သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းၿမိဳ႕ေတြကေန ေဒသခံေထာင္ဂဏန္း ထြက္ေျပးၾကရ


႐ုရွားက်ဴးေက်ာ္စစ္ေၾကာင့္ အိမ္နီးခ်င္း ပုိလန္ႏိုင္ငံဘက္ ထြက္ေျပးခုိလႈံေနရတဲ့ ယူကရိန္း စစ္ေဘးဒုကၡသည္မ်ား။ (မတ္ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏုိင္ငံမွာ အရပ္သားေတြကို လူသားစာနာမႈ အကာအကြယ္ေပးဖို႔ ႀကိဳတင္သတ္မွတ္ထားတဲ့ ေနရာတခ်ဳိ႕ကို ဆက္ၿပီး ထိန္းသိမ္းထားေရး ျပႆနာေတြ ရွိေနတဲ့ၾကားမွာပဲ ႏုိင္ငံရဲ႕ လူဦးေရမ်ားတဲ့ အဓိကေနရာတခ်ဳိ႕မွာ အျပင္းအထန္ျဖစ္ေနတဲ့ တိုက္ပြဲေတြကေန လြတ္ေအာင္ ေထာင္ေပါင္းမ်ားစြာေသာ ယူကရိန္းႏုိင္ငံသားေတြ ထြက္ေျပးေနၾကရပါတယ္။

႐ုရွားတပ္ေတြ ဝိုင္းထားတဲ့ ႏုိင္ငံေတာင္ပိုင္း Mariupol ၿမိဳ႕က လူေပါင္း ၃,၀၀၀ ေက်ာ္ အပါအဝင္ စုစုေပါင္း ၆,၂၆၆ ေယာက္ကို ကယ္ထုတ္ႏိုင္ခဲ့ၿပီလို႔ ယူကရိန္း အႀကီးတန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

Mariupol ၿမိဳ႕ကေန ေနာက္ထပ္လူေတြကို ကယ္ထုတ္ဖို႔ ႀကိဳးပမ္းတာ ေအာင္ျမင္မႈမရဘဲ ျဖစ္ခဲ့ၿပီးတဲ့ေနာက္မွာမွ အခုလို အရပ္သားအမ်ားအျပား ေဘးလြတ္ရာ ထြက္သြားႏုိင္ခဲ့ၾကတာပါ။

Mariupol ၿမိဳ႕ကို ႐ုရွားစစ္တပ္က ေလေၾကာင္းကေရာ ဒံုးက်ည္ေတြနဲ႔ပါ တိုက္ခိိုက္တာေၾကာင့္ ၿမိဳ႕ဟာ အႀကီးအက်ယ္ ပ်က္စီးသြားၿပီလို႔ အေမရိကန္ ကာကြယ္ေရး တာဝန္ရွိသူေတြက ေျပာပါတယ္။

ဘတ္စ္ကားေတြ၊ ကယ္ဆယ္ေရးလုပ္သားေတြ ၿမိဳ႕ကိုဝင္ဖို႔ ႀကိဳးစားတာမွာ ခရီးေရာက္ဖို႔အတြက္ မျဖစ္ႏုိင္ေလာက္ေအာင္ အေျခအေနေတြ ဆိုးရြားတာေၾကာင့္ ေအာင္ျမင္မႈ မရခဲ့ဘူးလို႔ ႏုိင္ငံတကာ ၾကက္ေျခနီအဖြဲ႔က ေသာၾကာေန႔မွာ ေျပာခဲ့ပါတယ္။

ႏုိင္ငံေျမာက္ပိုင္းမွာ စစ္ဆင္ေရးေတြကို ေလွ်ာ့ခ်မယ္လုိ႔ ဒီသီတင္းပတ္အေစာပိုင္းမွာ ႐ုရွားဘက္က ကတိေပးခဲ့ေပမယ့္လည္း Kyiv ၿမိဳ႕ေတာ္ အပါအဝင္ ယူကရိန္းၿမိဳ႕ႀကီးေတြကို ႐ုရွားစစ္တပ္က အျပင္းအထန္ ဗံုးႀကဲတိုက္ခိုက္ေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ယူကရိန်းမြို့တွေကနေ ဒေသခံထောင်ဂဏန်း ထွက်ပြေးကြရ

ယူကရိန်းနိုင်ငံမှာ အရပ်သားတွေကို လူသားစာနာမှု အကာအကွယ်ပေးဖို့ ကြိုတင်သတ်မှတ်ထားတဲ့ နေရာတချို့ကို ဆက်ပြီး ထိန်းသိမ်းထားရေး ပြဿနာတွေ ရှိနေတဲ့ကြားမှာပဲ နိုင်ငံရဲ့ လူဦးရေများတဲ့ အဓိကနေရာတချို့မှာ အပြင်းအထန်ဖြစ်နေတဲ့ တိုက်ပွဲတွေကနေ လွတ်အောင် ထောင်ပေါင်းများစွာသော ယူကရိန်းနိုင်ငံသားတွေ ထွက်ပြေးနေကြရပါတယ်။

ရုရှားတပ်တွေ ဝိုင်းထားတဲ့ နိုင်ငံတောင်ပိုင်း Mariupol မြို့က လူပေါင်း ၃,၀၀၀ ကျော် အပါအဝင် စုစုပေါင်း ၆,၂၆၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ ယူကရိန်း အကြီးတန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

Mariupol မြို့ကနေ နောက်ထပ်လူတွေကို ကယ်ထုတ်ဖို့ ကြိုးပမ်းတာ အောင်မြင်မှုမရဘဲ ဖြစ်ခဲ့ပြီးတဲ့နောက်မှာမှ အခုလို အရပ်သားအများအပြား ဘေးလွတ်ရာ ထွက်သွားနိုင်ခဲ့ကြတာပါ။

Mariupol မြို့ကို ရုရှားစစ်တပ်က လေကြောင်းကရော ဒုံးကျည်တွေနဲ့ပါ တိုက်ခိုက်တာကြောင့် မြို့ဟာ အကြီးအကျယ် ပျက်စီးသွားပြီလို့ အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဘတ်စ်ကားတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေ မြို့ကိုဝင်ဖို့ ကြိုးစားတာမှာ ခရီးရောက်ဖို့အတွက် မဖြစ်နိုင်လောက်အောင် အခြေအနေတွေ ဆိုးရွားတာကြောင့် အောင်မြင်မှု မရခဲ့ဘူးလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က သောကြာနေ့မှာ ပြောခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်းမှာ စစ်ဆင်ရေးတွေကို လျှော့ချမယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ရုရှားဘက်က ကတိပေးခဲ့ပေမယ့်လည်း Kyiv မြို့တော် အပါအဝင် ယူကရိန်းမြို့ကြီးတွေကို ရုရှားစစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG