သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတပ်တွေ ယူကရိန်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် - ယူကရိန်းသမ္မတ


ယူကရိန်းသမ္မတ Volodymyr Zelenskyy. (မတ် ၂၉၊ ၂၀၂၂)
ယူကရိန်းသမ္မတ Volodymyr Zelenskyy. (မတ် ၂၉၊ ၂၀၂၂)

(Zawgyi / Unicode)

ရုရှားတပ်တွေဟာ Kyiv မြို့တော်တဝိုက်ကနေ ဆုတ်ခွါပြီး ယူကရိန်းတောင်ပိုင်း ပင်လယ်နက်ဒေသတကျောနဲ့ အရှေ့ပိုင်းက Donbas ဒေသတွေမှာ နောက်ထပ် ထိုးစစ်အသစ်တွေ ဆင်နွှဲဖို့ လုပ်နေပါတယ်။

ရုရှားတပ်တွေ ဆုတ်ခွါသွားတဲ့ နေရာတွေက ယူကရိန်းလမ်းမတွေပေါ်မှာ တွေ့ရတဲ့ လူသေအလောင်းတွေနဲ့ ပတ်သက်ပြီး ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု Genocide ဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန် CBS ရုပ်သံ မေးမြန်းခန်းမှာ ပြောကြားခဲ့တဲ့အပြင် ယူကရိန်းဟာ ရုရှားတပ်တွေရဲ့ ဖျက်ဆီးတာ၊ မျိုးဖြုတ်တာကို ခံနေရတယ်လို့ ပြောပါတယ်။

ယူကရိန်းနိုင်ငံ Kyiv မြို့တော်နားက Bucha မြို့ကလေးမှာ ရုရှားတပ်တွေ ပြန်ဆုတ်ခွါသွားခဲ့ပြီးတဲ့နောက် လမ်းတွေပေါ်မှာ ယူကရိန်းဒေသခံ အလောင်းအများအပြားကို ကမ္ဘာက ပထမဆုံး တွေ့လာရချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ရုရှားတပ်တွေဟာ ယူကရိန်းမှာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲ ဆင်နွှဲခဲ့တယ်လို့ စွပ်စွဲပြီး ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

သေဆုံးနေသူတွေရဲ့ပုံတွေဟာ ကြည့်သူကို ရင်ဆို့သွားစေသလို မလှုပ်ရှားနိုင်လောက်အောင် ဖြစ်သွားစေကြောင်းနဲ့ အခုလို ယူကရိန်းနိုင်ငံတလွှားက ရုရှားရဲ့ စစ်ရာဇဝတ်ပြစ်မှုတွေအတွက် အမေရိကန်အစိုးရက သေသေချာချာ မှတ်တမ်းတင်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Blinken က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ မဟာမိတ်တွေဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေ နောက်ထပ်ချမှတ်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ လက်ရှိ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကြောင့် အခုဆို ရုရှားရဲ့ စီးပွားရေးဟာ ဒီနှစ်အတွက် ၁၀ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)







XS
SM
MD
LG