သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ယူကရိန်းမှာ လုပ်နေတဲ့ ထိုးစစ် ရပ်ဆိုင်းမည်မဟုတ် (ရုရှားဝန်ကြီး Lavrov)


(Zawgyi / Unicode)

ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးထိုးစစ်ဆင်မှုတွေဟာ နောက်လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတွက် ရပ်နားပေးမှာ မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ထင်သလောက် တိုးတက်မှု မြန်မြန်မရဘူးလို့ ရုရှားအရာရှိတွေက ပြောသလို ရုရှားတပ်တွေက ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ မကျူးလွန်ဘဲ ကျူးလွန်နေတယ်လို့ စွပ်စွဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လမ်းလွဲအောင်လုပ်နေတယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားအနေနဲ့ ယူကရိန်းနဲ့ ဆက်ဆွေးနွေးစရာ အကြောင်းမမြင်ကြောင်း၊ ဒါပေမဲ့ ဆွေးနွေးပွဲတွေ ပြန်လုပ်လာမယ် ဆိုရင်လည်း ရုရှားဘက်က စစ်ရေးတိုက်ခိုက်မှုကို ရပ်ဆိုင်းထားမှာ မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က ရုရှားအစိုးရ ရုပ်သံမေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နှစ်ဘက်ကြား ဖေဖေါ်ဝါရီလကုန်ပိုင်း ပထမအကြိမ် ဆွေးနွေးပွဲပြုလုပ်ချိန်က စစ်ရေးရပ်ဆိုင်းထားဖို့ သမ္မတ Vladimir Putin က အမိန့်ပေးခဲ့တာ ဖြစ်ပေမဲ့ အခုအခါမှာတော့ ရုရှားအစိုးရရဲ့ အနေထားက ပြောင်းသွားပြီ လို့လည်း Lavrov က ပြောပါတယ်။

ယူကရိန်းတပ်တွေက ရုရှားရဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံ ခုခံနေသလို အနောက်နိုင်ငံတွေကလည်း ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ပြီး ယူကရိန်းကနေ ရုရှားတပ်တွေ ပြန်ထွက်ခွါအောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

(Unicode)







XS
SM
MD
LG