သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းနဲ႔ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ တိုးတက္မႈအရိပ္လကၡဏာမရွိဟု ႐ုရွားတံု႔ျပန္


UKRAINE-RUSSIA-CONFLICT

[[Zawgyi/Unicode]]

ယူူကရိန္းႏုိင္ငံနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကေန တိုးတက္မႈတခုခုရမယ့္အရိပ္လကၡဏာ မရွိေသးဘူးလို႔ ႐ုရွားႏုိင္္ငံက ဒီကေန႔ ေျပာပါတယ္။

၃၆ ရက္ၾကာ ႐ုရွားက်ဴးေက်ာ္စစ္ အဆံုးသတ္ဖို႔ ရည္ရြယ္ခ်က္နဲ႔ တူရကီႏုိင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕မွာ အဂၤါေန႔ကလုပ္ခ့ဲ့တဲ့ ေစ့စပ္ ညႇိႏိႈင္းပြဲအတြင္း ေတာင္းဆိုခ်က္ စာရင္းတခုကို ယူကရိန္းဘက္က ေပးခဲ့တယ္လို႔ ႐ုရွားအစိုးရေျပာခြင့္ရ Dmitry Peskov က သတင္းစာရွင္းလင္းပြဲတခုအတြင္း ေျပာသြားပါတယ္။ ယူကရိန္္းအတြက္ လံုျခံဳေရးဆိုင္ရာ ႏုိင္ငံတကာ အာမခံခ်က္ေတြအပါအဝင္ အပစ္အခတ္ရပ္စဲေရး အလားအလာတခုအတြက္ သတ္မွတ္ခ်က္ေတြကို အဂၤါေန႔က ႏွစ္ဘက္ေဆြးေႏြးခဲ့ၾကတယ္လုိ႔ သမၼတ Volodymyr Zelenskyy ရဲ႕ လက္ေထာက္တဦးက ေျပာပါတယ္။

ယူကရိန္းအတြက္ လံုျခံဳေရးဆိုင္ရာ အာမခံခ်က္ရမယ္ဆိုရင္ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ NATO စစ္မဟာမိတ္အဖြဲ႔ ဒါမွမဟုတ္ တျခား စစ္မဟာမိတ္အဖြဲ႔ေတြထဲ မဝင္ဘူးဆိုတာမ်ဳိးလို ၾကားေန မူဝါဒကို ခ်မွတ္မယ္လုိ႔လည္း ယူကရိန္း ေစ့စပ္ညႇိႏႈိင္းေရးမွဴးေတြ ဘက္က အဆိုျပဳထားပါတယ္။

ယူကရိန္းက ေတာင္းဆိုခ်က္ေတြကို စာနဲ႔ေရးသား ေပးပို႔ခဲ့တဲ့အေပၚ ႐ုရွားအစိုးရက ႀကိဳဆိုေပမယ့္ ေနာက္ဆံုးသေဘာတူညီခ်က္ တခုရဖို႔ ဘယ္လို အလားအလာေကာင္းမ်ဳိးမွ မေတြ႔ဘူးလို႔ ႐ုရွားေျပာခြင့္ရ Peskov က သတင္းေထာက္ေတြကိုေျပာပါတယ္။

ဒီအေတာအတြင္းမွာပဲ ကိဗ္ၿမိဳ႕ေတာ္ ပတ္ဝန္းက်င္ေဒသေတြကို ႐ုရွားက ပစ္ခတ္ တိုက္ခိုက္ေနတံုးပဲလို႔ ယူကရိန္း အႀကီးတန္း တာဝန္ရွိသူတဦးက ေျပာတဲ့အေၾကာင္း ေအပီသတင္းတပုဒ္မွာ ေရးထားပါတယ္။

ၿမိဳ႕ေတာ္ပတ္လည္ ေဒသေတြက လူေနရပ္ကြက္ေတြနဲ႔ အရပ္သားအေဆာက္အဦးေတြကို ႐ုရွားက အႀကိမ္ ၃၀ ထက္မနည္း ပစ္ခတ္တုိုက္ခိုက္ခဲ့တယ္လုိ႔ ကိဗ္ေဒသ စစ္ဘက္ဌာန အႀကီးအကဲ Oleksandr Payliuk ကေျပာတာကို ေအပီသတင္းမွာ ေဖာ္ျပ ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[Unicode]]

ယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်မှုအရိပ်လက္ခဏာမရှိဟု ရုရှားတုံ့ပြန်

ယူူကရိန်းနိုင်ငံနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ တိုးတက်မှုတခုခုရမယ့်အရိပ်လက္ခဏာ မရှိသေးဘူးလို့ ရုရှားနိုင်ငံက ဒီကနေ့ ပြောပါတယ်။

၃၆ ရက်ကြာ ရုရှားကျူးကျော်စစ် အဆုံးသတ်ဖို့ ရည်ရွယ်ချက်နဲ့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ စေ့စပ် ညှိနှိုင်းပွဲအတွင်း တောင်းဆိုချက် စာရင်းတခုကို ယူကရိန်းဘက်က ပေးခဲ့တယ်လို့ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားပါတယ်။ ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ အာမခံချက်တွေအပါအဝင် အပစ်အခတ်ရပ်စဲရေး အလားအလာတခုအတွက် သတ်မှတ်ချက်တွေကို အင်္ဂါနေ့က နှစ်ဘက်ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ Volodymyr Zelenskyy ရဲ့ လက်ထောက်တဦးက ပြောပါတယ်။

ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အာမခံချက်ရမယ်ဆိုရင် မြောက်အတ္တလန်တိတ်စာချုပ် NATO စစ်မဟာမိတ်အဖွဲ့ ဒါမှမဟုတ် တခြား စစ်မဟာမိတ်အဖွဲ့တွေထဲ မဝင်ဘူးဆိုတာမျိုးလို ကြားနေ မူဝါဒကို ချမှတ်မယ်လို့လည်း ယူကရိန်း စေ့စပ်ညှိနှိုင်းရေးမှူးတွေ ဘက်က အဆိုပြုထားပါတယ်။

ယူကရိန်းက တောင်းဆိုချက်တွေကို စာနဲ့ရေးသား ပေးပို့ခဲ့တဲ့အပေါ် ရုရှားအစိုးရက ကြိုဆိုပေမယ့် နောက်ဆုံးသဘောတူညီချက် တခုရဖို့ ဘယ်လို အလားအလာကောင်းမျိုးမှ မတွေ့ဘူးလို့ ရုရှားပြောခွင့်ရ Peskov က သတင်းထောက်တွေကိုပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ကိဗ်မြို့တော် ပတ်ဝန်းကျင်ဒေသတွေကို ရုရှားက ပစ်ခတ် တိုက်ခိုက်နေတုံးပဲလို့ ယူကရိန်း အကြီးတန်း တာဝန်ရှိသူတဦးက ပြောတဲ့အကြောင်း အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။

မြို့တော်ပတ်လည် ဒေသတွေက လူနေရပ်ကွက်တွေနဲ့ အရပ်သားအဆောက်အဦးတွေကို ရုရှားက အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကိဗ်ဒေသ စစ်ဘက်ဌာန အကြီးအကဲ Oleksandr Payliuk ကပြောတာကို အေပီသတင်းမှာ ဖော်ပြ ထားပါတယ်။

===========

XS
SM
MD
LG