ယူကရိန္းတပ္ေတြ ၿမိဳ႕ေတာ္အနီးတဝိုက္ အသာစီးရတဲ့ သတင္းထြက္
{{Zawgyi/Unicode}}
ယူကရိန္းကို ႐ုရွားရဲ႕ က်ဳးေက်ာ္ တိုက္ခိုက္မႈ သီတင္းပတ္ ၆ ပတ္ ထဲ ေရာက္လာေနခ်ိန္မွာပဲ၊ တခ်ဳိ႕ေနရာေတြမွာ ယူကရိန္းတပ္ေတြ အသာစီးရလာေနေၾကာင္း ယူကရိန္းနဲ႔ အေနာက္ႏိုင္ငံ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ၿမိဳ႕ေတာ္ အနီး၀န္းက်င္ အပါအ၀င္ တခ်ိဳ႕ေနရာေတြမွာ ႐ုရွားတပ္ေတြကို အသာရေနေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelenskyy ကလည္း ေျပာဆိုခဲ့တာပါ။
“Kyiv ၿမိဳ႕ ေျမာက္ပိုင္းကေန Chernihiv ကိုဦးတည္ရာ၊ Sumy ေဒသထဲမွာဆို ဝင္တိုက္လာသူေတြ ျပန္ဆုတ္ဖို႔ တြန္းထုတ္ႏိုင္ေနတာပါ။ မတ္လ လဝက္ေလာက္ သူတို႔ထိန္းခ်ဳပ္ထားတဲ့ ေနရာမွာ ျပင္းျပင္းထန္ထန္တိုက္ခိုက္တာေတြ ဆက္မလုပ္ႏိုင္ေတာ့ဘူးဆိုတာ သူတို႔ သိလာၾကပါၿပီ လို႔ သမၼတက ေျပာပါတယ္။”
ဒါေပမယ့္ ဒါဟာ ႐ုရွားအစိုးရရဲ႕ နည္းဗ်ဴဟာ အစိတ္ပိုင္းတခု ျဖစ္ႏိုင္ေၾကာင္းလည္း ယူကရိန္းသမၼတက ေျပာပါတယ္။ သမၼတ Zelenskyy ရဲ႕ ႏိုင္ငံေရးအၾကံေပး Oleksiy Arestovych ကလည္း ယူကရိန္းတပ္ေတြဟာ Kyiv ၿမိဳ႕ေတာ္ကေန ႐ုရွားတပ္ေတြ ျပန္ဆုတ္ေအာင္ တြန္းထုတ္ေနၿပီး ၿမိဳ႕ေတာ္ အေနာက္ေျမာက္နဲ႔ အေရွ႕ေျမာက္ ၂ ဘက္စလံုးမွာ အသာစီးရေနေၾကာင္း ေျပာပါတယ္။
ယူကရိန္းဘက္က ေျပာၾကားခ်က္ တခ်ိဳ႕ မွန္ကန္ေၾကာင္း ၿဗိတိန္စစ္ေထာက္လွန္းေရးကလည္း အတည္ျပဳခဲ့ပါတယ္။ Kiyv အေရွ႕နဲ႔ အေရွ႕ေျမာက္မွာ ယူကရိန္းတပ္ေတြ ေအာင္ျမင္မႈ ဆက္ရေနေၾကာင္း ၊ Kiyv နဲ႔ Chernihiv ၾကားက အဓိကလမ္းေၾကာင္း တေလွ်ာက္ ရြာတခ်ဳိ႕က ယူကရိန္းတပ္ေတြ ျပန္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ၿဗိတိန္ကာကြယ္ေရးဌာန တာဝန္ရွိသူတဦးက ေျပာပါတယ္။ ဒါေပမယ့္ ၿမိဳ႕ေတာ္ Kiyv နဲ႔ Chernihiv ၿမိဳ႕ေတြကို ႐ုရွားက ေလေၾကာင္းကေရာ မစ္ဇင္းဒံုးေတြနဲ႔ပါ ဆက္လက္ ပစ္ခတ္ေနေၾကာင္း ေျပာပါတယ္။
ယူကရိန္းတပ္ေတြဟာ နယ္စပ္ကေန မိုင္ ၂၀ ေက်ာ္အကြာမွာရွိတဲ့ ႐ုရွားၿမိဳ႕ Belgorod က ေရနံသိုေလွာင္ရံုကို နယ္စပ္ေက်ာ္ျဖတ္ၿပီး ရဟတ္ယာဥ္နဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ ႐ုရွားအရာရွိေတြက ေသာၾကာေန႔မွာပဲ စြပ္စဲြထားပါတယ္။
..............................................
ယူကရိန်းတပ်တွေ မြို့တော်အနီးတဝိုက် အသာစီးရတဲ့ သတင်းထွက်
{{Zawgyi/Unicode}}
ယူကရိန်းကို ရုရှားရဲ့ ကျုးကျော် တိုက်ခိုက်မှု သီတင်းပတ် ၆ ပတ် ထဲ ရောက်လာနေချိန်မှာပဲ၊ တချို့နေရာတွေမှာ ယူကရိန်းတပ်တွေ အသာစီးရလာနေကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော် အနီးဝန်းကျင် အပါအဝင် တချို့နေရာတွေမှာ ရုရှားတပ်တွေကို အသာရနေကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ပြောဆိုခဲ့တာပါ။
“Kyiv မြို့ မြောက်ပိုင်းကနေ Chernihiv ကိုဦးတည်ရာ၊ Sumy ဒေသထဲမှာဆို ဝင်တိုက်လာသူတွေ ပြန်ဆုတ်ဖို့ တွန်းထုတ်နိုင်နေတာပါ။ မတ်လ လဝက်လောက် သူတို့ထိန်းချုပ်ထားတဲ့ နေရာမှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်တာတွေ ဆက်မလုပ်နိုင်တော့ဘူးဆိုတာ သူတို့ သိလာကြပါပြီ လို့ သမ္မတက ပြောပါတယ်။”
ဒါပေမယ့် ဒါဟာ ရုရှားအစိုးရရဲ့ နည်းဗျူဟာ အစိတ်ပိုင်းတခု ဖြစ်နိုင်ကြောင်းလည်း ယူကရိန်းသမ္မတက ပြောပါတယ်။ သမ္မတ Zelenskyy ရဲ့ နိုင်ငံရေးအကြံပေး Oleksiy Arestovych ကလည်း ယူကရိန်းတပ်တွေဟာ Kyiv မြို့တော်ကနေ ရုရှားတပ်တွေ ပြန်ဆုတ်အောင် တွန်းထုတ်နေပြီး မြို့တော် အနောက်မြောက်နဲ့ အရှေ့မြောက် ၂ ဘက်စလုံးမှာ အသာစီးရနေကြောင်း ပြောပါတယ်။
ယူကရိန်းဘက်က ပြောကြားချက် တချို့ မှန်ကန်ကြောင်း ဗြိတိန်စစ်ထောက်လှန်းရေးကလည်း အတည်ပြုခဲ့ပါတယ်။ Kiyv အရှေ့နဲ့ အရှေ့မြောက်မှာ ယူကရိန်းတပ်တွေ အောင်မြင်မှု ဆက်ရနေကြောင်း ၊ Kiyv နဲ့ Chernihiv ကြားက အဓိကလမ်းကြောင်း တလျှောက် ရွာတချို့က ယူကရိန်းတပ်တွေ ပြန်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါပေမယ့် မြို့တော် Kiyv နဲ့ Chernihiv မြို့တွေကို ရုရှားက လေကြောင်းကရော မစ်ဇင်းဒုံးတွေနဲ့ပါ ဆက်လက် ပစ်ခတ်နေကြောင်း ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ နယ်စပ်ကနေ မိုင် ၂၀ ကျော်အကွာမှာရှိတဲ့ ရုရှားမြို့ Belgorod က ရေနံသိုလှောင်ရုံကို နယ်စပ်ကျော်ဖြတ်ပြီး ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားအရာရှိတွေက သောကြာနေ့မှာပဲ စွပ်စွဲထားပါတယ်။