သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားတပ္ေတြ ဆုတ္ခြာသြားတဲ့ နယ္ေျမေတြ ယူကရိန္း ျပန္လည္သိမ္းပိုက္


႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံတြန္းလွန္ေနတဲ့ ယူကရိန္းစစ္သည္မ်ား။ (ဧၿပီ ၂၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းတပ္ေတြဟာ စေနေန႔မွာ ႐ုရွားသံခ်ပ္ကာကားေတြ၊ အပ်က္အစီးပံုေတြနဲ႔ ျပည့္ေနတဲ့ ၿမိဳ႕ေတာ္ Kyiv ေျမာက္ပိုင္းက ေနရာအေတာ္မ်ားမ်ားကို ျပန္လည္သိမ္းယူေနပါတယ္။

ယူကရိန္းအေရွ႕ပိုင္းမွာ စစ္ဆင္ေရးေတြကို အာ႐ုံစိုက္ဖို႔ Kyiv ဝန္းက်င္မွာ စစ္ေရးေလွ်ာ့ခ်မယ္လို႔ ႐ုရွားက ေၾကညာခဲ့တဲ့ ၿပီးခဲ့တဲ့ သီတင္းပတ္ကစၿပီး ဒီေျမာက္ပိုင္းေဒသတလႊားက ၿမိဳ႕ရြာေပါင္း ၃၀ ေက်ာ္ကို ယူကရိန္းတပ္ေတြ ျပန္သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy ရဲ႕ အႀကံေပး Oleksiy Arestovych က ေျပာပါတယ္။

ယူကရိန္းကို ထိုးစစ္စတင္တဲ့ ပထမေန႔ကစၿပီး တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ Kyiv အေနာက္ေျမာက္ ဆင္ေျခဖုံုးအရပ္က Hostomel ေလဆိပ္ကေန ႐ုရွားတပ္ေတြ ထြက္ခြာသြားၿပီလို႔ ၿဗိတိန္စစ္ေထာက္လွမ္းေရးက ေျပာပါတယ္။

အေရွ႕ပိုင္းမွာေတာ့ ႐ုရွားတပ္ေတြ ဝိုင္းထားတဲ့ Mariupol ဆိပ္ကမ္းၿမိဳ႕က ေဘးလြတ္ရာ ထြက္ေျပးဖို႔ ႀကိဳးစားေနတဲ့ ေဒသခံေတြကို ၾကက္ေျခနီအဖြဲ႔ယာဥ္တန္းက ကယ္ထုတ္ဖို႔ ႀကိဳးစားေနပါတယ္။

ေသာၾကာေန႔ကေတာ့ လံုၿခံဳေရး အာမမခံႏိုင္တဲ့အတြက္ ဒုကၡသည္ေတြ ကယ္ထုတ္ေရး လက္ေလွ်ာ့ခဲ့ရတာပါ။ ဒါေပမယ့္လည္း တနဂၤေႏြေန႔မတိုင္ခင္ သူတို႔အဖြဲ႔ Mariupol ကို ေရာက္ႏိုင္ေျခ မရွိေသးပါဘူး။

႐ုရွားေတြက ၿငိမ္းခ်မ္းေရး ညႇိႏိႈင္းမႈအတြက္ အျပဳသေဘာေဆာင္တာ ျပသတဲ့အေနနဲ႔ Kyiv ဝန္းက်င္က ႐ုရွားတပ္ေတြကို ႐ုပ္သိမ္းေၾကာင္း ေျပာေပမယ့္ ယူကရိန္းနဲ႔ သူ႔မဟာမိတ္ေတြဘက္ကေတာ့ ႐ုရွားတပ္ေတြဟာ ဆံုး႐ႈံးမႈ သိပ္ႀကီးမားတဲ့အတြက္ တပ္အင္အား ျပန္စုစည္းေနရတာသာျဖစ္ေၾကာင္း ေျပာပါတယ္။

ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္သူေတြဟာ ႏိုင္ငံေျမာက္ပိုင္းမွာ ျပန္ဆုတ္ခြါေနၾကေၾကာင္းနဲ႔ တခ်ိဳ႕ေနရာေတြမွာ ယူကရိန္းတပ္ေတြက ျပန္တိုက္ထုတ္တာျဖစ္ၿပီး သူတို႔တပ္စြဲထားတဲ့ ေနရာတိုင္းကေန စြန္႔ခြါ ထြက္သြားေနတာျဖစ္ေၾကာင္း သမၼတ Zelenskyy က စေနေန႔ သူ႔မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

