သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားက်ဴးေက်ာ္မႈ ခုခံစစ္ထဲ ဘဲလာ႐ုစ္အတိုက္အခံေတြ ပါဝင္


႐ုရွားက်ဴးေက်ာ္စစ္ကို ခုခံတြန္းလွန္ေနတဲ့ ယူကရိန္းစစ္သည္အခ်ဳိ႕။

(Zawgyi / Unicode)

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ စစ္ပြဲကို တြန္းလွန္တာမွာ ဘဲလာ႐ုစ္အစိုးရကို ဆန႔္က်င္တိုက္ခိုက္ေနသူေတြလည္း ပါဝင္ေနပါတယ္။

သူတို႔ရဲ႕မိခင္ႏိုင္ငံ ႐ုရွားလႊမ္းမိုးမႈေအာက္က လြတ္ေျမာက္ဖို႔နဲ႔ ႐ုရွားေထာက္ခံတဲ့ ဘဲလာ႐ုစ္အာဏာရွင္ Alexander Lukashenko ကိုျဖဳတ္ခ်ဖို႔ တိုက္ပြဲဝင္ေနသူေတြ ယူကရိန္းစစ္မွာ ဝင္တိုက္ေပးေနၾကတာပါ။

သူတို႔တပ္ဖြဲ႕ဝင္ အေရအတြက္ဟာ ယူကရိန္းတပ္ရင္းတခုရဲ႕ ပ်မ္းမွ်အေရအတြက္ျဖစ္တဲ့ ၄၅၀ ကေန ၅၀၀ ေလာက္အထိ ရွိလာၿပီလို႔ ယူကရိန္းကို ေထာက္ခံတဲ့ ဘဲလာ႐ုစ္ အႀကီးဆုံးတပ္ဖြဲ႔ရဲ႕ ဒုတိယတပ္မႉးက ဗြီအိုေအနဲ႔ အဂၤါေန႔က သီးျခား တယ္လီဖုန္း ဆက္သြယ္ေမးျမန္းခ်က္တခုမွာ ေျပာခဲ့ပါတယ္။

"အြန္လိုင္းကေန တပ္ဖြဲ႔ဝင္သစ္ စုေဆာင္းတာမွာ က်ေနာ္တို႔တပ္ဖြဲ႔ထဲဝင္ဖို႔ ဆက္သြယ္လာသူ ေထာင္ေပါင္းမ်ားစြာ ရွိပါတယ္" လို႔ Kastus Kalinouski တပ္ရင္းရဲ႕ ဒုတိယတပ္ရင္းမႉး Vadim Kabanchuk က ေျပာပါတယ္။ တပ္ရင္းနာမည္ဟာ ၁၈၆၀ ျပည့္ႏွစ္ေတြက ႐ုရွားက်ဴးေက်ာ္သိမ္းပိုက္မႈကို တြန္းလွန္တိုက္ခိုက္တာမွာ ဦးေဆာင္ခဲ့သူ ဘဲလာ႐ုစ္ ေတာ္လွန္ေရး ေခါင္းေဆာင္တဦးရဲ႕နာမည္ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာ ႐ုရွားက ယူကရိန္းကို အင္အားျပည့္ က်ဴးေက်ာ္တိုက္ခိုက္မႈ စတင္ခဲ့ၿပီးတဲ့ေနာက္ Kalinouski တပ္ရင္းကို Kyiv ၿမိဳ႕မွာ စၿပီး ဖြဲ႔ခဲ့တာပါ။

တပ္ရင္းရဲ႕ လႈပ္ရွားမႈေတြကို @belwarriors ဆိုတဲ့ တယ္လီဂရမ္အေကာင့္မွာ တင္ၿပီး လူသိေအာင္ ထုတ္ျပန္ေပးပါတယ္။

တပ္ရင္းရဲ႕အမည္ကို Kalinouski အျဖစ္ သတ္မွတ္လိုက္တဲ့အေၾကာင္း ေၾကညာတဲ့ ဗြီဒီယိုကို မတ္လ ၉ ရက္ေန႔က အဲဒီ တယ္လီဂရမ္အေကာင့္မွာ တင္ၿပီး ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဘဲလာ႐ုစ္လက္နက္ကိုင္ေတြ ယူကရိန္းအတြက္ ကူညီတိုက္ေပးလာတာ ႏွစ္ေပါင္းအေတာ္ၾကာပါၿပီ။ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္သိမ္းပိုက္မႈကေန လြတ္ေျမာက္ေအာင္ လုပ္မယ္ဆိုရင္ သူတို႔မိခင္ႏိုင္ငံအေပၚ ႐ုရွားရဲ႕ ၾသဇာလႊမ္းမိုးမႈကို ဖယ္ရွားႏိုင္မွာျဖစ္ၿပီး ႐ုရွားမဟာမိတ္ အာဏာရွင္ Lukashenko ရဲ႕ ၂၇ ႏွစ္ၾကာ အုပ္စိုးမႈကို အဆုံးသတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ၿပီးေတာ့ အခုလို ဝင္တိုက္ေပးေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ရုရှားကျူးကျော်မှု ခုခံစစ်ထဲ ဘဲလာရုစ်အတိုက်အခံတွေ ပါဝင်

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲကို တွန်းလှန်တာမှာ ဘဲလာရုစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသူတွေလည်း ပါဝင်နေပါတယ်။

သူတို့ရဲ့မိခင်နိုင်ငံ ရုရှားလွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့နဲ့ ရုရှားထောက်ခံတဲ့ ဘဲလာရုစ်အာဏာရှင် Alexander Lukashenko ကိုဖြုတ်ချဖို့ တိုက်ပွဲဝင်နေသူတွေ ယူကရိန်းစစ်မှာ ဝင်တိုက်ပေးနေကြတာပါ။

သူတို့တပ်ဖွဲ့ဝင် အရေအတွက်ဟာ ယူကရိန်းတပ်ရင်းတခုရဲ့ ပျမ်းမျှအရေအတွက်ဖြစ်တဲ့ ၄၅၀ ကနေ ၅၀၀ လောက်အထိ ရှိလာပြီလို့ ယူကရိန်းကို ထောက်ခံတဲ့ ဘဲလာရုစ် အကြီးဆုံးတပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူးက ဗွီအိုအေနဲ့ အင်္ဂါနေ့က သီးခြား တယ်လီဖုန်း ဆက်သွယ်မေးမြန်းချက်တခုမှာ ပြောခဲ့ပါတယ်။

"အွန်လိုင်းကနေ တပ်ဖွဲ့ဝင်သစ် စုဆောင်းတာမှာ ကျနော်တို့တပ်ဖွဲ့ထဲဝင်ဖို့ ဆက်သွယ်လာသူ ထောင်ပေါင်းများစွာ ရှိပါတယ်" လို့ Kastus Kalinouski တပ်ရင်းရဲ့ ဒုတိယတပ်ရင်းမှူး Vadim Kabanchuk က ပြောပါတယ်။ တပ်ရင်းနာမည်ဟာ ၁၈၆၀ ပြည့်နှစ်တွေက ရုရှားကျူးကျော်သိမ်းပိုက်မှုကို တွန်းလှန်တိုက်ခိုက်တာမှာ ဦးဆောင်ခဲ့သူ ဘဲလာရုစ် တော်လှန်ရေး ခေါင်းဆောင်တဦးရဲ့နာမည် ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားက ယူကရိန်းကို အင်အားပြည့် ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့ပြီးတဲ့နောက် Kalinouski တပ်ရင်းကို Kyiv မြို့မှာ စပြီး ဖွဲ့ခဲ့တာပါ။

တပ်ရင်းရဲ့ လှုပ်ရှားမှုတွေကို @belwarriors ဆိုတဲ့ တယ်လီဂရမ်အကောင့်မှာ တင်ပြီး လူသိအောင် ထုတ်ပြန်ပေးပါတယ်။

တပ်ရင်းရဲ့အမည်ကို Kalinouski အဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း ကြေညာတဲ့ ဗွီဒီယိုကို မတ်လ ၉ ရက်နေ့က အဲဒီ တယ်လီဂရမ်အကောင့်မှာ တင်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဘဲလာရုစ်လက်နက်ကိုင်တွေ ယူကရိန်းအတွက် ကူညီတိုက်ပေးလာတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ယူကရိန်းကို ရုရှားကျူးကျော်သိမ်းပိုက်မှုကနေ လွတ်မြောက်အောင် လုပ်မယ်ဆိုရင် သူတို့မိခင်နိုင်ငံအပေါ် ရုရှားရဲ့ သြဇာလွှမ်းမိုးမှုကို ဖယ်ရှားနိုင်မှာဖြစ်ပြီး ရုရှားမဟာမိတ် အာဏာရှင် Lukashenko ရဲ့ ၂၇ နှစ်ကြာ အုပ်စိုးမှုကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ပြီးတော့ အခုလို ဝင်တိုက်ပေးနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG