်ပွဲတွေကြောင့် ပိတ်မိနေကြတဲ့ အရပ်သားတွေဟာ ဒီပဋိပက္ခမှာ အဆိုးရွားဆုံး ဘေးဒဏ်ခံကြရသူတွေဖြစ်ပါတယ်။

ဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ထွက်ခွာခွင့်ပြုမယ်လို့ နှစ်ဘက်စလုံးက ဒီကနေ့ပြောပါတယ်။ ဒီပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးနေကြတဲ့ ယူကရိန်းအဖွဲ့ခေါင်းဆောင်ကတော့ ဆွေးနွေးမှုတွေကို သောကြာနေ့မှာ ဗွီဒီယိုကတဆင့် ပြန်လည်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ယူကရိန်းလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကတော့ အမေရိကန်အနေနဲ့ ရုရှားအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံချမှတ်တာအပြင် ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းနဲ့ ငွေကြေးအရ ထပ်မံကူညီပေးဖို့ မနေ့ ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့ကြပါတယ်။

#RussiaInvasion #Ukraine #voaburmese #ယူကရိန်း #ရုရှားကျူးကျော်စစ် #ဗွီအိုအေမြန်မာပိုင်း

=============

[[Unicode]]








=============

XS
SM
MD
LG