Malta ႏိုင္ငံကို ေရာက္ေနတဲ့ ပုပ္ရဟန္းမင္းႀကီး Francis ကေတာ့ အာဏာရွင္တခ်ိဳ႕ဟာ အမ်ိဳးသားေရးအတြက္ဆိုတဲ့ ေခတ္ေနာက္ျပန္ဆြဲေနတဲ့ အေတြးအေခၚနဲ႔ ရန္ျပဳတိုက္ခိုက္ေနတာ ေတြ႔ရတယ္လို႔ ႐ုရွားသမၼတ Vladimir Putin ကို တိုက္႐ိုက္နာမည္ထုတ္မေျပာဘဲ ေဝဖန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့ နယ်မြေတွေ ယူကရိန်း ပြန်လည်သိမ်းပိုက်

ယူကရိန်းတပ်တွေဟာ စနေနေ့မှာ ရုရှားသံချပ်ကာကားတွေ၊ အပျက်အစီးပုံတွေနဲ့ ပြည့်နေတဲ့ မြို့တော် Kyiv မြောက်ပိုင်းက နေရာအတော်များများကို ပြန်လည်သိမ်းယူနေပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ စစ်ဆင်ရေးတွေကို အာရုံစိုက်ဖို့ Kyiv ဝန်းကျင်မှာ စစ်ရေးလျှော့ချမယ်လို့ ရုရှားက ကြေညာခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ဒီမြောက်ပိုင်းဒေသတလွှားက မြို့ရွာပေါင်း ၃၀ ကျော်ကို ယူကရိန်းတပ်တွေ ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ အကြံပေး Oleksiy Arestovych က ပြောပါတယ်။

ယူကရိန်းကို ထိုးစစ်စတင်တဲ့ ပထမနေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ Kyiv အနောက်မြောက် ဆင်ခြေဖုံးအရပ်က Hostomel လေဆိပ်ကနေ ရုရှားတပ်တွေ ထွက်ခွာသွားပြီလို့ ဗြိတိန်စစ်ထောက်လှမ်းရေးက ပြောပါတယ်။

အရှေ့ပိုင်းမှာတော့ ရုရှားတပ်တွေ ဝိုင်းထားတဲ့ Mariupol ဆိပ်ကမ်းမြို့က ဘေးလွတ်ရာ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဒေသခံတွေကို ကြက်ခြေနီအဖွဲ့ယာဉ်တန်းက ကယ်ထုတ်ဖို့ ကြိုးစားနေပါတယ်။

သောကြာနေ့ကတော့ လုံခြုံရေး အာမမခံနိုင်တဲ့အတွက် ဒုက္ခသည်တွေ ကယ်ထုတ်ရေး လက်လျှော့ခဲ့ရတာပါ။ ဒါပေမယ့်လည်း တနင်္ဂနွေနေ့မတိုင်ခင် သူတို့အဖွဲ့ Mariupol ကို ရောက်နိုင်ခြေ မရှိသေးပါဘူး။

ရုရှားတွေက ငြိမ်းချမ်းရေး ညှိနှိုင်းမှုအတွက် အပြုသဘောဆောင်တာ ပြသတဲ့အနေနဲ့ Kyiv ဝန်းကျင်က ရုရှားတပ်တွေကို ရုပ်သိမ်းကြောင်း ပြောပေမယ့် ယူကရိန်းနဲ့ သူ့မဟာမိတ်တွေဘက်ကတော့ ရုရှားတပ်တွေဟာ ဆုံးရှုံးမှု သိပ်ကြီးမားတဲ့အတွက် တပ်အင်အား ပြန်စုစည်းနေရတာသာဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းကို ဝင်ရောက်ကျူးကျော်သူတွေဟာ နိုင်ငံမြောက်ပိုင်းမှာ ပြန်ဆုတ်ခွါနေကြကြောင်းနဲ့ တချို့နေရာတွေမှာ ယူကရိန်းတပ်တွေက ပြန်တိုက်ထုတ်တာဖြစ်ပြီး သူတို့တပ်စွဲထားတဲ့ နေရာတိုင်းကနေ စွန့်ခွါ ထွက်သွားနေတာဖြစ်ကြောင်း သမ္မတ Zelenskyy က စနေနေ့ သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Malta နိုင်ငံကို ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ကတော့ အာဏာရှင်တချို့ဟာ အမျိုးသားရေးအတွက်ဆိုတဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်နဲ့ ရန်ပြုတိုက်ခိုက်နေတာ တွေ့ရတယ်လို့ ရုရှားသမ္မတ Vladimir Putin ကို တိုက်ရိုက်နာမည်ထုတ်မပြောဘဲ ဝေဖန်ခဲ့ပါတယ်။

XS
SM
MD
LG