သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္း ေလာင္စာဆီခ်က္႐ုံကို ႐ုရွားတိုက္ခိုက္


႐ုရွားစစ္တပ္က ဒုံးက်ည္နဲ႔ တုိက္ခုိက္မႈေၾကာင့္ မီးေလာင္ပ်က္စီးေနတဲ့ Odessa ၿမိဳ႕က ေလာင္စာဆီခ်က္စက္႐ုံနဲ႔ ေလွာင္ကန္မ်ား။ (ဧၿပီ ၃၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းရဲ႕ ပင္လယ္နက္ဆိပ္ကမ္းၿမိဳ႕ Odessa ၿမိဳ႕က ေလာင္စာဆီခ်က္စက္႐ုံနဲ႔ ေလွာင္ကန္ေတြကို တနဂၤေႏြေန႔က တိုက္ခိုက္ခဲ့တယ္လို႔ ႐ုရွားစစ္တပ္က ေျပာပါတယ္။

႐ုရွား စစ္သေဘၤာေတြနဲ႔ ေလယာဥ္ေတြကေန ဒုံးက်ည္နဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ Igor Konashenkov က ေျပာပါတယ္။ အဲဒီက ေလာင္စာဆီေတြကို ယူကရိန္းစစ္တပ္က အသုံးျပဳတယ္လို႔ သူက ဆိုပါတယ္။

တခ်ိဳ႕ဒုံးက်ည္ေတြ ၿမိဳ႕အေပၚ မက်ေရာက္မီ ယူကရိန္း ေလေၾကာင္းရန္ကာကြယ္ေရး တပ္က ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ Odessa ၿမိဳ႕ေကာင္စီက ေျပာပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ က်ေရာက္ခဲ့တဲ့ ဒုံးက်ည္ေတြေၾကာင့္ ၿမိဳ႕မွာ ေပါက္ကြဲ မီးေလာင္ခဲ့တယ္လို႔ ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္က ဆိုပါတယ္။

ၿမိဳ႕ေတာ္ Kyiv ဝန္းက်င္က ၿမိဳ႕ေတြမွာလည္း တိုက္ပြဲေတြ ျပင္းထန္ေနၿပီး Kharkiv ၿမိဳ႕နဲ႔ ဝန္းက်င္မွာေတာ့ ႐ုရွား အေျမာက္တပ္ေတြနဲ႔ တင့္ကားေတြက အခ်က္ ၂၀ ေက်ာ္ ပစ္ခတ္ခဲ့တယ္လို႔ အဲဒီေဒသ အုပ္ခ်ဳပ္ေရးမွဴး Oleh Synyehubov က တနဂၤေႏြေန႔မွာ ေျပာပါတယ္။ Balakliia ၿမိဳ႕မွာေတာ့ ႐ုရွားတင့္ကားက ေဆး႐ုံကို ပစ္ခဲ့တဲ့အတြက္ လူနာေတြကို ေရႊ႕ေျပာင္းေနရတယ္လို႔ သူကဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ယူကရိန်း လောင်စာဆီချက်ရုံကို ရုရှားတိုက်ခိုက်

ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းမြို့ Odessa မြို့က လောင်စာဆီချက်စက်ရုံနဲ့ လှောင်ကန်တွေကို တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

ရုရှား စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေကနေ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Igor Konashenkov က ပြောပါတယ်။ အဲဒီက လောင်စာဆီတွေကို ယူကရိန်းစစ်တပ်က အသုံးပြုတယ်လို့ သူက ဆိုပါတယ်။

တချို့ဒုံးကျည်တွေ မြို့အပေါ် မကျရောက်မီ ယူကရိန်း လေကြောင်းရန်ကာကွယ်ရေး တပ်က ဖျက်ဆီးနိုင်ခဲ့တယ်လို့ Odessa မြို့ကောင်စီက ပြောပါတယ်။ ဒါပေမဲ့ တချို့ ကျရောက်ခဲ့တဲ့ ဒုံးကျည်တွေကြောင့် မြို့မှာ ပေါက်ကွဲ မီးလောင်ခဲ့တယ်လို့ ကောင်စီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြို့တော် Kyiv ဝန်းကျင်က မြို့တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး Kharkiv မြို့နဲ့ ဝန်းကျင်မှာတော့ ရုရှား အမြောက်တပ်တွေနဲ့ တင့်ကားတွေက အချက် ၂၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အဲဒီဒေသ အုပ်ချုပ်ရေးမှူး Oleh Synyehubov က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ Balakliia မြို့မှာတော့ ရုရှားတင့်ကားက ဆေးရုံကို ပစ်ခဲ့တဲ့အတွက် လူနာတွေကို ရွှေ့ပြောင်းနေရတယ်လို့ သူကဆိုပါတယ်။

XS
SM
MD
LG