သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း Bucha မြို့ အရပ်သားတွေ သေဆုံးရမှု စုံစမ်းစစ်ဆေးဖို့ ကုလအကြီးအကဲ တောင်းဆို


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (မတ် ၁၄၊ ၂၀၂၂)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres. (မတ် ၁၄၊ ၂၀၂၂)

(Zawgyi / Unicode)

ရုရှားတွေ ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းက Bucha မြို့ကလေးမှာ အရပ်သားတွေ သေဆုံးနေတဲ့ ပုံတွေကို ကြည့်ပြီး အလွန်ထိတ်လန့် တုန်လှုပ်ရကြောင်းနဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိရောက်တဲ့ တာဝန်ခံ တာဝန်ယူမှု ရှိစေဖို့အတွက် သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်ပါတယ်။

မြို့တော် Kyiv နားမှာရှိတဲ့ ဒီမြို့ကလေးကို သိမ်းပိုက်ထားတဲ့ ရုရှားတပ်တွေ ပြန်ပြီး ဆုတ်ခွါချိန်မှာ ဒေသခံအရပ်သား ၃၀၀ လောက်ကို ရုရှားတပ်တွေက သတ်ပစ်ခဲ့ကြောင်း တာဝန်ခံအရာရှိတွေနဲ့ မျက်မြင်တွေ့သူတွေ ပြောကြားခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာပဲ ကုလအတွင်းရေးမှူးချုပ်က တွစ်တာကနေ အခုလို ပြောကြားလိုက်တာပါ။

ယူကရိန်းနိုင်ငံ Bucha က ဒေသခံတွေ အသတ်ဖြတ်ခံရတဲ့ ပုံတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက အရာရှိတွေ စိတ်ဆိုး ဒေါသထွက်နေကြသလိုပဲ အတွင်းရေးမှူးချုပ်ကလည်း ဒါဟာ အထူးထိတ်လန့် တုန်လှုပ်စေတယ်လို့ ပြောကြားခဲ့သလို ဒီဖြစ်ရပ်အတွက် တာဝန်ခံ တာဝန်ယူမှု ရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖို့ မုချလိုအပ်ကြောင်းလည်း ပြောကြားခဲ့တာပါ။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ အဲဒီ Bucha မြို့က အရပ်သားတွေ သေဆုံးနေတဲ့ ပုံတွနေဲ့ ဗွီဒီယိုတွေဟာ ယူကရိန်းအစိုးရရဲ့ နောက်ထပ် ရန်စတဲ့ လုပ်ရပ်သာ ဖြစ်ပြီး ရုရှားတပ်တွေ မလုပ်ကြောင်း ငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)






XS
SM
MD
LG