စစ္ေၾကာင့္ ယူကရိန္းမွာ အေမြအႏွစ္ေတြ ပ်က္စီးဆုံး႐ႈံးမယ့္အေရး ကုလသတိေပး
{{Zawgyi/Unicode}}
ဒါဇင္နဲ႔ခ်ီတဲ့ ခရစ္ယန္ဘုရားေက်ာင္းေတြ၊ သမိုင္းဝင္ေနရာေတြနဲ႔ ျပတိုက္ေတြ ဟာ ယူကရိန္းမွာ ၾကံဳေနရတဲ့ စစ္ပြဲေၾကာင့္ ပ်က္စီးခဲ့ရေၾကာင္းနဲ႔ အထူးသျဖင့္ ႏိုင္င့ံေျမာက္ပိုင္း Chernihiv ၿမိဳ႕အတြက္စိုးရိမ္ေနရတယ္လို႔ UNESCO ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖြဲ႔က ေသာၾကာေန႔မွာ ေျပာပါတယ္။
ယူကရိန္းႏိုင္ငံတြင္းက ကြယ္ေပ်ာက္မယ့္အႏၲရာယ္ရင္ဆိုင္ေနရတဲ့ ယဥ္ေက်းမႈအေမြအႏွစ္ေတြနဲ႔ အထိန္းအမွတ္ ေနရာေတြမွာ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္တဲ့ ၿပီးခဲ့တဲ့လကစၿပီး UNESCO က တိုးႁမွင့္အကာကြယ္ေပးဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အဲဒီေနရာေတြမွာ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ Blue Shield - ဒိုင္းအျပာ အမွတ္အသားေတြနဲ႔ ျပသထားတာ ျဖစ္ပါတယ္။
ယဥ္ေက်းမႈဆိုင္ရာ ယူနက္စကိုလက္ေထာက္အႀကီးအကဲ Ernesto Ottone ကေတာ့ ယူကရိန္းက ယဥ္ေက်းမႈအဆင့္အတန္းနဲ႔ လူသားစာနာမႈ အေျခေန ၂ ခုစလံုးအတြက္ အထူးစိုးရိမ္တယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တဲ့အျပင္ ယူကရိန္းမွာ လူသား- အေမြအႏွစ္အတြက္ အႏၱရာယ္ရွိေနၿပီလို႔လည္း ေျပာပါတယ္။
ယူနက္စကိုက ကနဦးျပဳစုထားတဲ့စာရင္းအရ ဘာသာေရး အထိန္းအမွတ္ေနရာ ၂၉ ခု၊ သမိုင္းဝင္အေဆာက္အဦး ၁၆ ခု၊ ျပတိုက္ ၄ ခုနဲ႔ အထိန္းအမွတ္ အေဆာက္အအံု ၄ ခု တို႔ဟာ လံုးဝ ဒါမွမဟုတ္ တစိတ္တပိုင္း ပ်က္စီးခဲ့ရတယ္လို႔ဆိုပါတယ္။
႐ုရွားအေနနဲ႔ စစ္ပြဲေတြအတြင္း ယဥ္ေက်းမႈ အေမြအႏွစ္ေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ သေဘာတူလက္မွတ္ေရးထိုထားတာကို မေမ့ဖို႔ မတ္လ အေစာပိုင္းမွာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov ကို ယူနက္စကို အႀကီးအကဲ Audrey Azoulay က စာေရးသား သတိေပးခဲ့ေၾကာင္း ယူနက္စကိုက ေျပာပါတယ္။ အေစာပိုင္းမွာ ႐ုရွားဘက္က မတု့ံျပန္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူတို႔ ဒါကို လိုက္နာရမယ္ဆိုတာ သိထားေၾကာင္းနဲ႔ လိုက္နာဖို႔ ကတိေပးေၾကာင္းလည္း ျပန္ၾကားခဲ့တယ္လို႔ ယူနက္စကိုက ေျပာပါတယ္။
.........................................
စစ်ကြောင့် ယူကရိန်းမှာ အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့်အရေး ကုလသတိပေး
{{Zawgyi/Unicode}}
ဒါဇင်နဲ့ချီတဲ့ ခရစ်ယန်ဘုရားကျောင်းတွေ၊ သမိုင်းဝင်နေရာတွေနဲ့ ပြတိုက်တွေ ဟာ ယူကရိန်းမှာ ကြုံနေရတဲ့ စစ်ပွဲကြောင့် ပျက်စီးခဲ့ရကြောင်းနဲ့ အထူးသဖြင့် နိုင်ငံ့မြောက်ပိုင်း Chernihiv မြို့အတွက်စိုးရိမ်နေရတယ်လို့ UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံတွင်းက ကွယ်ပျောက်မယ့်အန္တရာယ်ရင်ဆိုင်နေရတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ အထိန်းအမှတ် နေရာတွေမှာ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ပြီးခဲ့တဲ့လကစပြီး UNESCO က တိုးမြှင့်အကာကွယ်ပေးဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီနေရာတွေမှာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ Blue Shield - ဒိုင်းအပြာ အမှတ်အသားတွေနဲ့ ပြသထားတာ ဖြစ်ပါတယ်။
ယဉ်ကျေးမှုဆိုင်ရာ ယူနက်စကိုလက်ထောက်အကြီးအကဲ Ernesto Ottone ကတော့ ယူကရိန်းက ယဉ်ကျေးမှုအဆင့်အတန်းနဲ့ လူသားစာနာမှု အခြေနေ ၂ ခုစလုံးအတွက် အထူးစိုးရိမ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့အပြင် ယူကရိန်းမှာ လူသား- အမွေအနှစ်အတွက် အန္တရာယ်ရှိနေပြီလို့လည်း ပြောပါတယ်။
ယူနက်စကိုက ကနဦးပြုစုထားတဲ့စာရင်းအရ ဘာသာရေး အထိန်းအမှတ်နေရာ ၂၉ ခု၊ သမိုင်းဝင်အဆောက်အဦး ၁၆ ခု၊ ပြတိုက် ၄ ခုနဲ့ အထိန်းအမှတ် အဆောက်အအုံ ၄ ခု တို့ဟာ လုံးဝ ဒါမှမဟုတ် တစိတ်တပိုင်း ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
ရုရှားအနေနဲ့ စစ်ပွဲတွေအတွင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ သဘောတူလက်မှတ်ရေးထိုထားတာကို မမေ့ဖို့ မတ်လ အစောပိုင်းမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကို ယူနက်စကို အကြီးအကဲ Audrey Azoulay က စာရေးသား သတိပေးခဲ့ကြောင်း ယူနက်စကိုက ပြောပါတယ်။ အစောပိုင်းမှာ ရုရှားဘက်က မတုံ့ပြန်ပေမယ့် နောက်ပိုင်းမှာတော့ သူတို့ ဒါကို လိုက်နာရမယ်ဆိုတာ သိထားကြောင်းနဲ့ လိုက်နာဖို့ ကတိပေးကြောင်းလည်း ပြန်ကြားခဲ့တယ်လို့ ယူနက်စကိုက ပြောပါတယ်။